Lifestyle: Selfie တစ်ခေတ်ဆန်းသစ်စေခဲ့တဲ့ OPPO ရဲ့ Selfie ဘုရင် “F1s”

, updated

လက်ရှိအချိန်မှာ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူစာရင်းရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ OPPO ဟာ အကောင်းဆုံးကင်မရာနည်းပညာကို ကမ္ဘာတစ်ဝန်းရှိ လူတန်းစားအလွှာအသီးသီး တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆင့်မြှင့်တင်ထားတဲ့ Selfie ဘုရင် F1s ကို သြဂုတ်လ အတွင်းက ရန်ကုန်မြို့ရှိ၊ NOVOTEL Hotel မှာ မိတ်ဆက်ပေးခဲ့ပါတယ်။

 

play

 

လက်ရှိအချိန်မှာ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူစာရင်းရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ OPPO ဟာ အကောင်းဆုံးကင်မရာနည်းပညာကို ကမ္ဘာတစ်ဝန်းရှိ လူတန်းစားအလွှာအသီးသီး တွင်တွင်ကျယ်ကျယ် အသုံးပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆင့်မြှင့်တင်ထားတဲ့ Selfie ဘုရင် F1s ကို သြဂုတ်လ အတွင်းက ရန်ကုန်မြို့ရှိ၊ NOVOTEL Hotel မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ OPPO F1s မှာ 16MP ရှိတဲ့ ရှေ့ကင်မရာ၊ Beautify 4.0 နည်းပညာ၊ အဆင့်မြှင့်ထားတဲ့ Screen Flash feature နဲ့ ဟန်ပန်အမူအရာ၊ အသံတို့နဲ့ ထိန်းချုပ်ရိုက်ကူးနိုင်တဲ့ selfie လုပ်ဆောင်ချက်တို့ပါဝင်ပါတယ်။ Selfie ဘုရင်တွေဖြစ်တဲ့ F1 နဲ့ F1 Plus တို့ကို အောင်မြင်စွာဖြန့်ဖြူးရောင်းချနိုင်ခဲ့တာကြောင့် တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ အခြားကမ္ဘာ့နေရာဒေသတွေမှာလည်း Selfie ရိုက်ကျွမ်းကျင်တဲ့ OPPO ဖုန်းအသုံးပြုသူ ၁၅ သန်းနီးပါး ရှိနေပါပြီ။

Beautify Feature ကို မိတ်ဆက်လိုက်တဲ့ ပထမဆုံးအမှတ်တံဆိပ်

play

OPPO က ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းတွေထဲမှာ F1s ဟာ selfie တစ်ခေတ်ဆန်းသစ်စေဖို့ အတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းဖြစ်ပါတယ်။ ၂၀၁၀ ကတည်းက သုံးစွဲသူတွေဟာ သူတို့ရဲ့ လှပတဲ့ဓာတ်ပုံတွေကို သူငယ်ချင်းတွေနဲ့ ဝေမျှရတာကို စွဲမက်နှစ်ခြိုက်ကြပေမဲ့ အဲဒီအတွက်ဈေးကွက်ထဲမှာ ကောင်းမွန်မျှတတဲ့ ကင်မရာတွေ မရှိသေးကြောင်း OPPO ကသတိပြုမိခဲ့ပါတယ်။

ဒါ့ကြောင့် OPPO ဟာ ၂၀၁၁ ခုနှစ်အစောပိုင်းမှာ U701 ကို မိတ်ဆက်ထုတ်လုပ်လိုက်ပါတယ်။ အဲဒီမိုဘိုင်းဖုန်းမှာ ကမ္ဘာ့ပထမဆုံး အလှအပပြုပြင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ တစ်ပါတည်းပါတဲ့ ကင်မရာ ပါဝင်ပြီး သုံးစွဲသူတွေအနေနဲ့ မျက်နှာမှာ ပုံမှန်ထက် ၀က်ခြံပိုထွက်နေတဲ့ အချိန်မျိုးမှာတောင်မှ အကောင်းဆုံးအလင်းရောင်နဲ့ ဓာတ်ပုံတွေ ရိုက်ယူနိုင်စွမ်းရှိခဲ့ပါတယ်။ U701 ရဲ့ အောင်မြင်မှုဟာ အဆင့်မြင့် Algorithms နဲ့ Intelligent Beautification အဆင့် ၇ ဆင့်ထိပါဝင်တဲ့ Beautify 4.0 ကိုဖန်တီးဖို့အတွက် OPPO ကိုတွန်းအားဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။

ရှေ့ကင်မရာ hardware ပိုင်းမှာလည်း Oppo က ဦးဆောင်လျက်ရှိ

OPPO ဟာ Beautify ဆန်းသစ်တီထွင်မှုတွေအပြင် ရှေ့ကင်မရာ hardware ပိုင်းမှာလည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ စမတ်ဖုန်းကုန်ပစ္စည်းတင်သွင်းမှုမှာ ဦးဆောင်နေသူတွေနဲ့ ပူးပေါင်းဆောင်ရွက် ကာ စမတ်ဖုန်းကိုအသုံးပြုပြီး လုပ်ဆောင်နိုင်တဲ့ အရာတွေကို ပိုမိုဆန်းသစ်အောင် လုပ်ဆောင်နိုင် ခဲ့ပါတယ်။ သာမန်အားဖြင့် ဖုန်းရှေ့ကင်မရာတွေက 1.2MP လောက်သာရှိခဲ့တဲ့အချိန်မှာ 2MP ရှေ့ကင်မရာကို ပထမဆုံး မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒီအချက်က ဖုန်းအဆင့်မြှင့်တင်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပေမဲ့လည်း OPPO အနေနဲ့ ဓာတ်ပုံတွေရိုက်ကူးရာမှာ ရှေ့ကင်မရာတွေကို နောက်ကင်မရာတွေနည်းတူ အသုံးပြုကာ ပြတ်သားထင်ရှား လှပတဲ့ ပုံရိပ်တွေ ရိုက်ယူနိုင်ဖို့ အဓိကရည်ရွယ်၍ပြုလုပ်ခဲ့တာပါ ။ ၂၀၁၅ ခုနှစ်မှာ ဒီဇိုင်းပိုင်းအထူးလှပပြီး 8MP ရှေ့ကင်မရာပါဝင်တဲ့ R7ကိုထုတ်လုပ်နိုင်ခဲ့ပြီး လူကြိုက်လည်းများခဲ့ပါတယ်။ အဲဒီနောက် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် F1 Plus ကို ၂၀၁၆ ခုနှစ်မှာထုတ်လုပ် ဖြန့်ချိခဲ့ပါ တော့တယ်။ F1 Plus ဟာ ရှေ့ကင်မရာ 16 MP ပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အခြားဦးဆောင်မှုများ

play

 

အထူးကောင်းမွန်တဲ့ selfie အတွေ့အကြုံတွေကို သုံးစွဲသူတွေထံပေးပို့နိုင်စေမယ့် လိုအပ်ချက်တစ်ခုကတော့ ဘယ် setting အခြေအနေမှာမဆို တောက်ပစိုပြေတဲ့ selfie ပုံတွေရိုက်ယူနိုင်အောင် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလင်းရောင်နည်းချိန်မှာ selfie ရိုက်ဖို့အတွက် ဖုန်းမျက်နှာပြင်ကို Flash မီးအဖြစ် သုံးနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး ဖုန်းမျက်နှာပြင် Flash လုပ်ဆောင်ချက်ထည့်သွင်းပေးထားတဲ့ OPPO R7 ကို ၂၀၁၅ ခုနှစ်မှာ မိတ်ဆက်ခဲ့ပါတယ်။ အလားတူလုပ်ဆောင်ချက်ကို နောက်ပိုင်း iPhone 6s တွင် ထည့်သွင်းလာတာကို တွေ့ရပါတယ်။ OPPO အပြည်ပြည်ဆိုင်ရာ မိုဘိုင်းဖုန်း လုပ်ငန်းရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ စီမံအုပ်ချုပ်မှုဒါရိုက်တာ Sky Li က -

"OPPO အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို ပိုပြီးနားလည်နိုင်အောင်အမြဲကြိုးစားနေပါတယ်။ Selfie ရိုက်ကူးမှုမှာ အခြားဖုန်းတွေထက် အမြဲခြေတစ်လှမ်းသာနေစေဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီနဲ့ မိုးဘိုင်းပစ္စည်း တင်သွင်းမှုမှာ ဦးဆောင်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ကြိုးစားနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ ပါတယ်။

Selfie တစ်ခေတ်ဆန်းသစ်မှုတွင် OPPO ၏ ဦးဆောင်မှုများ

• ၂၀၁၁ ခုနှစ်၊ ပထမဦးဆုံး Beautify Feature ပါဝင်သည့် U701

• ၂၀၁၂ ခုနှစ်၊ ပထမဦးဆုံး ၈၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ယူနိုင်သော Ulike 2

• ၂၀၁၃ ခုနှစ်၊ ပထမဦးဆုံးလှည့်နိုင်သောကင်မရာ N1

• ၂၀၁၄ ခုနှစ်၊ ပထမဦးဆုံး အလိုလျောက်လှည့်နိုင်သောကင်မရာ N3

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ