Lifestyle: Selfie ဘုရင်အဖြစ်တင်စားရတဲ့ Oppo F1s ၏စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

ရှေ့ဘက်ကင်မရာ 16MP အထိပါဝင်ပြီး လက်ရှိ စမတ်ဖုန်းဈေးကွက်ရဲ့ Selfie ဘုရင်အဖြစ်တင်စားရတဲ့ Oppo F1s ဖုန်းရဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

play

 

ရှေ့ဘက်ကင်မရာ 16MP အထိပါဝင်ပြီး လက်ရှိ စမတ်ဖုန်းဈေးကွက်ရဲ့ Selfie ဘုရင်အဖြစ်တင်စားရတဲ့ Oppo F1s ဖုန်းရဲ့ စိတ်ဝင်စားဖွယ်ရာအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Selfie Expert : F1s မှာ 16MP ရှေ့ဘက်ကင်မရာနဲ့ အတူ 1/3.1-in sesor နဲ့ f/2.0 aperture ကို အသုံးပြုထားပြီး high dynamic range (HDR) နဲ့ noise လျှော့ချမှုကို ထောက်ပံ့ပေးထားတာကြောင့် အရောင်အသွေးစိုပြည်လှပတဲ့ ဓာတ်ပုံတွေကို ရိုက်ကူး ပေးနိုင်ပါတယ်။ ဒါ့အပြင် အဆင့်မြှင့်တင်ထားတဲ့ Screen Flash, selfie panorama, palm-activated shutter နဲ့ filter အမျိုးမျိုးတို့လို လက်တွေ့အသုံးတည့် လုပ်ဆောင်ချက်တွေနဲ့အတူ အသစ်လွင်ဆုံးနောက်ဆုံးပေါ် Beautify 4.0 စနစ်ကိုပါ ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူတွေရဲ့ selfie အတွေ့အကြုံကို ပိုမိုကောင်းမွန်စေမှာပါ။

အထူးကောင်းမွန်တဲ့ ဓာတ်ပုံရိုက်ကူးမှု စွမ်းဆောင်ရည် : 13MP ကျောဘက်ကင်မရာ တပ်ဆင်ပါဝင်ပြီး PDAF ထောက်ပံ့ပေးထားတဲ့ F1s ဟာ ကြည်လင်ပြတ်သားပြီး အရောင်အသွေးစိုပြည်တဲ့ ဓာတ်ပုံတွေကို ဖမ်းယူနိုင်ပါတယ်။ တီထွင်ဆန်းသစ်တဲ့ ကင်မရာစနစ်ကလည်း filter အများအပြားနဲ့ plug-in တွေကို ထောက်ပံ့ပေးထားတဲ့အတွက် အဆင့်မြှင့်ထားတဲ့ Expert mode, Ultra-HD, GIF နဲ့ double exposure အပါအဝင်သုံးစွဲသူတွေ အကောင်းဆုံးဓာတ်ပုံတွေ ရိုက်ကူးဖို့ လိုအပ်တဲ့အရာအားလုံးကို ပေးစွမ်းနိုင်ပါတယ်။

play

 

အလွန်လျင်မြန်သည့်လက်ဗွေဖတ်စနစ်နှင့် လက်ဗွေစနစ်ဖြင့်ဖုန်းခေါ်ဆိုခြင်း၊ app ဖွင့်ခြင်း : F1s ရဲ့ ရှေ့ဘက်မှာ လက်ဗွေဖတ်စနစ်ပါဝင်ပါတယ်။ အဲဒီလက်ဗွေစနစ်ဟာ ဖုန်းကို ၀.၂၂ စက္ကန့်အတွင်း unlock လုပ်ပေးနိုင်ပါတယ်။ app အမျိုးမျိုးနဲ့ ဖုန်းနံပါတ်တွေအတွက် ကွဲပြားခြားနားတဲ့ လက်ဗွေတွေနဲ့ သတ်မှတ်ထားနိုင်ပါသေးတယ်။ home ခလုတ်ကို တစ်ချက်ထိရုံနဲ့ app တစ်ခု ဖွင့်ခြင်း ဒါမှမဟုတ် လက်ဗွေနဲ့ သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်ဆီခေါ်ဆိုမှု တို့ကို လည်း လုပ်ဆောင်နိုင်ဦးမှာပါ။

လျင်မြန်သည့် စွမ်းဆောင်ရည်၊ အံ့အားသင့်ဖွယ်ရာ ဈေးနှုန်း : F1s မှာ octa-core processor, 3GB RAM, 32GB ROM နဲ့ Color OS 3.0 တို့ကို အသုံးပြုထားတာကြောင့် ချောမွေ့ပြီး လျင်မြန်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ Triple-slot card tray ပါဝင်တာကြောင့် Nano SIM card နှစ်ခုနဲ့128GB အထိ အသုံးပြုနိုင်စေမယ့် SD card တစ်ခုကို တစ်ပြိုင်နက်တည်းအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ။ အရွယ်ကြီးမားတဲ့ 3075mAh ဘက်ထရီ နဲ့ ColorOS ၏ စွမ်းဆောင်ရည်အဆင့်မြှင့်တင်မှုတွေကြောင့် F1s ကို တစ်နေကုန်အသုံးပြုနိုင်ပါတယ်။ ဒီ feature တွေကို OPPO ရဲ့ လူသိများထင်ရှားတဲ့ တည်ဆောက်ပုံ အရည်အသွေး၊ ဒီဇိုင်းတို့နဲ့ ထောက်ပံ့ပေးထားပြီး အံ့အားသင့်ဖွယ်ဈေးနှုန်းနဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ