AD
AD
AD

play

 

DJ သံစဉ်ဆိုတာ ပျော်ဖို့၊ က ဖို့အတွက်သက်သက်တင်မဟုတ်ဘဲ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးအတွက် Work Out လုပ်ဖို့ စိတ်ဓါတ်တက်ကြွလာအောင်လည်း လှုံ့ဆော်ပေးနိုင်ကြောင်း မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်တဲ့ Training Ground The Premier Fitness Club ကထုတ်ဖော်ပြသလိုက်ပါတယ်။

Training Ground ရဲ့ Live DJ Work Out အစီအစဉ်ဟာဆိုရင် မြူးကြွတဲ့ DJ သံစဉ်တွေနဲ့အတူ Work Out လုပ်ရင်း စိတ်ရော၊လူပါ လန်းဆန်းသွားစေတဲ့အစီအစဉ်ဖြစ်လို့ ပါဝင်ဖူးတဲ့သူတိုင်း နှစ်သက်သဘောကျလျက်ရှိတဲ့အစီအစဉ်တစ်ခု ပါပဲ။ လတစ်လရဲ့ ပထမဆုံး တနင်္လာနေ့တွေမှာကျင်းပလေ့ရှိတဲ့ Training Ground ရဲ့ Live DJ Work Out အစီအစဉ်ကို ကျင်းပလာတာ ၅ ကြိမ်တောင်ရှိသွားပြီဖြစ်ပြီး တစ်ကြိမ်ထက်တစ်ကြိမ်ပါဝင်တဲ့သူတွေလည်း ပိုများလာလျက်ရှိတယ်လို့ သိရပါတယ်။

play

 

Training Ground The Premier Fitness Club ဟာ Live DJ Work Out အစီအစဉ်ကို တစ်ကြိမ်ထက်တစ်ကြိမ်ဆန်းသစ် အောင် ပြုလုပ်ပေးလျက်ရှိရာမှာ ဇူလိုင်လအတွင်းကျင်းပခဲ့တဲ့ ၅ ကြိမ်မြောက် Live DJ Work Out ကိုဆိုရင် Neon Night ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်သွားခဲ့တာကို တွေ့ရပါတယ်။ နာမည်ကျော် DJ တစ်ဦးဖြစ်တဲ့ DJ Mr.Y ရဲ့တင်ဆက်မှုနဲ့ Training Ground ရဲ့အဆင့်မြင့် EV Professional အသံစနစ် ကထွက်ပေါ်လာတဲ့ မြူးကြွတဲ့သံစဉ်တွေက Work Out လုပ်သူတွေကိုစိတ်ပျော်ရွှင်လန်းဆန်းစေတာကြောင့် Live DJ Work Out အစီအစဉ်တွေကိုနှစ်သက်သူတွေတစ်ကြိမ်ထက် တစ်ကြိမ်ပိုများလာနေတာပါ။

play

 

အချိန် ၁ နာရီကြာမြင့်တဲ့ Live DJ Work Out အစီအစဉ်အတွင်းမှာ မြူးကြွတဲ့သံစဉ်တွေနဲ့အတူ နိုင်ငံတကာအဆင့် Trainer တွေကပြသပေးတဲ့အတိုင်း Work Out လိုက်လုပ်ရင်း ချွေးတွေထွက်ကာ အဆီပိုတွေလောင်ကျွမ်းသွားတယ်လို့ သိသိသာသာခံစားရကြောင်း အဲဒီအစီအစဉ်မှာ ပါဝင်ကစားဖူးသူတွေက ဆိုပါတယ်။

 

 

Live DJ Work Out အစီအစဉ်ကို Training Ground မှာ Member ဝင်ထားတဲ့သူဆိုရင် အခမဲ့ပါဝင်နိုင်ပြီး Member မဟုတ်တဲ့သူတွေအတွက်လည်း တစ်ကြိမ်ကို 10 USD နဲ့ပါဝင်နိုင်အောင် စီစဉ်ပေးထားတာကြောင့် စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို ပျော်ပျော်ပါးပါးပါဝင်နိုင်တဲ့ Work Out အစီအစဉ်တစ်ခုပါပဲ။

play

 

Training Ground ရဲ့ Live DJ Work Out နဲ့အခြားစိတ်ဝင်စားစရာ ထူးခြားတဲ့ activities တွေနဲ့ အစီအစဉ်တွေကို လေ့လာချင်တယ်ဆိုရင် Training Ground The Premier Fitness Club ရဲ့ Official Facebook Page ဖြစ်တဲ့ https://www.facebook.com/tgroundmm/ ကို Like လုပ်ထားပြီးတော့လေ့လာနိုင်သလို ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ info@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေဆက်သွယ်စုံစမ်းလို့လည်းရပါတယ်။

ဒါမှမဟုတ် Training Ground ရဲ့ ကမ္ဘာ့အဆင့်မီ Facility တွေ၊ ကမ္ဘာ့ထိပ်တန်း Hammer Strength နဲ့ Life Fitness အမှတ်တံဆိပ် လေ့ကျင့်ရေးစက်ပစ္စည်းတွေကို လူကိုယ်တိုင်သွားရောက်လေ့လာကြည့်ရှုချင်တယ်ဆိုရင်တော့လိပ်စာက - Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD