AD
AD
AD
play

 

ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တိုးတက်လာဖို့ စဉ်းစားတဲ့အခါ လုပ်ငန်းရှင်အများစုဟာ အချက်အလက်အတော်များများ ကို ထည့်သွင်းစဉ်းစားလေ့ရှိပေမယ့် ဝန်ထမ်းတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံမျိုးရှိဖို့ကိုတော့ ထည့်မတွက်ပဲ ထားမိတတ်ကြပါတယ်။

တကယ်တော့လူအတော်များများဟာ တစ်နေ့တာရဲ့အချိန်အများစုကို လုပ်ငန်းခွင်ထဲမှာပဲ ကုန်ဆုံးရတာဖြစ်ပြီး လုပ်ငန်းခွင်အတွင်းနေထိုင်မှုပုံစံ၊ အလုပ်ဖိအားတွေကြောင့် ကျန်းမာရေးထိခိုက်ပြီး စွမ်းဆောင်ရည်အပြည့်မလုပ်ကိုင်နိုင် တာမျိုးတွေ ရှိနေပါတယ်။ အထူးသဖြင့် ရုံးထိုင်ပြီးလုပ်ရတဲ့ ဝန်ထမ်းတွေနဲ့ Senior Level ဝန်ထမ်းတွေဆိုရင် အလုပ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ချေပိုများပါတယ်။

ဒါပေမဲ့လုပ်ငန်းရှင်အများစုဟာ ဝန်ထမ်းတွေမှာ ကျန်းမာရေးချို့ယွင်းလာတဲ့အခါကျတော့မှ ခွင့်ပေးတာ၊ ဆေးဝါးကုသပေးတာ၊ ထောက်ပံ့ကြေးပေးတာမျိုးတွေလုပ်တတ်ကြပြီး ကိုယ့်ရဲ့ဝန်ထမ်းတွေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံမျိုးရှိဖို့အတွက် ပံ့ပိုးကူညီပေးတာမျိုး လုပ်ပေးဖို့လိုအပ်တယ်ဆိုတာကိုတော့ သတိပြုမိလေ့မရှိပါဘူး။

play

 

ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကျန်းမာရေးနဲ့အညီနေထိုင်တတ်ဖို့ဆိုတာ ဝန်ထမ်းတွေက သူတို့ဘာသာသူတို့ ဂရုစိုက်ရမယ့် ကိစ္စဖြစ်ပြီး ကိုယ်ဘာမှမတတ်နိုင်တဲ့ကိစ္စလို့ လုပ်ငန်းရှင်အများစုက ယူဆထားတတ်ကြလို့ပါ။ တကယ်တော့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေ ကျန်းမာရေးချို့ယွင်းလို့ လုပ်ငန်းစွမ်းဆောင်ရည်မကျရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ပေးလို့ရတာတွေ ရှိပါတယ်။

လုပ်ငန်းခွင်ကို ကျန်းမာရေးနဲ့အညီ သန့်ရှင်းသပ်ရပ်ပြီး လေဝင်၊လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် ဖန်တီးပေးထားခြင်း၊ တစ်နေ့တာလုပ်ငန်းတွေမစတင်မီ ဝန်ထမ်းအားလုံး စုရုံးပြီးအပေါ့စားလေ့ကျင့်ခန်းတွေ လုပ်ဆောင်စေခြင်း နဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက် နားလည်တက်ကျွမ်းတဲ့ Trainer တွေနဲ့ပုံမှန် လေ့ကျင့်စေခြင်း စတာတွေကို လုပ်ဆောင်ပေးလို့ရပါတယ်။

လက်ရှိအချိန်မှာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ Gym တွေ၊ Fitness Center တွေရှိနေပြီဖြစ်ပြီး ဝန်ထမ်းတွေ အတွက် ကျန်းမာရေးနဲ့ညီညွတ်ပြီးစွမ်းဆောင်ရည်မြင့်မားလာစေဖို့ လေ့ကျင့်ပေးတဲ့အစီအစဉ်တွေလည်း ရှိနေပါပြီ။

play

 

ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Fitness Center တစ်ခုဖြစ်တဲ့ Training Ground The Fitness Club မှာဆိုရင် စီးပွားရေးလုပ်ငန်းတွေအတွက် သီးသန့် Corporate Training Program တွေရှိတာကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေ အမြဲ Fit ဖြစ်ပြီး စွမ်းဆောင်ရည်ပြည့်ဝနေစေဖို့ ကျွမ်းကျင်တဲ့ Trainer တွေနဲ့ လေ့ကျင့်ပေးနိုင်မှာပါ။

Training Ground The Premier Fitness Club မှာဆိုရင် ကမ္ဘာ့ထိပ်တန်း Hammer Strenght နဲ့ Life Fitness စက်တွေကိုအသုံးပြုကာ နိုင်ငံတကာအဆင့်ကျွမ်းကျင် Trainer တွေနဲ့လေ့ကျင့်သင်ကြားပေးလျက်ရှိတဲ့အပြင် Locker ခန်းတွေ၊ ကြမ်းခင်တွေကနေ အသံစနစ်အထိ နိုင်ငံတကာအဆင့်မီအောင် ဖန်တီးတည်ဆောက်ထားကာ စတုရန်းပေ ၈၀၀၀ ကျော်အကျယ်အဝန်းရှိ Fitness Center ကြီးပဲ ဖြစ်ပါတယ်။

Training Ground ရဲ့ Corporate Training Program နဲ့ပတ်သက်လို့ ပိုမိုသိရှိလိုတယ်ဆိုရင် သူတို့ရဲ့ တရားဝင် Facebook Page => https://www.facebook.com/tgroundmm/  ရဲ့ Message Box ကနေဖြစ်စေ၊ ဖုန်းနံပါတ် - 09458887575 ကိုဆက်သွယ်ပြီးဖြစ်စေ၊ marketing@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်။ လူကိုယ်တိုင်သွားရောက်လေ့လာစုံစမ်းချင်တဲ့သူတွေကတော့ Training Ground တည်ရှိရာ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ကိုသွားရောက်လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD