ခရီးသွားဖို့ ကုန်ကျစရိတ်ဆိုတာ ကြိုတင်ပြင်ဆင်ထားမှသာ တော်ကာကျတဲ့အမျိုးပါ။

ခရီးသွားခြင်းဆိုတာ ကျွန်တော်တို့ရဲ့စိတ်ကို ကြည်လင်စေပြီး ဘဝရဲ့ အမှတ်တရအတွေ့အကြုံလေးတွေကို ဖန်တီးပေးနိုင်တဲ့ အပြုအမူတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ခရီးသွားတယ်ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ ကုန်ကျစရိတ်များပြားနိုင်သလို အဲဒီကုန်ကျစရိတ်တွေရရှိဖို့ ကြိုတင်ပြီးတော့ ငွေစုထားဖို့လည်း လိုအပ်နိုင်ပါတယ်။



 

ခရီးတစ်ခုသွားဖို့အတွက် ကုန်ကျနိုင်တဲ့ အကြမ်းဖျင်းကုန်ကျစရိတ်ကို စေ့စေ့ငှငှ တွေးတောစဉ်းစားပြီးရင် ခရီးအတွက် အလုပ်ဖြစ်နိုင်တဲ့ ဘတ်ဂျက်တစ်ခုကို စုဖို့အတွက် နည်းလမ်းလေးတွေ စဉ်းစားလာမိမှာပါ။

၁။ ကိုယ်ဘယ်လောက် သုံးမှာလဲစဉ်းစားပါ

proposal-2017-2018.jpg 

ကိုုယ့်ဝင်ငွေကို ကိုယ်အသိဆုံးပါ။ တစ်လဝင်ငွေ ဘယ်လောက်ရှိလဲဆိုတာနဲ့ ခရီးတစ်ခါသွားဖို့အတွက် ဘယ်လောက်သုံးနိုင်လဲ ဆိုတာကို ကိုယ်ကိုယ်တိုင်ပဲ ဆံုံးဖြတ်နိုင်မှာပါ။ ခရီးတစ်ခါသွားတော့မယ်ဆိုရင် မရှိမဖြစ်ကုန်ကျမယ့် ကုန်ကျစရိတ် (၃) မျိုးကတော့ ခရီးသွားစရိတ်၊ နေစရိတ်နဲ့ စားစရိတ်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေအတွက် ဘတ်ဂျက်ကို အရင်ဆုံးစဉ်းစားရပါမယ်။

၂။ ဒီခရီးစဉ်ကိုသွားဖူးတဲ့ မိတ်ဆွေတွေကို မေးမြန်းပါ

iStock-516896270.jpg 

ခင်ဗျားသာ တကယ်လို့ ဘယ်သူမှမရောက်ဖူးသေးတဲ့ နေရာတွေကို လျှောက်သွားနေတတ်တဲ့ စွန့်ဦးတီထွင် ခရီးသွား ဘလော့ဂါတစ်ယောက် မဟုတ်ဘူးဆိုရင် ခင်ဗျားသွားလိုတဲ့ ခရီးစဉ်ကို သွားဖူးသူတွေ Facebook account ထဲမှာ၊ ပတ်ဝန်းကျင်မှာ ရှိကြမှာပါ။ သူတို့ကိုချဉ်းကပ်ပြီး ဒီခရီးစဉ်အတွက် မဖြစ်မနေကုန်ကျမယ့် ကုန်ကျစရိတ်ပမာဏကို မေးမြန်းပါ။ ဥပမာ... ဈေးအသက်သာဆုံး ဟိုတယ် ဘယ်နားမှာရှိလဲတို့၊ ဈေးအသက်သာဆုံး စားသောက်ဆိုင်ကိုသိလား တို့ပေါ့။

၃။ အင်တာနက်ကို ကောင်းကောင်းအသုံးချပါ

Agoda တို့၊ Tripadvisor တို့က အကြံဉာဏ်တွေကိုလည်း လစ်လျူရှုမထားသင့်ပါဘူး။ မိမိသွားလိုတဲ့နေရာတဝိုက်မှာ ဘယ်ဟိုတယ်တွေ ဘယ်ဈေးရှိတာကိုသိထားရင် ခရီးသွားဖို့ဘတ်ဂျက်ကို ချင့်ချိန်လို့ ရပါပြီ။ ခရီးသွားဘတ်ဂျက် သတ်မှတ်ဖို့အတွက် တခြား အကောင်းဆုံးဝက်ဘ်ဆိုဒ်တွေကတော့.. BudgetYourTrip.com, SavingForTravel.com နဲ့ IndependentTraveler.com တို့ပဲဖြစ်ပါတယ်။

၄။ ခရီးသွားစရိတ်ကို တွက်ချက်ပါ

2016-01-22-1453422849-2843535-Traveling-thumb.jpg 

ကိုယ်သွားလိုတဲ့နေရာကို ရောက်ဖို့အတွက် လေယာဉ်နဲ့သွားလည်းရောက်တယ်။ ကားလည်းသွားလည်းရောက်တယ်။ သင်္ဘောနဲ့သွားလည်းရောက်တယ်ဆိုရင် ဘာနဲ့သွားမလဲ။ ဈေးအသက်သာဆုံးဖြစ်မယ့် ယာဉ်ကို စီးပြီးသာသွားပါ။ ဥပမာ.. လေယာဉ်စီးပြီးသွားမယ်ဆိုရင် သွားလိုတဲ့နေရာကို မြန်မြန်ရောက်မယ်။

ဒါပေမယ့် ကုန်ကျစရိတ်များမယ်။ ကားနဲ့သွားမယ်ဆိုရင် ပိုတော့နှေးမယ်။ ဒါပေမယ့် ကုန်ကျစရိတ်သက်သာနိုင်ပါမယ်။ မိမိရဲ့ဘတ်ဂျက်နဲ့ ခရီးစဉ်ကိုလိုက်ပြီး အသင့်တော်ဆုံး ခရီးသွားနည်းကို ရွေးချယ်ပါ။ လေယာဉ်စီးမှ ရောက်မယ့်နေရာဆိုရင်လည်း economy class က စီးပါ။

၅။ နေစရိတ်ကို စဉ်းစားပါ

travel-02.jpg 

ခရီးသွားရာမှာ နောက်တစ်ခုအရေးကြီးတာက နေစရာနေရာပါ။ ကြိုတင်စီစဉ်မထားဘဲ ရောက်မှ ဖြစ်သလိုနေမယ်ဆိုရင် အဆင်ပြေမှာမဟုတ်သလို ငွေကုန်ကြေးကျလည်း ပိုများနိုင်ပါတယ်။ အရင်ဆုံး မိမိသွားလိုတဲ့နေရာနဲ့အနီးဆုံးနားက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို စုံစမ်းပါ။

သူတို့ရဲ့အဆင့်သတ်မှတ်ချက်တွေနဲ့ တစ်ညတည်းခိုစရိတ်တွေကို သေချာမေးမြန်းပြီး မိမိအတွက် အဆင်ပြေမယ့်စရိတ်နဲ့ နေရာကိုရွေးချယ်ပါ။ အဲဒီထက် ပိုသက်သာလိုရင် (နိုင်ငံခြားခရီးလည်း မဟုတ်ဘူးဆိုရင်) မိမိသွားလိုတဲ့နေရာနဲ့ အနီးဆုံးက ဘုန်းကြီးကျောင်းတွေကို စုံစမ်းထားပါ။

၆။ စားစရိတ်ကို တွက်ဆပါ

4.-Eating-Unhealthy-Food.jpg 

ဒါကလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခရီးသွားရင်း နယ်ခံဆိုင်တွေမှာပဲ ဝယ်စားမယ်ဆိုရင်လည်း ရပေမယ့် ကုန်ကျစရိတ်က များနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နေရာကွာခြားမှုကိုလိုက်ပြီး အစားအသောက်ဈေးနှုန်းတွေကလည်း ပြောင်းလဲနိုင်လို့ပါပဲ။ မဖြစ်မနေ စားသောက်မြည်းစမ်းဖို့ လိုအပ်တဲ့ နယ်မြေခံ ရိုးရာအစားအစာတွေကလွဲရင် ညစာတို့၊ မနက်စာတို့ကိုတော့ ခေါက်ဆွဲခြောက်ထုပ် ပြုတ်စားတာတို့၊ ပေါင်မုန့်စားတာတို့နဲ့ ရောင့်ရဲနိုင်ရင် ဘတ်ဂျက်က ပိုထွက်လာမှာပါ။

၇။ အရေးပေါ် ဘတ်ဂျက်တစ်ခု ရအောင်ချန်ထားပါ

1-J9yFQKT0XEszIVa8PN4WDw.jpg 

ခရီးသွားရင်း အရေးပေါ်အခြေအနေတစ်ခုကို မကြုံရနိုင်ဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ အဲဒီလို အရေးပေါ် အခြေအနေတစ်ခု ကြုံရတဲ့အခါ ငွေရှိနေမှသာ ဖြေရှင်းနိုင်မှာပါ။ မတော်တဆ ထိခိုက်မှုတစ်ခု ဖြစ်တာတို့၊ လူကူးမျဉ်းကြားက လမ်းဖြတ်မကူးလို့ ဒဏ်ရိုက်ခံရတာတို့၊ အမှိုက်မပစ်ရနေရာမှာ အမှိုက်ပစ်မိလို့ ဒဏ်ရိုက်ခံရတာတို့ စသဖြင့်ပေါ့။

Source: wikihow

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က