ကမ္ဘာပေါ်မှာ တစ်ညတည်းခိုစရိတ် မြင့်မားပြီး ဝန်ဆောင်မှု အပြည့်ပါတဲ့ ဇိမ်ခံဟိုတယ်တွေအများကြီးရှိပါတယ်။

တစ်ညတာတည်းခိုဖို့အတွက် ဒေါ်လာ သောင်းနဲ့ချီပြီး သုံးနိုင်ပါသလား။ ဒါဆိုရင်တော့ ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်တွေအကြောင်း သိထားသင့်တယ်လေ။ ကမ္ဘာပေါ်မှာ တစ်ညတည်းခိုစရိတ် မြင့်မားပြီး ဝန်ဆောင်မှု အပြည့်ပါတဲ့ ဇိမ်ခံဟိုတယ်တွေအများကြီးရှိပါတယ်။ အဲဒီထဲကမှ ဈေးအကြီးဆုံးဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Park Hyatt Paris Vendome ဟိုတယ်

 

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာတည်ရှိတဲ့ Park Hyatt Paris Vendome ဟိုတယ်က အခန်းတွေဟာ တစ်ညကို တည်းခိုခ ဒေါ်လာ (၁၅၀၀၀) ကျသင့်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်မှု အများဆုံးမြို့တစ်မြို့ရဲ့ မြို့လည်ခေါင်မှာတည်ရှိပြီး ဝန်ဆောင်မှုနဲ့ပတ်သက်လာရင် အမြင့်ဆုံးအနေအထားတစ်ခုကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၂။ Four Seasons Hotel George V ဟိုတယ်

9-1-630x233.jpg 

နောက်တစ်ခုကလည်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကပါပဲ။ ပါရီမြို့ကိုအလည်လာရင်း ဘုရင်တစ်ပါးလို စည်းစိမ်ခံချင်တယ်ဆိုရင်တော့ ဒီဟိုတယ်က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။ Four Seasons Hotel George V ဟာ ပါရီမြို့မှာ ဈေးအကြီးဆုံး ဟိုတယ်တစ်လုံးဖြစ်ပြီး ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ဟိုတယ်စာရင်းမှာ နံပါတ် (၉) ဝင်ပါတယ်။

သူ့ရဲ့တစ်ညတာတည်းခိုစရိတ်ကတော့ တစ်ညကို ဒေါ်လာ (၁၅၅၀၀) ပါ။ ဒီဟိုတယ်ဟာ အနုပညာ၊ ဇိမ်ခံမှုနဲ့ သက်တောင့်သက်သာရှိမှုတို့ကြားမှာ ဟန်ချက်ညီအောင်တည်ဆောက်ထားတဲ့ ဟိုတယ်တစ်လုံးဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့အခန်းတိုင်းဟာ ပါရီမြို့နဲ့ အီဖယ်တာဝါကြီးကို အပေါ်စီးကနေ အပြည့်အဝခံစားကြည့်ရှုနိုင်မှာပါ။

See also: 

၃။ Le Richemond ဟိုတယ်

8-2.jpg 

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဖာမြို့က Le Richemond ဟိုတယ်ကတော့ သာမန်ဟိုတယ်တစ်လုံးတော့ မဟုတ်ပါဘူး။ ဂျီနီဖာမြို့ဟာ အဆင့်အတန်းမြင့် လူကြီးလူကောင်းတွေ လာရောက်လေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး သူတို့ရဲ့ ကြွယ်ဝမှုနဲ့လျော်ညီစွာ တန်ဖိုးမြင့်ဟိုတယ်တွေလည်း များစွာတည်ရှိပါတယ်။ အဲဒီထဲက တစ်ခုဖြစ်တဲ့ Le Richemond ဟိုတယ်ကတော့ တစ်ညကို တည်းခိုစရိတ် ဒေါ်လာ (၁၇၀၀၀) ကျသင့်မှာဖြစ်ပါတယ်။

၄။ Burj Al Arab ဟိုတယ်

7-2.jpg 

ဒူဘိုင်းက Burj Al Arab ဟိုတယ်ကတော့ အာရပ်ကောင်းကင်ကို စိုးမိုးထားပြီး နယ်မြေခံအထင်ကရ နေရာတစ်ခုတောင် ဖြစ်လာပါပြီ။ ကမ္ဘာလှည့််ခရီးသွားတွေ လာရောက်တည်းခိုကြရုံတင်မက ကမ္ဘာတဝှမ်းလုံးက သန်းကြွယ်သူေဋ္ဌးတွေလည်း ဒီဟိုတယ်က ပေးစွမ်းနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ရယူခံစားဖို့ လာရောက်တည်းခိုကြပါတယ်။ တစ်ည တည်းခိုစရိတ်ကတော့ ဒေါ်လာ (၁၇၅၀၀) ကျသင့်မှာဖြစ်ပါတယ်။

၅။ Ritz-Carlton ဟိုတယ်

6-1-630x349.jpg 

ရုရှားနိုင်ငံ၊ မော်စကိုမြို့က Ritz-Carlton ဟိုတယ်ကတော့ တစ်ညကို ဒေါ်လာ (၁၇၅၀၀) ကျသင့်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ဇိမ်ခံဟိုတယ်တွေထဲက တစ်ခုဖြစ်တဲ့ Ritz-Carlton ဟိုတယ်ဟာ ကမ္ဘာပေါ်က အထက်တန်းဟိုတယ်တွေထဲမှာတော့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေဆဲပါပဲ။ ဒါ့အပြင် မော်စကိုမှာတော့ Ritz-Carlton ဟိုတယ်ဟာ ဈေးအကြီးဆုံးဟိုတယ်တစ်ခုအဖြစ် ရပ်တည်နေဆဲပါပဲ။

Source: Alux

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က