AD
AD
AD
play

 

IT ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုတဲ့  မြန်မာလူငယ်တွေ အတွက် KMD Institute နဲ့ SQA(UK) တို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ Higher National Diploma သင်တန်း May  လ တန်းခွဲတွေကို စတင်အပ်နှံနိုင်ပြီလို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ထားသူတွေ၊ IGCSE အောင်မြင်ထားသူတွေနဲ့  အလားတူ အရည်အချင်း ရှိတဲ့  ကျောင်းသူကျောင်းသားတွေသာ တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ အစိုးရက အသိအမှတ်ပြုထားတဲ့ စကော့တလန် အရည်အချင်းစစ်အဖွဲ့ (Scottish Qualifications Authority) မှ တိုက်ရိုက်ချီးမြှင့်တဲ့ Higher National Diploma ကို ရရှိမှာဖြစ်ပြီး  KMD Institute မှာ ၂ နှစ်ကြာ တက်ရောက်ရမှာ ဖြစ်ပါတယ်။  နိုင်ငံတကာ တက္ကသိုလ်တွေရဲ့ စံသတ်မှတ်ချက်အတိုင်း သင်ယူရမှာဖြစ်ပြီး IT နဲ့ ပတ်သက်တဲ့ Hardware, Software နဲ့ သက်ဆိုင်တဲ့  အကြောင်းအရာတွေကို Business Knowledge နဲ့တွဲဖက်ကာ  သင်ကြားပေးသွားမှာဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း -လူငယ်တွေအတွက် စွန့်ဦးတီထွင်ခြင်းနဲ့ စီးပွားရေးဆိုင်ရာ ပညာရပ်တွေကို သင်ကြားပေးမယ့် Pen Youth Camp )

play

 

ဘာသာရပ်၂၁ ဘာသာမှာ  ကျောင်းသားတွေအဖွဲ့ လိုက် project တစ်ခုကို ပြုလုပ်ရမှာဖြစ်ပြီး Assignment တွေကို ကိုယ်တိုင် လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ သင်ကြားပေးမှာဖြစ်ပါတယ်။HND Diploma ရရှိပြီးပါက USA, UK, Australia, Singapore အစရှိတဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေသွားရောက်ပြီး နောက်ဆုံးနှစ် ဆက်လက်တက်ရောက်နိုင်တာလည်း ဖြစ်ပါတယ်။

သင်တန်းကြေးကို အရစ်ကျပေးသွင်းပြီးတက်ရောက်လိုသူတွေအတွက်လည်း KMD Institute နဲ့ CB Bank တို့ပူးပေါင်းပြီး သင်တန်းကြေးတွေကို CB Credit Card အသုံးပြုကာ Installment Payment Plan (IPP) နဲ့ အဆင်ပြေလွယ်ကူစွာ လစဉ်အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ အသေးစိတ်သိရှိလိုသူတွေအနေနဲ့ အမှတ်(၃၃၁)၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ဖုန်းနံပါတ် - ၀၁-၇၀၀၈၉၅,၀၉-၇၇၀၈၆၇၉၀၃ ကို ဆက်သွယ်နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD