Lifestyle: သီချင်းတွေကို  “Streaming” လုပ်တယ်ဆိုတာ ဘာပါလဲ

, updated

“Streaming” လုပ်မယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းတွေကို အင်တာနက်လိုင်းဆွဲအား ပုံမှန်နှုန်းလောက်နဲ့ ချိတ်ဆက်ပြီး ဒေါင်းလုတ်ဆွဲနေစရာမလိုဘဲ အခမဲ့ဖြစ်ဖြစ်၊ ဈေးသက်သက်သာသာနဲ့ပဲဖြစ်ဖြစ် ကောင်းမွန်စွာနဲ့ပဲ ရွေးချယ်နားထောင်နိုင်မှာပါ။

play

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ နေ့စဉ် လူနေမှုဘဝပုံစံတွေဟာလည်း ပြောင်းလဲလို့လာပါတယ်။ အဲဒီထဲမှာမှ အခုဆိုရင် သီချင်းတွေကို Streaming လို့ခေါ်တဲ့ လက်ကိုင်ဖုန်းတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက် အခမဲ့ (သို့) အခပေး နားထောင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတ မျှဝေပေးချင်ပါတယ်။

ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ သီချင်းတွေနားထောင်ချင်တယ်ဆိုရင် ဖုန်းနဲ့ MP3၊ WMA စတဲ့ အမျိုးအစားတွေရွေးချယ်ပြီးမှ ဒေါင်းလုတ်ဆွဲယူပြီး သီချင်းဖွင့်တဲ့ ဆော့ဖ်ဝဲတစ်ခုခုနဲ့ နားထောင်လေ့ရှိပါတယ်။

ဒါပေမဲ့ “Streaming” လုပ်မယ်ဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာ သီချင်းတွေကို အင်တာနက်လိုင်းဆွဲအား ပုံမှန်နှုန်းလောက်နဲ့ ချိတ်ဆက်ပြီး ဒေါင်းလုတ်ဆွဲနေစရာမလိုဘဲ အခမဲ့ဖြစ်ဖြစ်၊ ဈေးသက်သက်သာသာနဲ့ပဲဖြစ်ဖြစ် ကောင်းမွန်စွာနဲ့ပဲ ရွေးချယ်နားထောင်နိုင်မှာပါ။

play

အထူးသဖြင့် အဆိုတော်တစ်ယောက်ရဲ့ သီချင်းအယ်လ်ဘမ်အသစ်ထွက်ရှိပြီးတဲ့နောက် အားလုံးကို ပိုက်ဆံပေးမဝယ်နိုင်ဘူးဆိုရင် ဒီလို အွန်လိုင်းကနေ အင်တာနက်နဲ့ချိတ်ဆက်ပြီး အခမဲ့ (သို့) ဈေးနှုန်းသက်သက်သာသာနဲ့ မလွတ်တမ်းအားပေးလို့ရနေမှာပါ။

အဲဒီလိုမျိုး ဝန်ဆောင်မှုရယူဖို့အတွက်ဆိုရင် တကယ်တမ်း လိုအပ်တာကတော့ တည်ငြိမ်တဲ့ သာမန်အင်တာနက်လိုင်းတစ်ခုနဲ့ streaming လုပ်နားထောင်လို့ရတဲ့ “mjams” Application သာ လိုအပ်ပါတယ်။

"mJams"App ရယူရန် နိုပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ