AD
AD
AD

play

 

နှစ်ယောက်တစ်ဘဝထူထောင်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူနှစ်ဦးအတွက် စီစဉ်စရာတွေ၊ ပြင်ဆင်စရာတွေက တကယ့်ကို အများကြီးပါပဲ။ ဒီလိုကြိုတင်ပြင်ဆင်စီစဉ်ရမှာတွေထဲမှာ မင်္ဂလာပွဲနေ့ရောက်တဲ့အခါ ဇနီးမောင်နှံနှစ်ဦးစလုံး ခန္ဓာကိုယ် အချိုးအစားကျနပြီး လှပနေဖို့ဟာလည်း အရေးကြီးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။

ဒါကြောင့် ဘဝအတွက်အရေးကြီးဆုံးမင်္ဂလာပွဲနေ့မှာ ဇနီးမောင်နှံနှစ်ဦးစလုံး ခန္ဓာကိုယ်အချိုးကျလှပနေစေဖို့ ရန်ကုန်မြို့ရဲ့ ရှားရှားပါးပါး ကမ္ဘာ့အဆင့်မီ Gym တွေထဲကတစ်ခုဖြစ်တဲ့ Training Ground Premier Fitness Club ရဲ့ Wedding Preparation Program နဲ့မိတ်ဆက်ပေးချင်ပါတယ်။

Training Ground ရဲ့ Wedding Preparation Program ဟာဆိုရင် လက်ထပ်ဖို့စီစဉ်ထားတဲ့ ချစ်သူစုံတွဲတွေအနေနဲ့ မင်္ဂလာပွဲနေ့မှာ မူလထက်ပိုမိုအချိုးကျလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ဖို့နဲ့ မင်္ဂလာပွဲအတွက်စီစဉ်နေတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ် ဝ လာတာ၊ ပိန်သွားတာမျိုးတွေမဖြစ်ဘဲ အချိုးကျနေစေဖို့အတွက် နိုင်ငံတကာအဆင့်ကျွမ်းကျင်တဲ့ Trainer တွေကစီစဉ်လေ့ကျင့်ပေးမယ့် Program ပဲဖြစ်ပါတယ်။

Wedding Preparation Program ကိုဝင်ရောက်တဲ့ချစ်သူစုံတွဲတွေအနေနဲ့ ခန္ဓာကိုယ်အချိုးအစား ပိုမိုအချိုးကျလှပ လာမယ့် အကျိုးကျေးဇူးအပြင် ကိုယ်ခံအားစနစ်ပိုမိုအားကောင်းလာခြင်း၊ စိတ်ဖိစီးမှုလျော့ကျခြင်း၊ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းမြင့်မားလာခြင်း၊ အသားအရေပိုမိုလှပလာခြင်း၊ ခန္ဓာကိုယ်ပျော့ပြောင်းပြီး လှုပ်ရှားရတာအဆင်ပြေခြင်းကြောင့် အဆစ်လွဲတာ၊ အကြောတင်တာတို့ဖြစ်နိုင်ချေလျော့နည်းသွားခြင်း၊ သွေးလည်ပတ်မှုကောင်းခြင်း၊ သတိကောင်းခြင်း၊ နိုးကြားဖျတ်လတ်ခြင်း စတဲ့အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

play

 

၁၂ ပတ်ကြာမြင့်မယ့် ဒီအစီအစဉ်ကိုဝင်ရောက်တဲ့ သူတွေအနေနဲ့ စတုရန်းပေ ၈၀၀၀ ကျော်ကျယ်ဝန်းတဲ့ Training Ground Premier Fitness Club ရဲ့ နိုင်ငံတကာအဆင့်မီ Facility တွေဖြစ်တဲ့ သားနားကျယ်ဝန်းပြီးနည်းပညာမြင့် လုံခြုံရေးစနစ်တပ်ဆင်ထားတဲ့ Locker ခန်း၊ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်တွေဖြစ်တဲ့ Hammer Strength နဲ့ Life Fitness စက်တွေနဲ့လေ့ကျင့်ခွင့်၊ EV Professional အသံစနစ်နဲ့ မြူးကြွတဲ့ဂီတသံစဉ်တွေ၊ ကားအစီး ၂၀၀ ကျော်အထိ အခမဲ့ရပ်နားနိုင်တဲ့ မြေအောက်ကားပါကင် စတာတွေကိုအခမဲ့သုံးစွဲခွင့်ရမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဆင့်အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ ကျွမ်းကျင် Trainer တွေက တစ်ပတ်ကို ၃ကြိမ် - ၄ ကြိမ် သင်ပြလေ့ကျင့်ပေးသွားဦးမှာဖြစ်ပြီး အစားအသောက်နဲ့အာဟာရဆိုင်ရာ အကြံပေးလမ်းညွှန်ချက်တွေကိုလည်း ရရှိဦးမှာ ပါ။ မကြာခင် ရွှေလက်တွဲပြီးမင်္ဂလာပွဲဆင်နွှဲဖို့ ပြင်ဆင်နေတဲ့ ချစ်သူစုံတွဲတွေအနေနဲ့ အခုဆိုရင် Wedding Preparation Program အတွက် Training Ground မှာစာရင်းပေးသွင်းလို့ရနေပြီဖြစ်ပြီး အထူး Discount တွေလည်းပေးနေတယ်လို့ သိရပါတယ်။

play

 

Training Ground Premier Fitness Club ရဲ့ Wedding Preparation Program နဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိ လိုတယ်ဆိုရင် ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ info@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်သလို Training Ground တည်ရှိရာ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ကိုလူကိုယ်တိုင်သွားရောက်ပြီးလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။

Training Ground အကြောင်းပိုမိုသိရှိနိုင်ဖို့ လေ့လာနိုင်မယ့် တရားဝင် Facebook စာမျက်နှာကတော့ - https://web.facebook.com/tgroundmm/ ပဲဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD