AD
AD
AD

"Twerk It Like Miley" သီချင်း Mtv ကို ကြည့်ပြီးတော့မှ Twerk ဆိုတာ ဘာလဲဆိုတာ သိရတာပါ။ တင်ပါးကို လှုပ်ပြီး ကရတဲ့ အကတစ်မျိုးဖြစ်ပြီး သိပ်အမြင်မတော်ဘူးလို့ ခံစားရပေမယ့် ၂၀၁၆ တုန်းက အတော်ကို ခေတ်စားခဲ့တဲ့ Sexy dance တစ်မျိုးလို့ ပြောလို့ ရပါတယ်။

 

"Hotline Bling" ထဲမှာလည်း Nigga ကောင်မလေးတွေ တန်းစီပြီး ကကြတဲ့ Scene တွေလည်းရှိပါတယ်။ ဒီလို Twerk လုပ်တာ နည်းနည်းသွေးအေးသွားပြီ၊ Oppa Gangnam Style တုန်းကလိုပဲ ခေတ်ကုန်သွားပြီလို့တော့ မထင်ပါနဲ့။ မိုင်ယာမီကမ်းခြေတစ်ဝိုက်မှာဆိုရင် Twerking ကို တစ်ဆင့်တိုးပြီး မောင်းနေတဲ့ ကားခေါင်မိုးပေါ်မှာပါ တက်ပြီး Twerk နေကြတာကို တွေ့ရပါတယ်။ အရင်လို ကြမ်းပေါ်မှာ မဟုတ်တာမို့ အန္တရာယ်များလွန်းတယ်လို့ ထင်ပါတယ်။

play

 

Twerk လုပ်တာနဲ့ ပတ်သတ်လို့ သင်မသိသေးတဲ့အကြောင်းတွေ အများကြီး ရှိပါသေးတယ်။ (၂၀၁၃) ခုနှစ်မှာ အောက်စ်ဖို့ထ် အဘိဓာန် (Oxford Dictionary) ထဲမှာ Twerk ဆိုတဲ့ စကားလုံးကို စာလုံးပေါင်းနဲ့ အဓိပ္ပါယ်ပါ အတည်ပြုထည့်သွင်းခဲ့ကြပါတယ်။ အဓိပ္ပါယ်က "လူကြိုက်များပြီး နာမည်ကြီးသော သီချင်းအလိုက်ကို ကရာတွင် ထိုင်ထလုပ်သလို ဒူးကွေးထားသော အနေအထားဖြင့် တင်ပါးကို အသုံးပြုကာ ဆွဲဆောင်မှုရှိရှိ ကခြင်း " လို့ အနီးစပ်ဆုံး ဘာသာပြန်လို့ ရပါတယ်။

play

 

မိုင်လီဆိုင်းရပ်စ် (Miley Cyrus) က စပြီး ထွင်ထားတဲ့ အကစတိုင်လ် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကမှ စပြီး ပေါ်ပေါက်လာတာ ဖြစ်ပေမယ့် တကယ်တမ်းတော့ ဂရိလူမျိုးတွေရဲ့ အကဖြစ်ပြီး ဇုနတ်မင်းကြီးထွင်ခဲ့တဲ့ ကကွက်တစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ သူတို့တွေရဲ့ အခေါ်အဝေါ်အရ ကော်ဒက်စ် (Kordaks) လို့ခေါ်ပြီး အာဖရိကန်ရိုးရာဓလေ့ မှာလည်း ဒီလိုမျိုး တစ်ပုံစံတည်းတူတဲ့ မန်ပိုကာ (Manpoka) လို့ ခေါ်တဲ့ ကကွက်တစ်မျိုး ရှိပါတယ်။

play

 

Twerk လုပ်တာက (၂) မိနစ်လောက်ထိပဲ ကနိုင်ကြပေမယ့် ဘီဘီစီ ဝမ်း ရေဒီယိုမှ ဒီဂျေနှစ်ယောက်ကတော့ တစ်နာရီကျော်ကြာတဲ့အထိ ကနိုင်ခဲ့ကြပါတယ်။ အကြာဆုံး Twerk လုပ်နိုင်တာကတော့ ဒီဂျေ နစ်ဂရင်းမ်ရှော (DJ Nick Grimshaw) က တစ်နာရီနဲ့ မိနစ်အနည်းငယ် ကနိုင်ပြီး သူ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒီဂျေ ဂရက် ဂျိန်းမ်စ် (DJ Greg James) ကတော့ တစ်နာရီနဲ့ (၈) မိနစ်ထိ ကြာအောင် အစွမ်းကုန် လှုပ်ကခဲ့ပြီး ဂင်းနစ်စံချိန်ချိုးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ တင်ပါးတွေ တော်တော်ကြီး ပင်ပန်းညောင်းချိနေမယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

play

ကျန်းမာရေးရှုထောင့်အရ ဒီ Twerk လုပ်တယ်လို့ ခေါ်တဲ့အကဟာ ခါးကို အငြိမ်ထားပြီး တင်ပါးအသားတွေချည်း လှုပ်ခါကရတာမို့ ကြာလာရင် ခါးရိုးနဲ့ ကြွက်သားများနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဝမ်းချုပ်နေသူများနဲ့ အခြားအစာမကြေဖြစ်နေသူတွေ အတွက်တော့ အကျိုးရှိစေကြပါတယ်။

Twerk It Like Miley with 50 Places (Vietnam)

 

Source: aplus

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD