Travel: အရှင်လတ်လတ်အပြုတ်ခံရပြီး သေသွားနိုင်လောက်အောင်ပူတဲ့မြစ်

မြစ်ထဲကို ပြုတ်ကျသွားတဲ့ သတ္တဝါမှန်သမျှ အသက်မရှင်နိုင်တော့ပါဘူး။

အမေဇုန်တောကြီးဟာ လေ့လာစရာတွေ အများကြီး ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ အပြင်မှာ မမြင်ရတဲ့အရာတွေကို ဒီတောကြီးထဲမှာ လေ့လာတွေ့ရှိရပါတယ်။ ဒီလိုလေ့လာစရာတွေထဲမှာက မြစ်တစ်စင်းကတော့ ကမ္ဘာကိုပျံ့နှံ့သွားလောက်အောင် နာမည်ကြီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြစ်ရေတွေက ပွက်ပွက်ဆူ ပူလောင်လွန်းလို့ပါပဲ။

play

 

Andrés Ruzo ဟာ ပီရူးနိုင်ငံ Mayantuyacu ဒေသထဲမှာ ဒီမြစ်ကို တွေ့ရှိခဲ့ပြီးနောက် ဗီဒီယိုရိုက်ကူးကာ Great Big Story က ထုတ်လုပ်တင်ဆက်ပေးခဲ့ပါတယ်။ ထူးဆန်းတဲ့မြစ်ရဲ့အမည်က Shanaytimpishka လို့ ခေါ်ပြီး အဓိပ္ပာယ်ကတော့ ဒေသခံဘာသာစကားနဲ့ နေမင်းရဲ့အပူလို ဆူပွက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။

 

မြစ်ရေတွေက ဆူပွက်နေပြီး မြစ်ထဲကို ပြုတ်ကျသွားတဲ့ သတ္တဝါမှန်သမျှ အသက်မရှင်နိုင်တော့ပါဘူး။

play

 

မြစ်ပေါ်ကလာတဲ့လေဟာ အရမ်းကိုကြီးမားပြင်းထန်ပြီး လေကအစ ပူလွန်းလို့ ရှုမိလိုက်တာနဲ့ နှာခေါင်းနဲ့ အဆုတ်တွေထဲမှာပါ ပူလောင်သွားတာကို ခံစားရပါတယ်။ ရူဇိုကတော့ မြစ်ရေရဲ့ အပူဆုံးက ၂၁၀ ဒီဂရီ ဖာရင်ဟိုက် (၁၀၀ ဒီဂရီ စင်တီဂရိတ်) ရှိတယ်လို့ တိုင်းတာခဲ့ရကြောင်း ပြောပါတယ်။ ကော်ဖီတစ်ခွက်ရဲ့ အပူချိန်တောင်မှ ၅၅ ဒီဂရီ စင်တီဂရိတ်သာ ရှိတာမို့ မြစ်ရဲ့အပူချိန်က မတွေးရဲစရာပါပဲ။

Postby

 

မြစ်ရဲ့အကျယ်ပြန့်ဆုံးနေရာဟာ ၈၂ ပေ ရှိပြီး အနက်က ပေ ၂၀ ခန့် ရှိပါတယ်။ လက်ဖက်ရည်ဖျော်လို့ရလောက်အောင် မြစ်ရေက ပူနေပြီး တချို့နေရာမှာဆို ဆူပွက်နေတာ တွေ့ရတယ်။

play

 

ရူဇိုဟာ တက္ကဆက်ပြည်နယ်က Southern Methodist University မှာ ဘူမိရူပဗေဒ ပါရဂူတန်း တက်ရောက်နေသူ ဖြစ်ပြီး ဒီမြစ်ကို သူ့ဆန္ဒအလျောက် ရှာဖွေခဲ့တာဖြစ်ပါတယ်။ ဒီမြစ်ဟာ ပီရူးနိုင်ငံရဲ့ ဂန္ထဝင်မြစ်တစ်စင်းအနေနဲ့ ဒဏ္ဍာရီအဖြစ် ကြားသိခဲ့ရပါတယ်။ ရူဇိုကိုလည်း သူ့အဖိုးက ပြောခဲ့တာပါ။ ခုတော့ သူ တကယ်ပဲ ဒဏ္ဍာရီထဲက မြစ်ကို ရှာတွေ့ခဲ့ပါပြီ။ သူ့အနေနဲ့ သဘာဝအလျောက်ဖြစ်တည်နေတဲ့ အံဖွယ်ရာတွေကို ထိန်းသိမ်းဖို့အတွက်ကြိုးစားနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ