Travel: ကမ္ဘာ့သြဇာအကြီးဆုံး ဖြစ်လာတဲ့ စင်ကာပူပတ်စ်ပို့

အာရှနိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာ့သြဇာအကြီးဆုံးပတ်စ်ပို့အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ကမ္ဘာအနှံ့ကို ခြေဆန့်ပြီး ခရီးသွားမယ်ဆိုရင် ကိုယ့်ရဲ့နိုင်ငံကူးလက်မှတ် (passport)က အရေးကြီးလာပါပြီ။ ကိုယ့်နိုင်ငံက ထုတ်ပေးတဲ့ ပတ်စ်ပို့ကို နိုင်ငံတိုင်းက လက်ခံမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့လည်း နိုင်ငံအလိုက် ပတ်စ်ပို့တွေရဲ့ သြဇာအာဏာရှိမှုက စကားပြောလာပါတယ်။ ပတ်စ်ပို့တွေရဲ့သြဇာကြီးမှုဟာ တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။

play

 

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့သြဇာအကြီးဆုံး ပတ်စ်ပို့ကတော့ စင်ကာပူနိုင်ငံရဲ့ပတ်စ်ပို့ ဖြစ်လာပါတယ်။ နိုင်ငံတကာ နေထိုင်ခွင့်နဲ့နိုင်ငံသားခံယူခွင့်ဆိုင်ရာ အကြံပေးအဖွဲ့ Arton Capital က ထုတ်ပြန်တဲ့ ပတ်စ်ပို့ညွှန်းကိန်း (Passport Index) ကို နှစ်စဉ်ထုတ်ပြန်ရာမှာ ယခုနှစ်အတွက် စင်ကာပူက ထိပ်ဆုံးကိုရောက်လာတာ ဖြစ်ပါတယ်။ နိုင်ငံဖြတ်သန်းခွင့်ပေါ် မူတည်ပြီး ပတ်စ်ပို့တွေရဲ့ သြဇာသက်ရောက်ပုံကို ညွှန်းကိန်းပြ ထုတ်ပြန်ထားပါတယ်။

 

play

 

စင်ကာပူပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံပေါင်း ၁၅၉ နိုင်ငံကို ဗီဇာရသည်ဖြစ်စေ ဗီဇာမလိုဘဲဖြစ်စေ လွယ်ကူစွာ သွားရောက်လည်ပတ်နိုင်ခွင့် ရနေပါပြီ။ ပါရာဂွေးနိုင်ငံရဲ့ ဗီဇာကန့်သတ်ချက်ကို ဖယ်ရှားပြီးနောက်မှာ စင်ကာပူပတ်စ်ပို့ဟာ အဆင့်တူနေတဲ့ ဂျာမနီပတ်စ်ပို့ကို ကျော်တက်ကာ သြဇာအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။ ယခင်ကတော့ ဂျာမနီရော စင်ကာပူပါ နိုင်ငံပေါင်း ၁၅၈ နိုင်ငံကိုသာ ဝင်ရောက်လည်ပတ်ခွင့် ရထားခဲ့ကြတာပါ။ အာရှနိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာ့သြဇာအကြီးဆုံးပတ်စ်ပို့အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

play

 

နိုင်ငံဝင်ရောက်ဖြတ်သန်းခွင့်ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့

ကမ္ဘာ့သြဇာအကြီးဆုံးပတ်စ်ပို့စ်များ

၁။ စင်ကာပူ - ၁၅၉ နိုင်ငံ

၂။ ဂျာမနီ - ၁၅၈ နိုင်ငံ

၃။ ဆွီဒင်၊ တောင်ကိုရီးယား - ၁၅၇ နိုင်ငံ

၎။ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ ပြင်သစ်၊ စပိန်၊ နော်ဝေး၊ ဂျပန်၊ ယူကေ - ၁၅၆ နိုင်ငံ

၅။ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ ပေါ်တူဂီ - ၁၅၅ နိုင်ငံ

၆။ မလေးရှား၊ အိုင်ယာလန်၊ ကနေဒါ၊ အမေရိကန်ပြည်ထောင်စု - ၁၅၄ နိုင်ငံ

၇။ သြစတြေးလျ၊ ဂရိ၊ နယူးဇီလန် - ၁၅၃ နိုင်ငံ

၈။ မာလ်တာ၊ ချက်ဇ်၊ အိုက်စ်လန် - ၁၅၂ နိုင်ငံ

၉။ ဟန်ဂေရီ - ၁၅၀ နိုင်ငံ

၁၀။ ဆလိုဗေးနီးယား၊ ဆလိုဗေးကီးယား၊ ပိုလန်၊ လီသူယန်းနီးယား၊ လတ်ဗီးယား - ၁၄၉ နိုင်ငံ

Source : CNN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ