Lifestyle: The BMW 2 Series Gran Tourer

The BMW 2 Series Gran Tourer ရဲ့အချိုးအစားဟာ မြင်လိုက်တာနဲ့ နေရာစုံသုံးနိုင်မယ့်ကားဆိုတာ ပေါ်လွင်နေ ပါတယ်။

 

play

 

The BMW 2 Series Gran Tourer ရဲ့အချိုးအစားဟာ မြင်လိုက်တာနဲ့ နေရာစုံသုံးနိုင်မယ့်ကားဆိုတာ ပေါ်လွင်နေ ပါတယ်။

ကျယ်ဝန်းတဲ့ကားအတွင်းပိုင်းအပြင်အဆင်နဲ့အတူ သားနားလှပတဲ့သားရေခုံတွေနဲ့အခြားအစိတ်အပိုင်းတွေကြောင့်လည်း ကားအတွင်းပိုင်းပုံစံကို ခမ်းနားစေပါတယ်။

ယာဉ်မောင်းနဲ့ ရှေ့ ခုံမှာထိုင်တဲ့စီးနင်းသူတွေအတွက် သက်သောင့်သက်သာ ရှိစေပြီးရှေ့မြင်ကွင်းနဲ့ ပြတင်းပေါက်တွေရဲ့ ပုံစံအရ ကားမောင်နေစဉ်အရပ်မျက်နှာအဖက်ဖက်ကို ကောင်းကောင်း မြင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်ယာဉ်မောင်းရဲ့ မြင်ကွင်းအရှေ့ မှာ ကားရဲ့အချက်အလက်တွေကိုဖော်ပြပေးမယ့် BMW ရဲ့  Head-Up Display ကလည်းယာဉ်မောင်းအတွက်မြင်ကွင်းကောင်းဖို့ ၊ ရှင်းဖို့ အတွက်ကူညီ ပေးပါတယ်။

ညဖက်မှာ အလင်းရောင် ကောင်းကောင်းရဖို့အတွက် ကားအတွင်းပိုင်းမီးစနစ်ကိုလည်း ဂရုတစိုက်တပ်ဆင်ပေးထားပါတယ်။ ကားရဲ့ အနောက်ခန်းမှာ ထိုင်ခုံတန်း ၂ တန်း ပါဝင်ပြီး လူ ၇ ယောက်စီးနင်းနိုင်မှာဖြစ်တဲ့အတွက် မိသားစုတွေအတွက် အထူးသင့်လျော်တဲ့ကားတစ်စီးဖြစ်ပါတယ်။

ပစ္စည်းများများဝင်ဆံ့တဲ့ကားနောက်ခန်းကလည်း ကားပိုင်ရှင်တွေအကြိုက်ဖြစ်မှာဖြစ်ပြီး ပစ္စည်းများများ တင်ဆောင် ဖို့လိုအပ်တဲ့အခါမျိုးမှာကားနောက်ထိုင်ခုံတန်းတွေကို လိုသလိုခေါက်သိမ်းပြီး အဆင်ပြေပြေ တင်ဆောင်သွား နိုင်မှာပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး