အာကာသထဲကနေတောင် မြင်ရတယ်ဆို...

မဟာတံတိုင်း (Great Wall) ဟာ တရုတ်နိုင်ငံရဲ့ အထိမ်းအမှတ် သင်္ကေတတစ်ခုပါပဲ။ ကောင်းကင်ပေါ်ကကြည့်လိုက်ရင် နဂါးကြီးတစ်ကောင် တွန့်ကွေးနေတာနဲ့တောင် တူနေသေးတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ မဟာတံတိုင်းကြီးဟာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ မဟာတံတိုင်းကြီးအကြောင်း ထူးခြားတာလေးတွေကိုလည်း ဖတ်ကြည့်ပါဦး။

၁။ ဘယ်မှာရှိတာလဲ

image.jpg4.jpg 

မဟာတံတိုင်းကြီးဟာ တရုတ်နိုင်ငံရဲ့ မြောက်ဘက်စွန်းပိုင်း နယ်စပ်ကို ကာကွယ်ဖို့ ဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဘေဂျင်းကနေသွားလို့လွယ်ပါတယ်။ Liaoning ပြည်နယ်၊ Hushan မြို့ကနေ ရှေ့ကိုတောက်လျှောက် ဆောက်လုပ်ထားလိုက်တာ နိုင်ငံရဲ့အနောက်မြောက်ပိုင်းရှိ Jiayuguan အထိ ရောက်သွားပါတယ်။ ကိုရီးယားနယ်စပ်ပေါ့။

၂။ ဘယ်လောက်ရှည်လျားလဲ

စဆောက်ကတည်းကအပိုင်းတွေအားလုံးကိုပါ တိုင်းတာမယ်ဆိုရင် အလျားက မိုင် ၁၃၁၇၀.၇ မိုင် ရှိပါသတဲ့။ အလှဆုံးအပိုင်းကိုတော့ မင် မင်းဆက်လက်ထက်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အရှည်လျားဆုံးနံရံအဖြစ်လည်း စံချိန်တင်ထားပါတယ်။ အဓိကလိုင်းရဲ့ နံရံအလျားတင် ၂၁၅၀ မိုင် ရှိတယ်။

၃။ ဘာကြောင့်ဆောက်တာလဲ

Great Wall ကို ဆောက်လုပ်ရတဲ့ မူလရည်မှန်းချက်တော့ နိုင်ငံကို ကာကွယ်ဖို့ပါ။ ဧကရာဇ်မင်း Qin Shi Huang က ရှည်လျားတဲ့နံရံတစ်ခုဆောက်ဖို့ ဦးဆုံးကြံရွယ်ခဲ့တယ်။ ဟန်မင်းဆက်အတွင်း (ဘီစီ ၂၀၆ နဲ့ အေဒီ ၂၂၀) မှာတော့ ပိုးသားလမ်းမကြီးကို ကာကွယ်ဖို့ ထပ်မံတိုးချဲ့ခဲ့ပြန်တယ်။

၄။ ဘယ်လိုဆောက်ခဲ့ကြလဲ

image.jpg1.jpg 

ဧကရာဇ်မင်း Qin Shi Huang ဟာ မဟာတံတိုင်းဆောက်ဖို့ စစ်သား၊ အကျဉ်းသား၊ အရပ်သားပေါင်း သုံးသိန်းနီးပါးကို ဖိအားပေးခိုင်းစေခဲ့သတဲ့။ ဆောက်လုပ်နေရင်း သေသွားသူတွေလည်း အများကြီးရှိခဲ့တယ်။ အစပိုင်းမှာ ကျောက်ကိုထွင်းထုပြီး အသုံးပြုခဲ့သေးတယ်။ နောက်ပိုင်းမှာတော့ အုတ်တွေကို သုံးခဲ့ပါတယ်။ ဒါကြောင့် တံတိုင်းကြီးက ပုံစံတစ်သမတ်တည်းဖြစ်မနေတာပါ။

၅။ လည်ပတ်ဖို့အကောင်းဆုံးအချိန်

မေလနဲ့ အောက်တိုဘာလရဲ့ ပထမဆုံးသီတင်းပတ်တွေမှာ သွားရောက်လည်ပတ်ကြတာ များပါတယ်။ အဲ့ဒီအချိန်တွေက ပိတ်ရက်တွေလည်းဖြစ်တာကြောင့် လူများပါတယ်။ ဆောင်းရာသီဆိုရင်တော့ မဟာတံတိုင်းကြီးကို နှင်းတွေဖုံးလွှမ်းထားပြီမို့ လာရောက်သူနည်းပါတယ်။ နွေဦးမှာလည်ရင်တော့ အလှဆုံးပဲ။

 

၆။ အာကာသကနေတောင် မြင်နိုင်တယ်ဆို

လူတွေပြောနေကြသလို အာကာသထဲကနေတောင် မဟာတံတိုင်းကိုမြင်ရတာ မဟုတ်ပါဘူး။ သာမာန်မျက်စိနဲ့ အာကသထဲကနေကြည့်ရင် မမြင်ရဘူးလို့ နာဆာက (NASA)က သတင်းထုတ်ပြန်ပါတယ်။ ရေဒီရိုပုံရိပ်ဖမ်းစနစ်နဲ့သုံးမှ မြင်ရပါတယ်။

၇။ ဆောင်ရန်ရှောင်ရန်

image.jpg 

လူရှုပ်တဲ့အချိန်တွေမှာ မသွားပါနဲ့။ ဘာအလှအပကိုမှ မခံစားရဘဲ လူတိုးနေရတာနဲ့တင် အချိန်ကုန်သွားလိမ့်မယ်။ ရောက်သွားချိန်မှာ ညနေစောင်းထိ စောင့်ရင်အကောင်းဆုံးပေါ့။ ဒေသခံတွေကတော့ မနက်အစောပိုင်းနဲ့ ညနေခင်းတွေဆို မဟာတံတိုင်းပေါ်မှာ လူရှင်းတယ်လို့ ပြောကြတယ်။ သက်တောင့်သက်သာရှိမယ့် walking shoe ကိုပဲ စီးသွားပါ။ သောက်ရေများများသယ်ဖို့လည်း မမေ့နဲ့ဦးနော်။

Source : History


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က