Travel: ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတဲ့ ပါရီ

လူနေမှုဘ၀၊ ယဉ်ကျေးမှုအနုလက်ရာတွေကို ထည့်သွင်းတွက်ချက်ရတယ်။

ပြင်သစ်နိုင်ငံရဲ့မြို့တော် ပါရီ (ပဲရစ်)ကို ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။ ကမ္ဘာပေါ်က ယဉ်ကျေးမှုအနုလက်ရာနဲ့ဖက်ရှင်ကျတဲ့နေရာ ၁၀၀ စာရင်းမှာ နံပါတ်တစ်နေရာက ရပ်တည်နေတာဖြစ်ပါတယ်။

play

 

ဒီစာရင်းဟာ ဗိသုကာဆိုင်ရာအလှအပကနေ လူတွေနေထိုင်ကြပုံ၊ အလုပ်လုပ်ပုံ သို့မဟုတ် လည်ပတ်ခဲ့ကြပုံ စတဲ့အချက်အလက်တွေကို အခြေခံထားတယ်လို့ သိရပါတယ်။ သန့်ရှင်းမှု၊ ယဉ်ကျေးမှုလက်ရာနဲ့ စတိုင်လ်တွေကလည်း အဆင့်သတ်မှတ်ရာမှာ ထည့်သွင်းတွက်ချက်နိုင်ဖို့အတွက် ဖက်ရှင်ကျွမ်းကျင်သူတွေ၊ ဗိသုကာပညာရှင်တွေနဲ့ အခြားပညာရှင်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

 

play

 

ကမ္ဘာ့အလှဆုံးမြို့တော်အဖြစ် သတ်မှတ်ရာမှာ ပါရီရဲ့နောက်က လန်ဒန်၊ ဗီယင်နာမြို့တို့ ရပ်တည်နေပြီး နယူးယော့ခ်နဲ့ ဘာစီလိုနာတို့လည်း ပါဝင်ပါတယ်။ အချက်အလက်တွေကို စုဆောင်းတာကတော့ ဖက်ရှင်အက်ပလီကေးရှင်း Zalando ဖြစ်တယ်လို့ သိရတယ်။

play

 

အလှဆုံးမြို့တော်စာရင်းရဲ့ ထိပ်ဆုံးမြို့တော် ၃၀ မှာ တိုကျိုလည်းပါဝင်ခဲ့ပါတယ်။ ဥရောပနဲ့ အမေရိကားက မဟုတ်ဘဲ ထိပ်ဆုံးစာရင်းမှာရှိနေတဲ့မြို့တော်လည်းဖြစ်ပါတယ်။

Source : Daily Mail

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ