Lifestyle: Self-balancing scooter ဆိုတာဘာလဲ

အဆိုပါ hoverboard ကို နာမည်ကြီး Justin Bieber၊ Jamie Foxx၊ Chris Brown၊ Kendall Jenner နှင့် Wiz Khalifa တို့လည်း စီးနင်းတာကို နှစ်သက်ပါတယ်။

play

 

“Self-balancing scooter” သို့ “self-balancing two-wheeled board” ကို တစ်နည်းအားဖြင့် “hoverboard” လို့ခေါ်ပါတယ်။ သူဟာ သယ်ယူသွားရတာ လွယ်ကူတဲ့အပြင် lithium-ion ဘက်ထရီအသုံးပြုထားကာ အားပြန်သွင်းပြီး စီးနင်းနိုင်ပါတယ်။

သူရဲ့ပုံစံကတော့ ဘီးနှစ်ဖက်နဲ့ အလယ်မှာ မတ်တပ်ရပ်လို့ရမယ့် နေရာတစ်ခုပါပါတယ်။ ထိန်းချုပ်မှုကိုတော့ စီးနင်းသူရဲ့ ခြေထောက်နဲ့ built-in gyroscopic၊ sensor pad များက လုပ်ဆောင်ပေးပါတယ်။

၎င်းတို့ဟာ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် ၂၀၁၅ အရောက်မှာတော့ အမေရိကန်နိုင်ငံမှာ ခေတ်စားလာပါတယ်။ ဒါပေမဲ့ hoverboard တွေဟာ ဘက်ထရီစားခြင်း၊ ချို့ယွင်းမှုရှိခြင်း (သို့) အပူချိန်မြင့်တက်လာကာ လောင်ကျွမ်းခြင်း အစရှိတဲ့ ကိစ္စရပ်တွေအဖြစ်များတယ်လို့ အမေရိကန်နိုင်ငံမှာ တိုင်ကြားခဲ့တဲ့ကိစ္စရပ်တွေလည်း ရှိပါတယ်။ ဒါ့အပြင် စီးနင်းခွင့်မပြုတဲ့ နေရာဒေသများနှင့် နယ်မြေများကိုလည်း ကန့်သတ်ထားပါတယ်။ အချို့ဒေသတွေမှာဆိုရင်တော့ စီးနင်းခွင့်ပြုပေမဲ့ ဦးထုပ်ဆောင်းဖို့ ထုတ်ပြန်ထားခြင်း၊ အသက် ၁၆ နှစ်အောက်များကို စီးနင်းခွင့်မပေးခြင်းတို့ဖြင့် ကန့်သတ်ထားပါတယ်။

အဆိုပါ hoverboard ကို နာမည်ကြီး Justin Bieber၊ Jamie Foxx၊ Chris Brown၊ Kendall Jenner နှင့် Wiz Khalifa တို့လည်း စီးနင်းတာကို နှစ်သက်ပါတယ်။

Kaymu ကနေ ရောင်းချပေးနေတဲ့ Auto Scooter Skate ကိုလည်း မိတ်ဆက်ပေးလိုက်ပါတယ်။

Auto Scooter Skate (Technology by RYNO USA)

play

 

Auto Scooter Skate ကြည့်ရန်

Mandalay Online Sales ကနေ ရောင်းချပေးနေတဲ့ ဒီ auto scooter skate ဟာ စီးနေစဉ်မှာ စိတ်နဲ့ ညွှတ်လိုက်တာနဲ့ လိုရာကို စီးနင်းသွားနိုင်တဲ့ 2 wheels scooter skate လေးဖြစ်ပါတယ်။ Sai Sai စီးတဲ့ စကိတ်လို့လည်း သိကြပါတယ်။ မြို့တွင်းပလက်ဖောင်းတွေပေါ်မှာ အလွယ်တကူ စီးနင်းနိုင်ပြီး ရုန်းအားလည်း ကောင်းပါတယ်။ လမ်းချောရော လမ်းကြမ်းပါ စီးနင်းနိုင်ပြီး တစ်နာရီလျှင် ၁၀ ကီလိုမီတာ အထိ မောင်းနှင်နိုင်ပါတယ်။ ခန္ဓာကိုယ် ပေါင်အလေးချိန် ၂၀၀ (၁၀၀ ကီလိုဂရမ်) အထိ စီးနင်းနိုင်ပါတယ်။ ရောင်းဈေးကတော့ ကျပ် ၂၇၉,၀၀၀ ပါ။

play

 

Kaymu ကရောင်းချပေးလျှက်ရှိတဲ့ အခြားအားကစားပစ္စည်းများကြည့်ရန်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ