အမြင့်ပေ ထောင်ပေါင်းများစွာမှာ ပျံသန်းနေတဲ့ သတ္ထုပုံးကြီးထဲမှာ ထိုင်နေရပြီး မောင်းနှင်သူ (၂) ဦးရဲ့လက်ထဲမှာ ကိုယ့်အသက်ကို ဝကွက်အပ်ထားရတဲ့အတွက် ကြောက်ရွံ့မိမယ်ဆိုရင်တောင် အပြစ်မဆိုသာပါဘူး။

နိုင်ငံရပ်ခြားကိုပဲဖြစ်ဖြစ်၊ ပြည်တွင်းခရီးပဲဖြစ်ဖြစ် လေယာဉ်ပျံကြီးစီးပြီး ခရီးသွားရတော့မယ်ဆိုပါစို့။ သူသူကိုယ်ကိုယ် စိုးရိမ်စိတ်ဆိုတာတော့ ရှိတတ်ကြမှာပါပဲ။ ဘာပဲပြောပြော အမြင့်ပေ ထောင်ပေါင်းများစွာမှာ ပျံသန်းနေတဲ့ သတ္ထုပုံးကြီးထဲမှာ ထိုင်နေရပြီး မောင်းနှင်သူ (၂) ဦးရဲ့လက်ထဲမှာ ကိုယ့်အသက်ကို ဝကွက်အပ်ထားရတဲ့အတွက် ကြောက်ရွံ့မိမယ်ဆိုရင်တောင် အပြစ်မဆိုသာပါဘူး။

 

လေယာဉ်စီးပြီး ခရီးသွားမယ်ဆိုရင် ရာသီဥတုအခြေအနေ ဆိုးရွားမှုကြောင့် (သို့မဟုတ်) စက်ချို့ယွင်းမှုကြောင့် နီးစပ်ရာလေဆိပ်ထဲ အရေးပေါ်ဆင်းသက်လိုက်ရတာမျိုး ရှိနိုင်ပါတယ်။ အဲဒီမှာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေဆိပ်တွေအကြောင်း သိထားဖို့ လိုအပ်လာပါတယ်။

၁။ နီပေါနိုင်ငံက Tenzing–Hillary လေဆိပ်

1-1-1-1-1024x576.jpg 

ဧဝရက်တောင်ကို တက်ရမယ်ဆိုတဲ့ အကြံဉာဏ်ကိုက သာမန်လူတစ်ယောက်အတွက် အန္တရာယ်များလှပါပြီ။ တကယ်လို့ အဲဒီကိုသွားဖို့အတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လေဆိပ်တစ်ခုမှာ လေယာဉ်ဆင်းသက်ရမယ်ဆိုတဲ့ အတွေးကို တွေးကြည့်ကြည့်ပါဦး။

ဟုတ်ပါတယ်။ နီပေါနိုင်ငံ၊ လက်က်လာ (Lukla) မြို့က လေဆိပ်ဟာ ပြေးလမ်း မီတာ (၅၀၀) ပဲ ရှိပြီး မတ်စောက်တဲ့ တောင်ထိပ်တစ်ခုမှာ တည်ဆောက်ထားတာပါ။ အဲဒီမှာ အက်ဆီးဒန့် မကြာခဏဖြစ်ပွားမှုကြောင့်လည်း နာမည်ကြီးပါတယ်။ ဒါတင်မက ရာသီဥတု အခြေအနေကလည်း အမြဲ ပြောင်းလဲနေတတ်ပါသေးတယ်။

၂။ ဟွန်ဒူးရပ်စ်နိုင်ငံက Toncontin လေဆိပ်

3.jpg 

ဗြိတိသျှ ဟွန်ဒူးရပ်စ်နိုင်ငံက Toncontin လေဆိပ်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယအန္တရာယ်အများဆုံး လေဆိပ်အဖြစ် စာရင်းဝင်ပါတယ်။ ဒီလေဆိပ်ဟာ အကျွမ်းကျင်ဆုံးဆိုတဲ့ လေယာဉ်မှူး (ပိုင်းလော့) တွေအတွက်တောင် လေယာဉ်ဆင်းသက်ဖို့ရာ ခက်ခဲပါတယ်။ ပြေးလမ်းပေါ်ကို ဆင်းသက်နိုင်ဖို့အတွက် လေယာဉ်မှူးတွေဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေနဲ့ မြေပြင်အနေအထားကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

See Also: 

၃။ Gibraltar အပြည်ပြည်ဆိုင်ရာလေဆိပ်

gibralter.jpg 

ပုံကိုကြည့်လိုက်ရုံနဲ့ ဒီလေဆိပ်ဟာ ကမ္ဘာ့အန္တရာယ်အများဆုံး လေဆိပ်စာရင်းထဲမှာ ဘာလို့ပါနေလဲဆိုတာကို သိနိုင်ပါတယ်။ တောင်ကုန်းထိပ်မှာဆောက်ထားတာတွေ၊ ပြေးလမ်းတိုတာတွေ မဟုတ်ပေမယ့် Gibraltar လေဆိပ်ဟာ အဲဒီနေရာမှာ ယာဉ်ကြောအပိတ်ဆုံး လမ်းမကြီးကို ဖြတ်ပြီး တည်ဆောက်ထားတာပါ။ ဒီဇိုင်းဆွဲထားတာ မှားယွင်းမှုကြောင့် Winston Churchill လမ်းမကြီးပေါ်က ယာဉ်တွေဟာ လေယာဉ်ပျံတက်ချိန်၊ ဆင်းသက်ချိန်တွေမှာ အက်ဆီးဒန့်မဖြစ်အောင် ရပ်တန့်ထားရပါတယ်။

၄။ နော်ဝေးနိုင်ငံက Svalbard လေဆိပ်

Svalbard_Airport-1024x683.jpg 

Svalbard လေဆိပ်ဟာ ကမ္ဘာပေါ်မှာ မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံးလေဆိပ်တစ်ခုဖြစ်ပြီး ကြိုတင်အစီအစဉ်ချထားတဲ့ လေကြောင်းပြေးဆွဲမှုတွေပဲ လုပ်လေ့ရှိပါတယ်။ ဒီလေဆိပ်ကို ဒုတိယကမ္ဘာစစ် တုံးက တည်ဆောက်ခဲ့ပြီး ၁၉၅၉ ခုနှစ်အထိ ပုဂ္ဂလိကလေကြောင်းပြေးဆွဲမှုတွေအတွက် အသုံးပြုခွင့်မပြုခဲ့ပါဘူး။ အံ့သြဖို့ကောင်းတာတစ်ခုက ဒီလေဆိပ်ဟာ နှစ်စဉ် ခရီးသည် (၁၅၄၀၀၀) လောက်ကို ကောင်းကောင်းကိုင်တွယ်နေနိုင်သေးတာပါပဲ။

၅။ ဟောင်ကောင်က Kai Tak လေဆိပ်

130611022119-hong-kong-kai-tak-cathay2-horizontal-large-gallery.jpg 

ပြေးလမ်းတလျှောက်မှာ အဆောက်အဦးတွေအများကြီးရှိနေတဲ့အတွက် လေယာဉ်ဆင်းသက်တော့မယ်ဆိုရင် လေယာဉ်မှူးတွေ သတိကြီးစွာထားရပါတယ်။ လေဆိပ်ရဲ့ အန္တရာယ်များလွန်းတဲ့ တည်နေရာကြောင့် ၁၉၂၅ ခုနှစ်မှာ ပိတ်ခဲ့ရပါတယ်။ ပြီးတော့ ဟောင်ကောင်က ကျွန်းငယ်လေးတစ်ခုဖြစ်တဲ့ Chek Lap Kok ကျွန်းပေါ်က ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ အစားထိုးခဲ့ရပါတယ်။

Source: Knowledgedish

 

Share

Loading Next Article...
က္က