ကိုယ်တွေနဲ့ အနီးဆုံးမြို့ဆို ဒီစာရင်းမှာ နံပတ်တစ်ပဲ...

Mastercard ရဲ့2017 Global Destination Cities Index ထုတ်ပြန်ချက်အရ နိုင်ငံတကာ ခရီးသွားသူတွေကြားမှာ ၂၀၁၇ ခုနှစ်အတွင်း ပေါ်ပြူလာအဖြစ်ဆုံး မြို့တော် ၁၀ ခုရဲ့ စာရင်းကို စက်တင်ဘာလနောက်ဆုံးပတ်မှာ ထွက်ပေါ်လာပါတယ်။ ဒီထုတ်ပြန်ချက်ဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဖွံ့ဖြိုးမှုအမြန်ဆုံးမြို့တော် ၂၀ စာရင်းမှာလည်း ပါဝင်နေခဲ့ပါတယ်။ ယခုဖော်ပြထားတဲ့ မြို့တော် ၁၀ ခုဟာ Master Card ရဲ့ လုပ်ငန်းကိစ္စဆိုင်ရာ အချက်အလက်တွေကို အခြေခံထားတာမဟုတ်ဘဲ လူထုအချက်အလက်တွေကို အခြေခံတွက်ချက်ထားတယ်လို့ သိရပါတယ်။



၁။ ဘန်ကောက်

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F170926101204-bangkok-super-169.jpg 

ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ဟာ ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၁၉.၄၁ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၂၀.၁၉ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

၂။ လန်ဒန်

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601171723-top-10-destination-cities-london-super-169.jpg 

အင်္ဂလန်ရဲ့ မြို့တော်လန်ဒန်ဟာ ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၁၉.၀၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ၂၀.၀၁ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

၃။ ပါရီ

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601162828-top-10-destination-cities-paris-super-169.jpg 

ပြင်သစ်နိုင်ငံက ပါရီ (ပဲရစ်)မြို့ကတော့ ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၁၅.၄၅ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၆.၁၃ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

၄။ ဒူဘိုင်း

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601172004-top-10-destination-cities-dubai-super-169.jpg 

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ အကျော်ကြားဆုံးမြို့ဖြစ်တဲ့ ဒူဘိုင်းကို ၂၀၁၆ ခုနှစ်အတွင်း ခရီးသည်ပေါင်း ၁၄.၈၇ သန်း ဝင်ရောက်ခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ခရီးသည်ဝင်ရောက်မှုဟာ ၁၆.၀၁ သန်း ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

၅။ စင်ကာပူ

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601165618-top-10-destination-cities-singapore-super-169.jpg 

စင်ကာပူကတော့ နယ်မြေဧရိယာကျဉ်းမြောင်းတဲ့ နိုင်ငံလေးတစ်ခုဖြစ်ပေမဲ့ ဖွံဖြိုးတိုးတက်မှုအရှိန်အဟုန်ပြင်းတာကြောင့် ၂၀၁၆ ခုနှစ်ထဲမှာ ခရီးသည်ပေါင်း ၁၃.၁၁ သန်း လာရောက်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာတော့ လာရောက်သူ ၁၃.၄၅ သန်း လောက် ရှိပါလိမ့်မယ်။

၆။ နယူးယော့ခ်

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601164850-top-10-destination-cities--new-york-super-169.jpg 

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့ကို ၂၀၁၆ ခုနှစ်အတွင်းမှာ လူပေါင်း ၁၂.၇၀ သန်း လာရောက်ခဲ့ကြပြီး ၂၀၁၇ ခုနှစ်မှာတော့ လာရောက်သူဦးရေဟာ ၁၂.၃၆ သန်းအထိ မြင့်တက်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

၇။ ဆိုးလ်

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601173622-top-10-destination-cities-seoul-super-169.jpg 

တောင်ကိုရီးယားနိုင်ငံရဲ့မြို့တော် ဆိုးလ်ကို ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၁၂.၃၉ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၂.၄၄ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

၈။ ကွာလာလမ်ပူ

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F160922145825-petronas-towers-super-169.jpg 

မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလမ်ပူကို ၂၀၁၆ ခုနှစ်အတွင်း ခရီးသည် ၁၁.၂၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၂.၀၈ သန်း လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

၉။ တိုကျို

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F160922140942-tokyo-skyline-super-169.jpg 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ခရီးသည် ၁၁.၁၅ သန်းအထိ ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ လာရောက်သူဦးရေဟာ ၁၂.၅၁ သန်း ထိ ရှိလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

၁၀။ အစ္စတန်ဘူလ်

http-%2F%2Fi2.cdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F150601163716-top-10-destination-cities-istanbul-super-169.jpg 

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ကို ၂၀၁၆ ခုနှစ်ထဲမှာ လာရောက်သူဦးရေ ၉.၁၆ သန်း ရှိနေခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ လာရောက်သူဦးရေက ပိုမိုများပြားလာတာကြောင့် ၉.၂၄ သန်းအထိ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က