ယုန်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းဆိုရင်ကော ဒဏ္ဍာရီပုံပြင်လို့ ထင်မိမှာလား။

သင်ဟာ ယုန်လေးတွေကို ချစ်ခင်နှစ်သက်သူတစ်ဦး ဖြစ်ပါသလား။ ဒါမှမဟုတ် အသည်းငယ်တတ်တဲ့ အမွှေးဖွားဖွား တိရစ္ဆာန်လေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသူတစ်ဦး ဖြစ်ပါသလား။ ဒါဆိုရင် ယုန်လေးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းဆိုရင်ကော ဒဏ္ဍာရီပုံပြင်လို့ ထင်မိမှာလား။ အဲဒီလို ဒဏ္ဍာရီပုံပြင်ထဲက ကျွန်းလေးတစ်ကျွန်း ဂျပန်နိုင်ငံမှာ တကယ်ရှိနေပါပြီ။ ယုန်လေးတွေကို ချစ်ခင်နှစ်သက်သူတွေရဲ့ ခရီးသွားစာရင်းထဲမှာ ယုန်ကျွန်းကို ထည့်သွင်းလို့ရနေပါပြီ။

 

တည်နေရာ

02_lots-of-bunnies_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836d_Michael-YangREX-760x506.jpg 

ယုန်ကျွန်းလို့ ဂျပန်လူမျိုးတွေကြားမှာ လူသိများတဲ့ Ōkunoshima (အိုုကူနိုရှီးမား) ကျွန်းဟာ အရှေ့ဘက်ပင်လယ်၊ ဂျပန်ကမ်းရိုးတန်းတလျှောက်မှာ တည်ရှိပြီး ယုန်ကောင်ရေ ရာနဲ့ချီပြီး ထိန်းသိမ်းထားနိုင်တဲ့ ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါတယ်။ အိုကူနိုရှီးမားကျွန်းကို ဂျပန်လိုတော့ "Usaga Jima" လို့ နာမည်ပြောင်ပေးထားကြပါတယ်။

ကျွန်းပေါ်မှာ နေထိုင်တဲ့ အမွှေးဖွားအိမ်ရှင် လေးတွေဟာ လူတွေနဲ့ယဉ်ပါးပြီး နှစ်လိုဖွယ်လည်း ကောင်းကြပါတယ်။ ဒါပေမယ့် Marriott's Traveler ဝက်ဘ်ဆိုဒ်ကတော့ ယုန်ကျွန်းကို သွားရောက်လည်ပတ်မယ့် ဧည့်သည်တွေကို လက်အိတ်ဆောင်လာဖို့ အကြံပြုထားပါတယ်။ ယုန်လေးတွေရဲ့ ထုံးစံအတိုင်း တစ်ခုခုကို ကိုက်တတ်ခဲတတ်တဲ့ အကျင့်ရှိတော့ လက်ချောင်းလေးတွေကို မုန်လာဥနီနဲ့ မှားပြီး ကိုက်တာခံရနိုင်ခြေ ရှိလို့ပါပဲ။ ဒါပေမယ့် ဒီ အမွှေးဖွားဖွား ခြေ (၄) ချောင်း သတ္တဝါလေးတွေမှာ တခြားအန္တရာယ်ပြုနိုင်တဲ့ အချက်တော့ မရှိပါဘူး။

သမိုင်းကြောင်း

03_umbrella_Its-True-Japan-Has-an-Island-Filled-with-Bunnies_5657836e_Michael-YangREX-760x506.jpg 

ယုန်ကျွန်းရဲ့ သမိုင်းကြောင်းကတော့ သိပ်မကောင်းလှပါဘူး။ ဒုတိယကမ္ဘာစစ်တွင်းတုံးက အိုကူနိုရှီးမားကျွန်းကို ဓာတုလက်နက်တွေ ထုတ်လုပ်ဖို့အတွက် သုတေသနစခန်း တစ်ခုအဖြစ် အသုံးချခဲ့ကြပါတယ်။ စစ်ပြီးသွားတော့ သုတေသနစခန်းကို ပိတ်ပစ်ခဲ့ပေမယ့် ကျွန်းပေါ်က ယုန်လေးတွေဟာ ဓာတုလက်နက် ထုတ်လုပ်ရေးမှာ အစမ်းသပ်ခံအဖြစ် အသုံးပြုခံခဲ့ရတယ်လို့ သံသယရှိနေကြပါတယ်။

အရပ်ပြောစကားတွေအရဆိုရင် ကျွန်းပေါ်မှာ လက်ရှိနေထိုင်နေတဲ့ ယုန်လေးတွေဟာ ဒုတိယကမ္ဘာစစ်တုံးက စမ်းသပ်ခံ ယုန်လေးတွေရဲ့ မျိုးဆက်တွေ ဖြစ်နိုင်ပါတယ်တဲ့။ ပိုပြီး စိတ်ချမ်းသာဖို့ကောင်းတဲ့ သီအိုရီနောက်တစ်ခုကတော့ ကျောင်းသားလူငယ် အုပ်စုတစ်စုဟာ သူတို့ရဲ့ ယုန်လေးတွေကို ကျွန်းပေါ်ကို ခေါ်လာခဲ့ပြီး လွတ်လွတ်လပ်လပ် နေနိုင်ဖို့အတွက် လွှတ်ပေးခဲ့ကြပါတယ်တဲ့။ အဲဒီကမှတဆင့် ယုန်လေးတွေဟာ ရာဂဏန်းချီသည်အထိ ပေါက်ဖွားလာခဲ့တာပါတဲ့။

See also: 

ဘယ်ဟာကပဲ အမှန်ဖြစ်ပါစေ။ ယနေ့အချိန်မှာတော့ ကျွန်းပေါ်က ယုန်လေးတွေဟာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှင်သန်နေထိုင်နေကြပါတယ်။ ယုန်လေးတွေ အဲဒီလို ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ဖို့အတွက် ယုန်လေးတွေကို လိုက်လံသတ်ဖြတ် စားသောက်တတ်တဲ့ မုဆိုးနွယ်ဝင်တွေဖြစ်တဲ့ ခွေး၊ မြေခွေး၊ ကြောင်နဲ့ တခြားတိရစ္ဆာန်တွေကို ကျွန်းပေါ်မှာ နေထိုင်ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် လူသားတွေကိုတော့ ခြွင်းချက်အဖြစ် လာလည်ခွင့်ပြုထားပါတယ်။

 

အိုကူနိုရှီးမားကျွန်းကို သွားရောက်လည်ပတ်ချင်ရင် ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းမကြီးကနေ ဖယ်ရီဘုတ်စီးပြီး သွားရောက်နိုင်ပါတယ်။ မြစ်ဆိပ်မှာပဲ ယုန်လေးတွေကို ကျွေးဖွေးဖို့အတွက် ယုန်စာအိတ်လေးတွေကို တစ်အိတ်ကို ဂျပန်ယန်း (၁၀၀) (အမေရိယန် တစ်ဒေါ်လာနီးပါး) နဲ့ ဝယ်ယူနိုင်ပါတယ်။

ကျွန်းပေါ်မှာ ချစ်စရာကောင်းတဲ့ ယုန်လေးတွေ ရှိနေခြင်းဟာ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်သေးဘူးလား။ ကျွန်းပေါ်မှာ အပန်းဖြေဟိုတယ်တစ်လုံး၊ တောလည်ထွက်တဲ့ တောရိုင်းမြေ၊ ဂေါ့ဖ်ကွင်းနဲ့ လှပတဲ့ ကမ်းခြေတွေလည်း ရှိပါသေးတယ်။ ယုုန်လေးတွေနဲ့ဆော့လိုက်၊ အပန်းဖြေလိုက် လုပ်နိုင်တဲ့ အကောင်းဆုံး လည်ပတ်စရာ နေရာတစ်ခုပါ။ ယုန်လေးတွေကို ချစ်တတ်တဲ့ သူတွေဆိုရင်တော့ အဲဒီကျွန်းလေးကနေ ပြန်တောင်ပြန်ချင်မှာ မဟုတ်ပါဘူးနော်။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က