Lifestyle: Sweet December မှာ ဘာလုပ်ကြမလဲ

ဒီဇင်ဘာလရဲ့ ပထမဦးဆုံး နေ့ရက်လေးကို ခရစ်ယာန်ဘာသာဝင်တွေက ဝမ်းမြောက်စွာ ကြိုဆိုလေ့ရှိကြပါတယ်။

play

 

ဒီဇင်ဘာ တစ်ရက်နေ့ကို "Sweet December" လို့ ခေါ်ပါတယ်။ ချိုမြိန်တဲ့ ဒီဇင်ဘာပေါ့။ ယေရှုခရစ်တော် မွေးဖွားတဲ့လမို့ ခရစ်ယာန်ဘာသာဝင်တွေ အမြတ်တနိုးထားကြတဲ့ လတစ်လလည်း ဖြစ်ပါတယ်။

play

 

အနောက်နိုင်ငံအတော်များများမှာ လက်ခံကျင့်သုံးကြတဲ့ ချစ်စဖွယ်အလေ့အထလေးတစ်ခု ရှိပါတယ်။ ဒီဇင်ဘာလ တစ်ရက်နေ့ရဲ့  နံနက်ခင်းမှာ မိမိအိမ်ရဲ့  အနီးပတ်ဝန်းကျင်က ပန်းကလေးတွေကို ခူးပြီးတော့ ဒါမှမဟုတ် ၀ယ်ပြီးတော့ မိမိအိမ် (သို့မဟုတ်) အလုပ်စားပွဲ/ စာကြည့်စားပွဲမှာ ပန်းအိုးလေးနဲ့ထိုးထားလိုက်ပါ။ သုံးရက်မြောက်နေ့မှာတော့ အဲ့ဒီပန်းအိုးထဲက မညှိုးပဲကျန်နေတဲ့ ပန်းလေးတစ်ပွင့်ကို မိမိရဲ့  ပိုက်ဆံအိတ်/ကွန်ပါဘူး/ စာအုပ် တို့မှာ ညှပ်ထားမယ်ဆိုရင် ချိုမြိန်တဲ့ကံကြမ္မာတွေ သင့်ထံရောက်ရှိလာပါလိမ့်မယ်တဲ့။ ကံကောင်းခြင်းတွေ၊ သာယာပျော်ရွှင်မှုတွေ၊ လာဘ်လာဘပွင့်လန်းမှုတွေနဲ့ အချစ်ရေးရာကံကောင်းခြင်းတွေ ရောက်ရှိလာတတ်ပါတယ်။

ပြီးတော့ မိမိချစ်ခင်ရသူတွေကိုလည်း လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြရင်း ကံကောင်းမှုတွေ ဖလှယ်ယူလို့ ရနိုင်ပါသတဲ့.......။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ