AD
AD
AD

ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုအမွေအနှစ် မြင့်မားပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဆိုတာ ငြင်းဖွယ်မရှိပါဘူး။ အေးမြတဲ့ ရာသီဥတု၊ နှင်းဖုံးနေတဲ့ ဖူဂျီတောင်၊ ချယ်ရီပန်း မွှေးမွှေးလေးတွေ စသည်ဖြင့် ဂျပန်ပြည်ဟာ နေချင်စဖွယ် ကောင်းလှပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့ကြီးတွေထဲမှာမှ တိုကျိုမြို့ဟာ ထူးဆန်းတဲ့ အတွေ့အကြုံသစ်တွေကို ပေးစွမ်းနိုင်မှုကြောင့် နာမည်ကြီးပါတယ်။ တိုကျိုမြို့မှာ အလည်အပတ်သွားရင် ဘာအတွေ့အကြုံသစ်တွေကို ရရှိခံစားနိုင်လဲဆိုတော့...

၁။ ကာဝိုင်အီ မကောင်းဆိုးဝါးတွေနဲ့ ကခုန်မယ်

play
 

တာကီရှီတာလမ်းနားက ကာဝိုင်အီ မွန်းစတားကဖေးမှာ ဟာရာဂျူကီရဲ့ ဝိဉာဉ်ကို ပုံဖော်ဖန်တီးထားတဲ့ ကာဝိုင်အီမကောင်းဆိုးဝါး (Kawaii monster) တွေနဲ့အတူ ကခုန်နိုင်ပါတယ်။ အဲဒီမှာ အထူးပုံဖော်ဖန်တီးထားတဲ့ အခန်းတစ်ခန်းမှာ နေရာယူပြီး ဂျပန်ရိုးရာအစားအစာတွေ၊ နိုင်ငံတကာအစားအစာတွေ၊ အဖျော်ယမကာတွေကို စားသုံးရင်း အကတွေကို ခံစားနိုင်တာပါ။

စားသောက်ဆိုင်ရဲ့ အလည်ဗဟိုမှာတော့ စင်မြင့်ကြီးတစ်ခုကိုချထားပြီါ် အဲဒီစင်မြင့်ပေါ်မှာ ရိုးရာကပွဲ အစီအစဉ်တွေကို ကျင်းပတာပါ။ ကံကောင်းတဲ့ ပရိသတ်တစ်ယောက်ကတော့ အတူတူ ဝင်ကဖို့ ဖိတ်ခေါ်ခံရနိုင်ပါတယ်။

၂။ ဇီးကွက်တွေကြားမှာ ကော်ဖီသောက်မယ်

တိုကျိုမြို့ဟာ အိမ်မွေးတိရစ္ဆာန် ကော်ဖီဆိုင်တွေကြောင့် နာမည်ကျော်ကြားပါတယ်။ အဲဒီ အိမ်မွေးတိရစ္ဆာန် ကော်ဖီဆိုင်တွေမှာ ထိုင်ရင်း အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဆော့ကစားနိုင်ပါတယ်။ အိမ်မွေး တိရစ္ဆာန်ဆိုတဲ့ထဲမှာ မြွေတွေလို ထူးထူးဆန်းဆန်း အိမ်မွေးတိရစ္ဆာန် တွေသာမက ယုန်လေးတွေ၊ ကြောင်လေးတွေလို ချစ်စရာအိမ်မွေးတိရစ္ဆာန်တွေလည်း ပါဝင်ပါတယ်။

တိုကျိုမြို့မှာတော့ ဇီးကွက်ကဖေးဆိုတဲ့ ထူးထူးခြားခြား ကော်ဖီဆိုင်ရှိပြီး မျက်လုံးပြူးပြူး ဇီးကွက်တွေကြားထဲမှာ ကော်ဖီသောက်ချင်တဲ့ သူတွေအတွက်တော့ ထူးခြားတဲ့ အတွေ့အကြုံပါပဲ။

၃။ Capsule ဟိုတယ်မှာ တည်းကြမယ်

play
 

Capsule ဟိုတယ်ဆိုတာ ဂျပန်နိုင်ငံက တီထွင်ထားတဲ့ ဟိုတယ်တစ်မျိုးဖြစ်ပြီး အိပ်စင်ပုံစံ အခန်းငယ်လေးတွေမှာ တည်းခိုရတဲ့ ပုံစံမျိုးပါ။ Capsule ဟိုတယ်တွေဟာ ဈေးပေါတဲ့အတွက် ပုံမှန်ဟိုတယ်တွေမှာ မတည်းနိုင်/ မတည်းလိုဘဲ ဈေးသက်သက်သာသာနဲ့ တစ်ညတာ ကျောခင်းဖို့ပဲ ရှာဖွေနေတဲ့ သူတွေအတွက်တော့ အသင့်တော်ဆုံးပါပဲ။ ဒီဟိုတယ်တွေဟာ ဂျပန်မှာ ရှိခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီး ကြာပါပြီ။ စရိတ်ခြွေတာချင်လို့ပဲဖြစ်ဖြစ်၊ အတွေ့အကြုံသစ် လိုချင်လို့ပဲဖြစ်ဖြစ် capsule ဟိုတယ်တွေဟာ အသင့်တော်ဆုံးပါပဲ။

 

၎။ စက်ရုပ်ပြပွဲကြည့်ရင်း ညစာစားမယ်

play
 

ဂျပန်နိုင်ငံဟာ စက်ရုပ်နည်းပညာမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာတော့ ငြင်းဖွယ်မရှိပါဘူး။ တိုကျိုမှာ night out ထွက်မယ်ဆိုရင် (ညဘက် ထွက်လည်မယ်ဆိုရင်) တိုကျိုမြို့၊ ရှင်ဂျူကုရပ်ကွက်က စက်ရုပ်စားတော်ဆက်ဟာ အသင့်တော်ဆုံးပါပဲ။ စက်ရုပ်ပြပွဲကြည့်ရင်း ညစာစားနိုင်သလို အမှတ်တရလက်ဆောင်အဖြစ် စက်ရုပ်အသေးလေးတွေကိုလည်း ဝယ်ယူနိုင်ပါသေးတယ်။

၅။ Pachinko (ပက်ချင်ကို) ဆော့မယ်

play
 

Pachinko (ပက်ချင်ကို) ဟာ ဂျပန်နိုင်ငံမှာတော့ လူကြိုက်များတဲ့ ဂိမ်းတစ်မျိုးပါ။ ဒါကြောင့် တိုကျိုမြို့ထဲမှာ Pachinko (ပက်ချင်ကို) ဂိမ်းဆိုင်ကို ရှာတွေ့ဖို့ဆိုတာ သိပ်မခက်ပါဘူး။ Pachinko (ပက်ချင်ကို) ကစားနည်းဆိုတာ တကယ်တော့ လောင်းကစားနည်း တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ တကယ်လို့ လောင်းကစားလည်း ဝါသနာပါ၊ ကံလည်းစမ်းချင်တယ်ဆိုရင်တော့ တိုကျိုမြို့မှာ အဲဒီအရသာကို အပြည့်အဝ ခံစားနိုင်ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD