AD
AD
AD

ခရီးသွားဝန်ဆောင်မှု လုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းဆိုတာ ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေအတွက်တော့ နိုင်ငံခြားဝင်ငွေ များစွာရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလည်း သူ့ထက်ငါ ပိုမိုဆန်းပြားတဲ့ ခရီးသွား အစီအစဉ်တွေက ပေါ်ထွက်နေစမြဲပါ။

play

 

သူများမတွေ့ရှိသေးတဲ့ ရေတံခွန်အသစ်၊ သူများမလုပ်နိုင်သေးတဲ့ ခရီးသွားပလန်အသစ်တွေနဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေဟာ ခရီးသည်တွေကို ဆွဲဆောင်နေကြတာပါ။ အဲဒီလို ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေထဲကမှ ကမ္ဘာပေါ်မှာ ထူးထူးခြားခြား ခရီးသွားလုပ်ငန်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အက်တမ်ဗုံးခေတ် ခရီးသွားလုပ်ငန်း

play
 

အက်တမ်ဗုံးဟာ ကမ္ဘာပေါ်မှာ အဖျက်စွမ်းအားအကြီးမားဆုံး လက်နက်တစ်မျိုး ဖြစ်ခဲ့တာပါ။ အက်တမ်ဗုံးတွေနဲ့ အက်တမ်ဗုံး လက်နက်တွေကြောင့် သေကြေပျက်ဆီးခဲ့ရတဲ့ ဝမ်းနည်းဖွယ် သမိုင်းအဖြစ်အပျက်တွေကို စိတ်ဝင်စားတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကတော့ ဒီခရီးသွားဝန်ဆောင်မှု လုပ်ငန်းမျိုးကို အထူးစိတ်ဝင်စားခဲ့ပါတယ်။

ခရီးစဉ်မှာ အက်တမ်စွမ်းအင်သုံး လက်နက်တွေကို ပြသထားတဲ့ ပြတိုက်တွေ ပါဝင်သလို ဟီရိုးရှီးမားနဲ့ နာဂါဆာကီတို့လို အက်တမ်ဗုံးဒဏ်ကို တကယ်ခံခဲ့ရတဲ့ မြို့တွေလည်း ပါဝင်ပါတယ်။ နောက်ပြီး ယူကရိန်းနိုင်ငံ၊  Kiev မြို့က Chernobyl ပြတိုက်မှာလည်း တချိန်က Chernobyl နျူကလီးယား မတော်တဆမှုအကြောင်း အသေးစိတ်လေ့လာနိုင်ပါတယ်။

၂။ Tolkien ခရီးသွားလုပ်ငန်း

play
 

ခင်ဗျားဟာ Tolkien ရဲ့ Lord of the rings စာအုပ်နဲ့ ရုပ်ရှင်တွေကို အရူးအမူး စွဲလမ်းနှစ်သက်သူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင်တော့ ခင်ဗျားအတွက် ရွေးချယ်စရာ Tolkien ခရီးသွားလုပ်ငန်း ရှိနေပါပြီ။ Tolkien ခရီးသွားလုပ်ငန်းမှာတော့ Lord of the Ring ပရိသတ်တွေဟာ အပြင်မှာ တကယ်ရှိနေတဲ့ Lord of the rings စိတ်ကူးယဉ်ကမ္ဘာလေးထဲကို အလည်အပတ် သွားရောက်ခွင့်ရမယ်။

ပြီးရင် စာအုပ်ထဲမှာပြောထားတဲ့ အရေးပါတဲ့ နေရာတွေကို သွားရောက်လည်ပတ်ခွင့် ရမှာပါ။ အဲဒီနေရာတွေထဲမှာ နယူးဇီလန်နိုင်ငံဟာ အချက်အချာ အကျဆုံးပါပဲ။ ဘာလို့လဲဆိုတော့ Peter Jackson ရဲ့ ရုပ်ရှင်ရိုက်ကွင်း တော်တော်များများကို နယူးဇီလန်မှာ ရိုက်ကွင်းတည်ခဲ့လို့ပါပဲ။ Oxford နဲ့ Birmingham မြို့တွေဟာလည်း အမာခံပရိသတ်တွေအတွက် အကောင်းဆုံးပါပဲ။

၃။ အမှောင်ခေတ် ခရီးသွားလုပ်ငန်း

play

ဒီခရီးသွားလုပ်ငန်းမျိုးကိုတော့ dark tourism လို့ခေါ်ပြီး ကမ္ဘာ့သမိုင်းထဲက ရက်ရက်စက်စက် အသတ်ခံရမှုတွေ၊ သေဆုံးမှုတွေ၊ ကြေကွဲဖွယ်အဖြစ်အပျက်တွေ၊ ကပ်ဘေးတွေ သင့်ခဲ့တဲ့ ဒေသတွေကို သွားရောက်လည်ပတ်တာမျိုးပါ။ ဒီခရီးစဉ်မျိုးကို စိတ်ဝင်စားသူတွေကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေနဲ့ ဝမ်းနည်းကြေကွဲဖွယ် အဖြစ်အပျက်မျိုးတွေကို ဝမ်းနည်းကြေကွဲ သံဝေဂယူလိုသူတွေ ဖြစ်မှာပါ။

ခရီးစဉ်ရဲ့ လည်ပတ်စရာနေရာတွေထဲမှာ အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့မှု ဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ အာဏာရှင်တွေ နေထိုင်ခဲ့တဲ့ ရဲတိုက်တွေအပြင် ရိုမေနီးယားနိုင်ငံက ဒရာကူလာမြို့စားကြီး နေထိုင်သွားတယ်လို့ ထင်ရှားတဲ့ Poenari ရဲတိုက်တို့လည်း ပါဝင်ပါသေးတယ်။

 

၎။ မူးယစ်ဆေးဝါး ခရီးသွားလုပ်ငန်း

play
 

အံ့သြမသွားပါနဲ့ဦး။ ဒီလို ခရီးသွားလုပ်ငန်းမျိုးကလည်း တကယ်ရှိနေပါပြီ။ ဒါ့အပြင် လူကြိုက်လည်းများပါတယ်။ မူးယစ်ဆေးဝါး ခရီးသွားလုပ်ငန်းရဲ့ မြို့တော်ကတော့ နယ်သာလန်နိုင်ငံက အမ်စတာဒမ် (Amsterdam) မြို့ပါပဲ။ အဲဒီက ကော်ဖီဆိုင်တွေမှာ ဆေးခြောက်ပေါ်တင်သုံးလို့ ရတယ်လို့ နာမည်ကြီးပါတယ်။ နောက်တစ်ခုကတော့ ကိုလမ်ဘီယာနိုင်ငံပါပဲ။ အိန္ဒိယနိုင်ငံဟာလည်း မူးယစ်ဆေးဝါး ခရီးသွားလုပ်ငန်း (drug tourism) အတွက် အကောင်းဆုံးနေရာ တစ်ခုပါပဲ။

၅။ Ghetto ခရီးသွားလုပ်ငန်း

play
 

ဒီတစ်ခုကတော့ လုံးဝအသစ်ပါ။ Ghetto ဆိုတဲ့ စကားလုံးကို Hip-Hop ယဉ်ကျေးမှုနဲ့ နီးစပ်တဲ့သူတွေ သိကြမှာပါ။ Ghetto ဆိုတာ Hip-Hop ယဉ်ကျေးမှုစတင်ပေါက်ဖွားရာ နေရာတွေနဲ့ သူတို့ရဲ့ လူနေမှုဘဝတွေကို ခေါ်ဆိုတာပါ။ အမေရိကန်မှာဆိုရင် Detroit မြို့၊ New York မြို့၊ Chicago မြို့နဲ့ Los Angeles မြို့တို့လို မြို့ကြီးတွေက ကပ္ပလီတွေ နေထိုင်ရာ ရပ်ကွက်တွေမှာ Ghetto လေ့လာရေး ခရီးစဉ်တွေ သွားရောက်ကြပါတယ်။

အဲဒီမှာ Hip-Hop ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Graffiti (နံရံဆေးမှုတ် အနုပညာ)၊ ဂီတ၊ အဝတ်အစားနဲ့ လူနေမှုစနစ်တွေကို လေ့လာနိုင်မှာပါ။ ဒီလိုခရီးစဉ်ထဲမှာ ထင်ရှားတာက Real Bronx Tours ဖြစ်ပြီး New York မြို့ထဲက ထင်ရှားတဲ့ ghetto ရပ်ကွက်တွေကို လိုက်လံလေ့လာတာပါ။

Source: Themeshnews

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD