ပိုက်ဆံထည့်ပြီး ခလုတ်နှိပ်လိုက်တာနဲ့ ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းကို ရနိုင်မယ့် ဈေးရောင်းစက်လေးတွေကို ဂျပန်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ဒီစက်လေးတွေက ဂျပန်နိုင်ငံကို အဓိကပံ့ပိုးပေးနေတဲ့ ယဉ်ကျေးမှုတစ်ခုလို့လည်း ပြောရပါလိမ့်မယ်။

 

ဂျပန်နိုင်ငံမှာ ဈေးရောင်းစက် အလုံးရေပေါင်း ၅.၅ သန်းကျော် ရှိပါတယ်။ နိုင်ငံရဲ့ လူဦးရေ အရေအတွက်နဲ့ယှဉ်ရင် လူ ၂၃ ဦးကို စက်တစ်လုံးနှုန်းနဲ့ ဝန်ဆောင်မှု ပေးနေတာဖြစ်ပြီး လူဦးရေနဲ့စက် အချိုးကျတွက်ရင် ကမ္ဘာပေါ်မှာ အများဆုံးနှုန်း ရှိနေတာပါပဲ။

play

 

ဒီစက်တွေဟာ လူနေထူထပ်တဲ့ နေရာတွေမှာမှ တွေ့ရတာမဟုတ်ပါဘူး။ နေရာတိုင်းလိုလိုမှာကို တွေ့နေရတာပါ။ ဂျပန်ကိုရောက်တာနဲ့ ဒီစက်တွေကို နေရာတိုင်းမှာ တွေ့ရပါလိမ့်မယ်။ အများအားဖြင့်တော့ အပူ၊ အအေး သောက်စရာတွေကို ရောင်းချပါတယ်။ တချို့စက်တွေမှာတော့ ထူးထူးဆန်းဆန်းလေးတွေ ရောင်းတာလည်းရှိတယ်။

play

 

ညရောက်တဲ့အခါဆိုရင်လည်း စက်တွေက ရပ်နားသွားမယ့်အစား မီးတွေလင်းလာပြီး ဆက်ရောင်းနေဦးမှာပါ။ ရာသီဥတုဒဏ်ကိုလည်း မမှုကြတဲ့ စက်တွေ ဖြစ်ပါတယ်။ နှင်းတောထဲမြုပ်သွားရင်တောင်မှ စက်တွေက အလုပ်လုပ်နေသေးတယ်လို့ သိရတယ်။

play

 

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မှုခင်းဖြစ်ပွားမှုအနည်းဆုံးနိုင်ငံတွေထဲမှာလည်း ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ဈေးရောင်းစက်လေးတွေဟာ ခိုးယူဖျက်ဆီးခြင်း ခံရတယ်ဆိုတဲ့ သတင်းကလည်း ကြားတောင့်ကြားရခဲ ဖြစ်ပါတယ်။ ဒီစက်တွေ အောင်မြင်နေရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းကတော့ ဂျပန်တွေဟာ လွယ်ကူသက်သာတာကို သဘောကျကြလို့ပါပဲ။

Postby

 

လွယ်လင့်တကူ ဝယ်ယူနိုင်ပြီး နေရာတိုင်းမှာ ရှိနေတတ်တဲ့ ဈေးရောင်းစက်လေးတွေက ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်တယ်လို့ CNN သတင်းဌာနက ဆောင်းပါးရေးသား ဖော်ပြခဲ့ပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video