ရေကူးသည်ဖြစ်စေ၊ ဒိုင်ဗိုင်ထိုးသည်ဖြစ်စေ၊ ရေထဲမှာ ခြေထောက်စိမ်ထားသည်ဖြစ်စေ စိတ်က သက်တောင့်သက်သာဖြစ်သွားပါတယ်။

အိမ်၊ အလုပ်ကနေ ခွာပြီး ခရီးထွက်ခြင်းဟာ စိတ်နဲ့ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ခရီးထွက်တာလည်း နေရာအမျိုးမျိုးကို သွားကြတယ်။ ဒီထဲမှာမှ ကမ်းခြေသွားခြင်းဟာ အခြားခရီးစဉ်နဲ့မတူဘဲ ထူးခြားတဲ့ကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ကမ်းခြေရောက်ရင် စိတ်ကလန်းဆန်းပြီးနေလို့ကောင်းတယ်ဆိုတာ ဦးနှောက်ရဲ့တုံ့ပြန်မှုကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောတယ်။ ကမ်းခြေပတ်ဝန်းကျင်အပေါ် ဦးနှောက်ကတုန့်ပြန်ပြောင်းလဲလိုက်တဲ့အခါ လူကို ပျော်ရွှင်စေတယ်၊ အနားရစေတယ်၊ ခွန်အားတွေပြန်လည်ပြည့်ဝလာစေပါတယ်။



 

၁။ စိတ်ဖိစီးမှုလျော့စေ

ရေဟာ စိတ်ဖိစီးမှုတွေကို သက်သာစေတဲ့ သဘာဝဓာတ်ရှိပါတယ်။ ဒါကြောင့်မို့လို့ ရေကူးသည်ဖြစ်စေ၊ ဒိုင်ဗိုင်ထိုးသည်ဖြစ်စေ၊ ရေထဲမှာ ခြေထောက်စိမ်ထားသည်ဖြစ်စေ စိတ်က သက်တောင့်သက်သာဖြစ်သွားပါတယ်။

see also 

၂။ ဖန်တီးမှုစွမ်းရည်ကိုမြှင့်တင်ပေး

စိတ်တွေက လန်းဆန်းလာတော့ ဖန်တီးမှုအသစ်တွေ ခေါင်းထဲကထွက်လာတယ်။ ပင်လယ်ရဲ့အငွေ့အသက်ခံစားချက်ဟာ ခေါင်းရှင်းစေလို့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့်နည်းတွေ၊ အကြံဉာဏ်သစ်တွေ ထွက်ပေါ်လာပါတယ်။ ဘာနဲ့တူသလဲဆိုရင် တရားထိုင်တာနဲ့တူတယ်။ စိတ်က တည်ငြိမ်သွားပြီး အေးချမ်းနေတော့ အရာရာကို ရှင်းရှင်းလင်းလင်းမြင်လာရတယ်။ ခေါင်းမရှုပ်တော့ဘူး။ အာရုံစူးစိုက်မှုအားကောင်းတယ်။

၃။ စိတ်ကျရောဂါကို သက်သာစေ

pexels-photo.jpg 

စိတ်ဖိစီးမှုတွေ များလာပြီးရင် တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါပါ ရလာတတ်တယ်။ ကမ်းခြေသွားတိုင်း စိတ်ဖိစီးမှုတွေ လျော့ကျသွားတော့ စိတ်ဓာတ်ကျနေတာတာတွေလည်း သက်သာပါတယ်။

၄။ အကောင်းမြင်စိတ်

landing-stage-sea-nature-beach.jpg 

အကောင်းမြင်စိတ်ရှိနေသူအဖို့ အရာအားလုံးက ကောင်းမွန်အဆင်ပြေနေမှာပဲ။ ပင်လယ်ကမ်းခြေရဲ့ သဘာဝခံစားချက်ဟာ စိတ်ဖိစီးမှုတွေကို သက်သာစေပြီး အကောင်းမြင်စိတ်လေးတွေ ဖြစ်လာစေတယ်လေ။ ပင်လယ်လေကိုရှုရှိုက်ရင်း၊ လှိုင်းပုတ်သံနားထောင်ရင်း၊ ကျောက်ဆောင်တွေခရုတွေကိုငေးရတာ စိတ်ထဲမှာ အေးချမ်းရပါတယ်။ ပင်လယ်စာတွေကိုလည်း စိတ်ကြိုက်စားနိုင်သေးတော့ လောကကြီးက သာယာနေပြီလေ။

 

Source : Shareably


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က