သဘာဝရဲ့အလှအပကိုခံစားတတ်ခြင်းဆိုတာ စိတ်နဲ့ခန္ဓာကိုယ်ကို ငြိမ်းချမ်းမှု၊ သက်တောင့်သက်သာ ရှိမှု တွေကို ပေးစွမ်းနိုင်တဲ့ အရာတွေပါပဲ။

သဘာဝရဲ့အလှအပဆိုတာ လူလုပ်အလှအပတွေ၊ မြို့ပြလူနေမှုစနစ်တွေထက် အများကြီး ပိုမိုလှပပါတယ်။ နောက်ပြီး သဘာဝရဲ့အလှအပကိုခံစားတတ်ခြင်းဆိုတာ စိတ်နဲ့ခန္ဓာကိုယ်ကို ငြိမ်းချမ်းမှု၊ သက်တောင့်သက်သာ ရှိမှု တွေကို ပေးစွမ်းနိုင်တဲ့ အရာတွေပါပဲ။

 

ယခုဖော်ပြထားတဲ့သစ်လုံးအိမ်လေးတွေကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ သဘာဝအလှအပကိုအပြည့်အဝဖော်ဆောင်နိုင်တဲ့ သစ်လုံးအိမ်လေးတွေပဲဖြစ်ပါတယ်။

၁။ ဝါရှင်တန်ပြည်နယ်၊ အစ်စာကွာမြို့က Treehouse Point သစ်လုံးအိမ်

treehouse-point-banner.jpg 

Seattle အထွက်နားလေးမှာပဲ... မြို့ပြလူနေမှုစနစ်နဲ့  လုံးဝကင်းကွာတဲ့ သစ်လုံးအိမ်လေးတွေကို Tree House Point ဟိုတယ်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အခန်း (၆) ခန်းနဲ့ဖွဲ့စည်းထားတဲ့ ဆိတ်ငြိမ်တဲ့ ဒီ သစ်လုံးအိမ်လေးတွေဟာ မြို့ပြရဲ့ရှုပ်ထွေးဆူညံမှုတွေ၊ စိတ်ရှုပ်စရာလူမှုဘဝတွေက ဝေးရာကခေါ်ဆောင်သွားနိုုင်ပြီး ရိုးရှင်းတဲ့ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အခန်းတိုင်းမှာ အနွေးဓာတ်နဲ့ လျှပ်စစ်မီးရရှိပြီး နွေးထွေးပြီးသက်တောင့်သက်တာရှိတဲ့ အိပ်ယာလေးကလည်း အသင့်စောင့်ကြိုနေမှာပါ။ ဒါပေမယ့် တစ်ခုရှိတာကတော့ အခန်းတိုင်းမှာတော့ သန့်စင်ခန်းမပါဝင်ပါဘူး။ သန့်စင်ခန်းအသုံးပြု ချင်ရင်တော့ ဘုံရေချိုးခန်းဆီကို လမ်းလျှောက်သွားရပါလိမ့်မယ်။ ဒီနေရာမှာအေးအေးလူလူ အပန်းဖြေချင်ရင်တော့ တစ်လလောက် ကြိုဘိုကင်တင်ထားလို့ လိုအပ်ပါလိမ့်မယ်။

၂။ ကယ်လီဖိုးနီးယားပြည်နယ် Big Sur နယ်မြေက Post Ranch တည်းခိုခန်း

Fitness-On-Toast-Faya-Blog-Girl-Healthy-Workout-Training-Travel-Luxury-Hotel-Active-Escape-Series-Blog-Review-Post-Ranch-Inn-Big-Sur-California-Coast-USA-America-30.jpg 

Big Sur ဟာ ကယ်လိုဖိုးနီးယားပြည်နယ် အလည်ပိုင်းက ထူးခြားအံ့သြဖွယ်ကောင်းလောက်အောင် လှပတဲ့နေရာတစ်နေရာပါပဲ။ နက်ရှိုင်းတဲ့တောအုပ်ကြီးတွေ၊ ကျယ်ပြောတဲ့ပင်လယ်ပြင်ကြီးတွေ စုံလင်တဲ့ အရပ်ဖြစ်ပါတယ်။ အဲဒီလိုဒေသမှာတည်ရှိတဲ့ Post Ranch တည်းခိုခန်းကတော့ အဲဒီလိုသဘာဝအလှတရားတွေကို စုံစုံလင်လင်ဖြည့်ဆည်းပေးနိုင်မှာပါ။

တည်ငြိမ်အေးဆေးပုံပေါ်တဲ့ သစ်လုံးအိမ်တွေဟာ သစ်တောကြမ်းပြင်ရဲ့ (၉) ပေခန့်အကွာမှာ ခြေတိုင်ရှည်အိမ်လေးတွေသဖွယ် ဆောက်လုပ်ထားပါတယ်။ ညအချိန်မှာလင်းလက်တောက်ပတွေတဲ့ ကြယ်တွေကိုလည်း အိပ်ယာပေါ်မှာ လဲလျောင်းရင်း ကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ သစ်လုံးအိမ်မှာတည်းရင်း ရရှိခံစားရမယ့် သဘာဝအလှအပတွေအပြင် ဒေသစာတွေစုံလင်တဲ့ ဘူဖေးမနက်စာ၊ နေ့စဉ်ယောဂအစီအစဉ်၊ ကြည်လင်လှပတဲ့ ရေကူးကန်တွေနဲ့ စိတ်ကော၊ လူပါအပန်းပြေစေနိုင်ပါတယ်။

၃။ မန်ဆာချူးဆက်ပြည်နယ်က Wheatleigh ဟိုတယ်

Aviary-Downstairs1.jpg 

သဘာဝအလှတရားတွေကိုလည်း ခံစားချင်တယ်။ ဒါပေမယ့် ဇိမ်ကျကျလည်းနေချင်တယ်ဆိုရင်တော့ မန်ဆာချူးဆက်ပြည်နယ်က Wheatleigh ဟိုတယ်ရဲ့ The Aviary အခန်းကို ငှားရမ်းကြည့်ဖို့ အကြံပြု ပါရစေ။ ဒီအခန်းလေးကတော့ သီးခြား လှေကားထစ်လေးတွေနဲ့ နှစ်ထပ်သစ်လုံးအိမ်လေးတစ်လုံး ဖြစ်ပါတယ်။

အောက်ထပ်မှာတော့ တန်ဖိုးကြီးပြတင်းပေါက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဖန်သားနဲ့ပြုလုပ်ထားတဲ့ ကြောင်လိမ်လှေကားထစ်ကိုတက်လိုက်ရင် သစ်ပင်တွေရဲ့အထက်မှာ သက်တောင့်သက်သာ ဇိမ်ရှိရှိမှေးစက်နိုင်မယ့် ဒုတိယထပ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒုတိယထပ်မှာတော့ ရှေးဟောင်းစတိုင်လ် ရေချိုးကန်တစ်လုံးကိုတပ်ဆင်ထားတဲ့ ချစ်စဖွယ် သန့်စင်ခန်းတစ်ခန်းလည်း ပါရှိမှာဖြစ်ပါတယ်။ ပြီးရင်တော့ Wheatleigh ဟိုတယ်ရဲ့ ၂၂ ဧကအကျယ်အဝန်းရှိတဲ့ ရှုခင်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရေကန်တွေ၊ အံ့အားသင့်ဖွယ် ဝိုင်ဖောက်မြေတိုက်ခန်းတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ မမေ့နဲ့ဦးနော်။

၄။ ကွန်နက်တီကက်ပြည်နယ်၊ လစ်ချ်ဖီးလ်တောင်တန်းတွေဆီက Winvian Farm သစ်လုံးအိမ်

slider-interior-treehouse.jpg 

ကွန်နက်တီကက်ပြည်နယ်၊ လစ်ချ်ဖီးလ်တောင်တန်းတွေဆီက Winvian Farm သစ်လုံးအိမ်ဟာ ရှေးခေတ်ယာတောအိမ်တွေဆီ ပြန်ရောက်သွားသလိုခံစားမှုမျိုးကို ပေးစွမ်းနိုင်မှာပါ။ ၁၁၃ ဧက အကျယ်အဝန်းရှိတဲ့ မြေနေရာနဲ့အတူ တစ်ထပ်တိုက်ပုံစံ သစ်လုံးအိမ် (၁၈) လုံးဆောက်လုပ်ထားပါတယ်။ သစ်လုံးအိမ်ရဲ့တံခါးမကြီးဆီကိုရောက်ရှိဖို့ (၃၅) ပေအမြင့်ရှိတဲ့ ရောင်စုံကနုတ် လှေကားကြီးကို တက်ရပါလိမ့်မယ်။ ဒီသစ်လုံးအိမ်ထဲမှာတော့ နှစ်ထပ်ပါဝင်ပြီး၊ King-size နှစ်ယောက်အိပ်ခုတင်ကျယ်ကြီး၊ ဆိုဖာအကောင်းစားတွေ၊ မီးလင်းဖို (၂) ခု၊ ရေနွေးငွေ့ရေချိုးခန်းနဲ့ သက်တောင့်သက်သာရှိစေမယ့် ရေနွေးငွေ့ရေချိုးကန် ကျယ်ကြီးလည်း ပါရှိပါသေးတယ်။

၅။ အာကန်းဆတ်ပြည်နယ်၊ ယူရီကာရေပူစမ်းက သစ်လုံးအိမ်လေးတွေ

1b_1500x700.jpg 

သစ်လုံးအိမ် (၇) လုံးစုပေါင်းထားပြီး သစ်လုံးအိမ်တန်းလေးဖြစ်အောင် ဖန်တီးထာပါတယ်။ မော်ဒန်စတိုင်လ် သက်တောင့်သက်တာ ရှိမှုနဲ့ ကျေးလက်ဆန်ဆန်လက်ရာတွေကို ပေါင်းစပ်ထားတဲ့ သစ်လုံးအိမ်လေးတွေကို စတင်ဖန်တီးခဲ့သူတွေကတော့  Terry နဲ့ Patsy Miller တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ Terry က ဒီအိမ်လေးတွေကို ဒီဇိုင်းဆွဲပြီးတည်ဆောက်ခဲ့သလို Patsy ကတော့ အိမ်တွင်းပိုင်း ဒီဇိုင်းပြင်ဆင်မှုကို တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ မြေမျက်နှာအထက် (၂၆) ပေအမြင့်မှာတည်ရှိတဲ့ Hiddel Oak သစ်လုံးအိမ် လေးတွေမှာ နှလုံးသားပုံ ရေနွေးငွေ့ရေချိုးကန်တစ်ခုစီလည်း ပါဝင်ပြီး သစ်တောရှုခင်းကို ရေနွေးငွေ့လေးစိမ်ရင်း ကြည့်ရှုနိုင်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က