Lifestyle: သီချင်းတွေကို “Streaming” နားထောင်ခြင်းရဲ့ အားသာချက်တွေက ဘာလဲ

, updated

ခုဆိုရင် အွန်လိုင်းကနေ “Streaming” လုပ်ပြီးတော့ နားထောင်နိုင်မယ့် “mjams” Application ကို မြန်မာနိုင်ငံသို့ စတင်မိတ်ဆက်လိုက်ပါပြီ။

play

တိုးတက်ဖွံ့ဖြိုးတဲ့ နည်းပညာခေတ်ကြီးမှာ မိမိနှစ်သက်တဲ့ သီချင်း၊ ဂီတများကို အခုဆိုရင် အင်တာနက်ကနေ အွန်လိုင်း “Stremaing” ပြုလုပ်ပြီးတော့ ဖုန်း၊ လက်တော့ပ်နဲ့ ကွန်ပျူတာတို့ကို အသုံးပြုပြီး ချိတ်ဆက်နားထောင်လို့ ရနေကြပါပြီ။

မှန်ပါတယ်။ အင်တာနက်နဲ့ချိတ်ဆက်ပြီး နားထောင်တဲ့အတွက် ကောင်းမွန်တဲ့ အင်တာနက်လိုင်း ရှိနေဖို့ကလည်း အရေးကြီးပါတယ်။

ခုဆိုရင် အွန်လိုင်းကနေ “Streaming” လုပ်ပြီးတော့ နားထောင်နိုင်မယ့် “mjams” Application ကို မြန်မာနိုင်ငံသို့ စတင်မိတ်ဆက်လိုက်ပါပြီ။

အွန်လိုင်းကနေ “Streaming” လုပ်ပြီး နားထောင်ရတဲ့ အားသာချက်တွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Memory Space အတွက် စိတ်မပူရတော့ခြင်း

နည်းပညာပစ္စည်းလို့ပြောလိုက်တာနဲ့ သူရဲ့ သိုလှောင်မှုပမဏကို သွားပြီးမြင်ကြပါတယ်။ ဒါ့အပြင် drive တွေ ထိခိုက်ပျက်စီးပြီးတော့ သိုလှောင်ထားတဲ့ အချက်အလက်တွေ ပျောက်သွားခြင်းတို့ကို တွေးပြီး ပူပန်နေရပြန်ပါတယ်။ အွန်လိုင်းကနေ “Streaming” လုပ်မယ်ဆိုရင်တော့ သူဟာ သင့်ရဲ့ အွန်လိုင်း အကောင့်ထဲမှာ မှတ်သားသိမ်းဆည်းထားပေးတဲ့အတွက် “Backup” လုပ်စရာမလိုတော့ဘဲ  အလွယ်တကူ နားထောင်နိုင်မှာပါ။

play

အင်တာနက်လိုင်းမိတဲ့ မည်သည့်နေရာမျိုးမှာမဆို နားထောင်နိုင်ခြင်း

“Stremaing” ပြုလုပ်ခြင်းအားဖြင့် Wi-Fi (သို့) 3G ရရှိတဲ့နေရာမျိုးမှာ ချိတ်ဆက် နားထောင်လို့ရပါပြီ။ ဒါ့အပြင် သင့်အနေနဲ့လည်း ပုံမှန်နားထောင်နေကျအတိုင်း၊ ဒါမှမဟုတ် Bluetooth speakers တွေ့နဲ့ပါ ချိတ်ဆက်နားထောင်လို့ရမှာပါ။

မိမိနားထောင်လိုတဲ့ “Playlists” တွေကို အဆိုတော်နဲ့ သီချင်းအမျိုးအစားတွေအလိုက်လည်း စုဆောင်းထားလို့လည်း ရပါတယ်။

လူမှုကွန်ရက်တွေနဲ့ ချိတ်ဆက်နိုင်ခြင်း

သီချင်းတွေကို “Streaming” ပြုလုပ်ခြင်းအားဖြင့် အခြား သူငယ်ချင်း၊ မိတ်ဆွေဆီကိုလည်း ကိုယ်နားထောင်နေတဲ့ သီချင်းကို နားထောင်ကြည့်ကြဖို့ကိုလည်း လှမ်းအကြံပြုမျှဝေလို့လည်း ရပါတယ်။ ဒါ့အပြင် တခြားသူတွေနားထောင်နေတဲ့ သီချင်းတွေနဲ့ အကြံပြုချက်တွေကိုလည်း ပြန်ပြီး ကြည့်ရှုနားထောင်လို့လည်း ရပါတယ်။

ဈေးနှုန်း သက်သာခြင်း

အွန်လိုင်းကနေ “Stremaing” ပြုလုပ်ပြီး နားထောင်တာဟာဆိုရင် သီချင်းအယ်လ်ဘမ်တွေကို မဝယ်နိုင်တာပဲဖြစ်ဖြစ်၊ သီချင်းအယ်လ်ဘမ်ထဲမှာပါဝင်တဲ့ သီချင်းတွေကို အစမ်းနားထောင်ကြည့် ချင်တာပဲဖြစ်ဖြစ် ဈေးနှုန်းသက်သက်သာသာနဲ့ လစဉ်အလိုက်၊ သီချင်းအပုဒ်အရေလိုက် စိတ်ကြိုက် ဝယ်ယူ နားထောင်နိုင်မှာပါ။

ခေတ်မီဖွံ့ဖြိုးတဲ့ နည်းပညာခေတ်ကြီးမှာ “mjams” Application နဲ့ မိမိကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ရယူနားထောင်ကြပါစို့။

"mJams"App ရယူရန် နိုပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ