AD
AD
AD
play

Photo: www.lifetimesmi.com

၁။ ဒီဓာတ်ပုံက ကောလာဟလတွေ အများကြီး ထွက်ပေါ်လာစေခဲ့တဲ့ပုံပါ။ ထိတ်လန့်ဖွယ် ရုပ်ရှင်တွေထဲက ဓာတ်ပုံတစ်ခုလိုပါပဲ။ ဓာတ်ပုံထဲမှာပါတဲ့ အမျိုးသားဟာ အိုရီဂွန်မှ အသက် ၃၄ နှစ်အရွယ်ရှိ အာမခံ အရောင်းဝန်ထမ်း တစ်ယောက်ပါ။ သူက ဆယ်ဖီ (selfie) ရိုက်ရင်း ငမန်းအကိုက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံက ဖိုတိုရှော့နဲ့ လုပ်ထားတယ်လို့ တချို့လူတွေက ပြောကြပါတယ်။ ဘယ်ဟာက အမှန်လဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။

play

Photo: www.lifetimesmi.com

၂။ သူမကတော့ ရထားခေါင်မိုးပေါ် ဆယ်ဖီ (selfie) ရိုက်နေစဉ်မှာ ဝိုင်ယာကြိုးတစ်ခုကို ထိမိတဲ့အတွက် မီးလောင်သွားခဲ့ရတဲ့ ရိုမေးနီးယားနိုင်ငံသူ ဆယ်ကျော်သက်မလေး အန်နာအာဆူ (Anna Ursu) ပါ။ သူမ ထိမိတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေက သူမခန္ဓာကိုယ်ထဲကို ဗို့အား ၂၇,၀၀၀ ရှိတဲ့ လျှပ်စစ်ဓာတ်အားကို ပို့လွှတ်လိုက်ပါတယ်။ သူမအသက်ကို ကယ်ဖို့ အစွမ်းကုန် ကြိုးစားကြပေမယ့်လည်း အသက် ၁၈ နှစ်အရွယ် မိန်းကလေးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

play

Photo: www.lifetimesmi.com

၃။ ကိုးလက်တ်မိုရန်နို (Colette Moreno) အတွက် လက်ထပ်မင်္ဂလာပွဲဟာ ပျော်ရွှင်စရာအချိန်တစ်ခု မဟုတ်ခဲ့ပါဘူး။ သူမဟာ သူမရဲ့ အပျိုညပါတီကျင်းပဖို့အသွား လမ်းမှာ ကားမှောက်သေဆုံးခဲ့လို့ပါ။ ဒီဓာတ်ပုံက ရင်နင့်ဖွယ်ဖြစ်ရပ် မတိုင်ခင် ပျော်ရွှင်နေတဲ့မိန်းကလေးတွေရဲ့ ဆယ်ဖီ (selfie) ပုံပါ။

play

Photo: www.lifetimesmi.com

၎။ သဘာဝဘေးအန္တရာယ် ကျရောက်နေတာကို ရိုက်ထားတဲ့ဓာတ်ပုံတွေက လူတွေကို အမြဲပဲ စွဲဆောင်နိုင်ပါတယ်။ ဒီလူက သူရဲကောင်း ဖြစ်ချင်ခဲ့ပုံပါပဲ။ ဒါပေမဲ့ သူ့အတွက် ဝမ်းနည်းစရာဖြစ်ရပ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

play

Photo: www.lifetimesmi.com

၅။ အမြင့်တွေက လှပတဲ့မြင်ကွင်းတွေနဲ့ လူတွေကို ဆွဲဆောင်နိုင်တဲ့အရာပါ။ စိန့်ပီတာစဘတ်က ဆယ်ကျော်သက်မလေး ဇီနီယာအီဂနက်ရီဗာ (Xenia Ignatyeva) ဟာ မီးရထားသွားတဲ့ တံတားပေါ်မှာ ဓာတ်ပုံရိုက်ခဲ့တယ်။ ကံမကောင်းစွာပဲ မီတာ ၃၀ အမြင့်ကနေ သူမ ပြုတ်ကျသွားခဲ့ပြီး လျှပ်စစ်ဓာတ်အား စီးဆင်းနေတဲ့ ဝိုင်ယာကြိုးတွေပေါ် ကျသွားခဲ့ပါတယ်။ ဗို့အား ၁,၅၀၀ ရှိတဲ့ ဝိုင်ယာကြိုးတွေနဲ့ ထိမိတဲ့နောက် ဇီနီယာဟာ ဘယ်လိုမှ အသက်မရှင်နိုင်တော့ပါဘူး။

play

Photo: www.lifetimesmi.com

၆။ ပူရာတိုရီကိုကျွန်းသား ရက်ပါအဆိုတော် ရေမွန်ဂွန်ဇာလက်ဇ် (Ramon Gonzalez) ဟာ ဆိုင်ကယ်ပေါ်ကနေ ဆယ်ဖီ (selfie) ရိုက်ရင်း သေဆုံးခဲ့သူပါ။ နယူးယောက်ခ်မြို့မှာနေတဲ့ သူ့မိသားစုဆီ  သွားလည်တဲ့လမ်းမှာ ဒီနောက်ဆုံး ဆယ်ဖီ (selfie) ပုံကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play

Photo: www.lifetimesmi.com

၇။ ဒီဓာတ်ပုံက ကို့တ်နေဆန်ဖို့ဒ် (Courtney Sanford) ရဲ့ နောက်ဆုံးခရီးစဉ်ကပုံပါ။ သူမသေဆုံးရတဲ့အကြောင်းကတော့ ကားမောင်းရင်း ထူးခြားတဲ့ ဆယ်ဖီ (selfie) ပုံရိုက်ချင်တဲ့ ဝါသနာကြောင့်ပါ။  “ပျော်စရာသီချင်းလေးကြောင့် အရမ်းပျော်တယ်” လို့ ဖေ့စ်ဘွတ်မှာ စတေးတပ်တင်ခဲ့ပြီးနောက် သူမ ကားမှောက်သွားပါတယ်။

play

Photo: www.lifetimesmi.com

၈။ ဒီမက္ကဆီကို နိုင်ငံသားလေးဟာ ၂၀၀၄ ခုနှစ်မှာ သေနတ်တစ်လက်နဲ့ ဓာတ်ပုံရိုက်ရင်း သေဆုံးခဲ့သူပါ။ ဒီနေရာမှာ နောက်ထပ် သတိပြုရမယ့် အချက်ကတော့ လက်နက်တွေနဲ့ကစားတာ အရမ်းအန္တရာယ်များတယ်ဆိုတာပါပဲ။

play

Photo: www.lifetimesmi.com

၉။ ဆယ်ကျော်သက်မလေး အစ္စဘယ်လာ ဖရန်ချွိုင်လာ (Isabella Fracchiolla) ဟာ အီတလီမှာ လေ့လာရေး ခရီးစဉ်နဲ့ လိုက်ပါခဲ့တဲ့ ကျောင်းသူလေးပါ။ အန္တရာယ်များလှတဲ့နေရာမှာ ကျောက်ဆောင်တွေပေါ်တက်ရင်း သူမက ဆယ်ဖီ (selfie) ရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပေ ၆၀ အမြင့်က ပြုတ်ကျသွားပြီးတဲ့နောက် သူမ ဘယ်လို အသက်ရှင်နိုင်တော့မှာလဲ။

ဒီဖြစ်ရပ်တွေက သတိပြုစရာလေးတွေ ပေးမယ်လို့ မျှော်လင့်ပါတယ်။ ပေါ်ပြူလာဖြစ်ဖို့က အသက်တစ်ချောင်းလုံး ပေးရလောက်အောင် မထိုက်တန်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး အန္တရာယ်နဲ့ဝေးတဲ့ ဆယ်ဖီ (selfie) တွေကိုပဲ ရိုက်ကြစေလိုပါတယ်။

Source: www.lifetimesmi.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD