Travel: လာအိုကိုအလည်အပတ်သွားမယ်ဆိုရင် မလုပ်သင့်တဲ့အရာ (၆) မျိုး

, updated

အရင်တုံးက နိုင်ငံခြားကို အလည်အပတ် ခရီးသွားမယ်ဆိုရင် စင်္ကာပူတို့၊ ထိုင်းတို့လောက်ကိုပဲ လူစိတ်ဝင်စားကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဗီယက်နမ်တို့၊ ဖီလစ်ပိုင်တို့၊ လာအိုတို့ကိုလည်း သွားလာကြပါတယ်။

မြန်မာနိုင်ငံ တံခါးဖွင့်စီးပွားရေး ပြန်လည်ကျင့်သုံးပြီးနောက်မှာ အရှေ့တောင်အာရှက အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီး ကူးလူးဆက်ဆံ လာပါတယ်။ အရင်တုံးက နိုင်ငံခြားကို အလည်အပတ် ခရီးသွားမယ်ဆိုရင် စင်္ကာပူတို့၊ ထိုင်းတို့လောက်ကိုပဲ လူစိတ်ဝင်စားကြပေမယ့် အခုနောက်ပိုင်းမှာတော့ ဗီယက်နမ်တို့၊ ဖီလစ်ပိုင်တို့၊ လာအိုတို့ကိုလည်း သွားလာကြပါတယ်။ အထူးသဖြင့် လာအိုကို အလည်အပတ် သွားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်လေးတွေရှိပါတယ်။

၁။ ဧည့်လမ်းညွှန်မပါဘဲ တောင်တက်လမ်းလျှောက် မထွက်ပါနဲ့

play
 

လာအိုဟာ တခြားနိုင်ငံတွေထက်စာရင် ရာဇဝတ်မှုနဲ့ လုယက်မှုတွေ နည်းပါးတယ်လို့ ဆိုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့် အန္တရာယ်လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အတွင်း လာအိုနိုင်ငံ အနှံ့အပြားမှာ မြေမြှုပ်မိုင်း သန်း (၂၆၀) လောက် မြှုပ်နှံစွန့်ပစ်ထားပါတယ်။

အခုအချိန်ထိ မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း ထောင်နဲ့ချီပြီး နိုင်ငံအနှံ့မှာ ရှိနေဆဲပါ။ အဲဒီမိုင်းတွေကြောင့် နှစ်စဉ် လူ (၁၀၀) ကျော် သေဆုံး၊ ထိခိုက်ဒဏ်ရာရနေပါတယ်။ ဒါကြောင့် တောပိုင်းမှာ တောင်တက်လမ်းလျှောက်ထွက်မယ်ဆိုရင် လမ်းကြောင်းအတိုင်းပဲ လိုက်ပါ။ အကောင်းဆုံးကတော့ လမ်းညွှန်မပါဘဲ ခရီးမသွားတာ အကောင်းဆုံးပါပဲ။

၂။ တစ်ယောက်ယောက်ကို ခြေထောက်နဲ့ မနင်းမိပါစေနဲ့

ထိုင်နေတဲ့တစ်ယောက်ယောက်ကို ခြေထောက်နဲ့ တက်နင်းမိခြင်း (သို့) ကျော်ခွမိခြင်းဟာ လာအိုယဉ်ကျေးမှုမှာတော့ အရမ်းရိုင်းပြတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ကားပေါ်မှာထိုင်နေရင်း (သို့) စားသောက်ဆိုင်တစ်ခုခုက စားပွဲဝိုင်းမှာ အတူထိုင်နေရင်း မတော်တဆ ကန်မိတာတို့၊ ခြေထောက်နဲ့ တိုက်မိတာတို့ဆိုရင်လည်း အတူတူပါပဲ။ ဒါကြောင့် စားပွဲဝိုင်းတစ်ခုကို လာအိုလူမျိုးတွေနဲ့ တူတူထိုင်ရတော့မယ်ဆိုရင် ခြေချိတ်မထိုင်တာက ပိုအန္တရာယ်ကင်းပါလိမ့်မယ်။

၃။ အိမ်ထဲမှာ ဖိနပ်မစီးပါနဲ့

play
 

အရှေ့တောင်အာရှနိုင်ငံ တော်တော်များများကတော့ ဖိနပ်ကို အပြင်သွားမှစီးကြပြီး အိမ်ထဲမှာတော့ အိမ်နေရင်းစီးဖိနပ် (သို့) ခြေဖလာနဲ့ပဲ နေကြပါတယ်။ လာအိုမှာတော့ တချို့စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေမှာတောင် ဖိနပ်စီးခြင်းကို တားမြစ်ထားကြပါတယ်။ တကယ်လို့ အိမ်ရှင်က ဖိနပ်စီးနိုင်ပါတယ်လို့ ပြောလာရင်တောင် သူတို့ဖိနပ်စီးမထားရင် ကိုယ်လည်း မစီးသင့်ပါဘူး။

 

၎။ ဒေါသတကြီး မအော်ဟစ်ပါနဲ့

play

လာအိုလူမျိုးတွေက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် လူရှေ့သူရှေ့မှာ ဒေါသတကြီး မပြောဆိုတတ်ပါဘူး။ အဲဒီလို အော်ဟစ်တာ ကိုလည်း လာအိုယဉ်ကျေးမှုမှာ အားမပေးထားပါဘူး။ ဒါ့အပြင် လာအိုလူမျိုးတွေက ဘာမဆို အေးအေးဆေးဆေးပဲ လုပ်တတ်တဲ့ အတွက် ဝန်ဆောင်မှုပေးတဲ့ နေရာမျိုးတွေမှာ နှေးကွေးကြန့်ကြာနိုင်တာလေးတွေ ရှိပါတယ်။ အဲဒီအခါ စိတ်ရှည်ရှည်ထားနိုင်ဖို့ပဲ ကြိုးစားကြည့်ပါ။

၅။ လူရှေ့သူရှေ့မှာ ပွေ့ဖက်နမ်းရှုံ့ခြင်း မပြုပါနဲ့

လာအိုလူမျိုးတွေဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ချစ်သူရည်းစားတွေကြား ခန္ဓာကိုယ်ချင်း ထိတွေ့ရင်းနှီးမှု ပြသခြင်းကို လူရှေ့သူရှေ့မှာ မလုပ်တတ်ကြပါဘူး။ လူလည်ခေါင်မှာ ပွေ့ဖက်နမ်းရှုံ့တာကိုလည်း မျက်မှောင်ကုတ် ကြည့်တတ်ကြပါတယ်။ ဥပဒေအရလည်း နိုင်ငံခြားသားတစ်ယောက်ကို လာအိုလူမျိုးတစ်ယောက်နဲ့ လက်မထပ်ဘဲ အတူနေခြင်းကို တားမြစ်ထားပါတယ်။ လိင်တူ၊ လိင်ကွဲ နှစ်မျိုးလုံးအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။

၆။ ကမ်းခြေမှာ ဘီကီနီနဲ့ လျှောက်မသွားပါနဲ့

play
 

လာအိုလူမျိုးတွေ ရေကူးရင် လုံခြုံတဲ့ အဝတ်အစားတွေဝတ်ပြီး ရေကူးတာ ဒါမှမဟုတ် ယောက်ျားလေးတွေဆိုရင် အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်လောက်ဝတ်ပြီး ရေကူးတာတွေကို တွေ့ရပါလိမ့်မယ်။ ကမ်းခြေမှာ ဘီကီနီဝတ်ပြီး ရေကူးခြင်းကို မပြုလုပ်ကြပါဘူး။ ဒါကြောင့် အလည်အပတ်သွားရောက်သူ နိုင်ငံခြားသားတွေလည်း ထိန်းသိမ်းရှောင်ကြဉ်သင့်ပါတယ်။ နောက်ပြီး ရေကူးဝတ်စုံ (ဘီကီနီ) ဝတ်ပြီး လူအများရှေ့မှာ လျှောက်သွားခြင်းကိုလည်း မပြုလုပ်သင့်ပါဘူး။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ