AD
AD
AD
play

 

Social Media တစ်ခုဖြစ်တဲ့ Facebook ကို စတင်အသုံးပြုမယ့် ကလေးငယ်တွေအနေနဲ့ ဘေးဥပဒ် မဖြစ်စေပဲ အကျိုးရှိရှိ အသုံးချနိုင်စေဖို့အတွက်နဲ့ မိမိကိုယ်ကို လုံခြုံမှု ရှိစေဖို့အတွက်  Social Media for Teens သင်တန်းကို KMD မှ ဖွင့်လှစ်သင်ကြားပေးမယ်လို့ သိရပါတယ်။ အဆိုပါသင်တန်းမှာ  Facebook အသုံးပြုရာမှာ လိုက်နာရမယ့် အချက်တွေ ဖြစ်တဲ့ Do & Don’t တွေကို လက်တွေ့တွေ့ကျကျ သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။

Social Media for Teens သင်တန်းဟာ  သင်ခန်းစာတွေကို Social Media တွေရဲ့ Rules & Regulation , Help Tips နဲ့ FAQ တွေကို ပေါင်းစပ်ကာ ပြုလုပ်ပေးထားတာကြောင့် Social Media ကို စတင်အသုံးပြုမယ့် ကလေးတွေနဲ့ လူငယ်တွေအပြင် စိတ်ပါစားသူ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ကြောင်တွေအတွက် အဆိပ်ဖြစ်စေတဲ့ လူအစားအစာ (၁၀) မျိုး )

play

 

သင်တန်းကာလဟာ  ရက်တိုသင်တန်းအမျိုးအစားဖြစ်ပြီး အဆိုပါသင်တန်းရဲ့ သင်ခန်းစာတွေမှာ Facebook Account ပြုလုပ်ခြင်းမှ စတင်ကာ ကြိုတင်ကာကွယ်ထားမှုဆိုင်ရာ Setting များ၊ ပြင်ပမှ နှောက်ယှက်မှု ပိုင်းဆိုင်ရာ (Cyber Attack/ Virus) များကို ကြိုတင်ကာကွယ်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ Facebook မှာ အသုံးပြုလို့ရတဲ့ Features များ၊ ကိုယ်ပိုင် Facebook ရဲ့ မိမိ Profile ကိုကောင်းမွန်စွာ တည်ဆောက်ခြင်းများနဲ့ အခြားအချက်အလက်တွေပါဝင်မယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ KMD စင်တာတွေမှာ စုံစမ်းနိုင်ပါတယ်။

KMD (ပန်းဆိုးတန်းစင်တာ)

အမှတ် (၁၇၄-၁၈၂), ပန်းဆိုးတန်း အလယ်ဘလောက်, ကျောက်တံတား မြို့နယ်, ရန်ကုန်တိုင်း။ - ၀၁- ၃၈၁၁၂၉, ၃၈၁၇၇၆, ၃၈၁၀၃၅, ၃၉၁၂၈၆, ၃၉၁၂၈၇

KMD (မြေနီကုန်းစင်တာ)

အမှတ် (၃၃၁), ပြည်လမ်း, စမ်းချောင်းမြို့နယ်, ရန်ကုန်တိုင်း။ - ၀၁- ၅၂၇၄၃၆, ၅၃၄၁၇၀, ၅၀၂၂၃၃ KMD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD