AD
AD
AD

အိုင်ယာလန်နိုင်ငံဟာ ထူးခြားလှပတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒဏ္ဍာရီပုံပြင်တွေ အသက်ဝင်လာတဲ့နေရာလို့တောင် ပြောစမှတ်ပြုခံရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းမှာလည်း ဒဏ္ဍာရီပုံပြင်ထဲကလို ရဲတိုက်ကြီးတွေ၊ နန်းတော်ကြီးတွေ ရှိပါတယ်။ ယခုဖော်ပြမှာကတော့ အိုင်ယာလန်နိုင်ငံမှာ တွေ့ရမယ့် သမိုင်းဝင် ဒဏ္ဍာရီရဲတိုက်ကြီးတွေပဲ ဖြစ်ပါတယ်။

၁။ Kylemore ရဲတိုက်

play
 

Kylemore ရဲတိုက်ကိုတော့ Kylemore တောအုပ်မှာ ဟန်နီးမွန်းထွက်ခဲ့ပြီး သာယာလှပတဲ့ တောတောင်ရှုခင်းကို သဘောကျသွားတဲ့ စုံတွဲတစ်တွဲမှ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးကို ၁၈၆၇ ခုနှစ်မှာ စတင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်သားပေါင်း တစ်ရာကျော် အသုံးပြုခဲ့တာတောင် ပြီးစီးဖို့ လေးနှစ်အချိန်ကြာခဲ့ပါတယ်။

ရဲတိုက်ကြီးထဲမှာ အခန်း (၇၀) ပါရှိပြီး စတုရန်းပေပေါင်း လေးသောင်းကျော် ကျယ်ဝန်းပါတယ်။ ဗစ်တိုရီးယားခေတ် ဥယျာဉ်တွေကိုလည်း ပြည်သူလူထု အလွယ်တကူ လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

၂။ Blarney ရဲတိုက်

play
 

Blarney ရဲတိုက်ကတော့ ၁၂၀၀ ပြည့်နှစ်မတိုင်ခင်တည်းက ဆောက်လုပ်ခဲ့တဲ့ ရဲတိုက်အိုကြီးပါ။ ဒါပေမယ့် လတ်တလော စစ်ဆေးမှုတွေအရ ၁၄၄၇ ခုနှစ်မှာ ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ပုံ ရပါတယ်။ ဒီရဲတိုက်ကြီးကို Muskerry မင်းဆက်ရဲ့ McCarthy ဘုရင် (Desmond ဘုရင်တွေရဲ့ မျိုးဆက်) မှ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ ရဲတိုက်ကြီးဟာ တစ်စိတ်တစ်ဒေသသာ ကျန်ရှိပြီး မြေပြင်ပေါ်မှာတော့ စိတ်ဝင်စားစရာ အစိတ်အပိုင်းတွေ ကျန်ရှိပါသေးတယ်။ နောက်ပြီး သူ့ရဲ့ကြီးမားတဲ့ ဥယျာဉ်ကြီးတွေက စိတ်ဝင်စားစရာပါပဲ။ ဒီရဲတိုက်ကိုလည်း ပြည်သူလူထု လေ့လာနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

 

၃။ Birr ရဲတိုက်

play
 

Birr ရဲတိုက်ကတော့ Rosse (၇) ဆက်မြောက် မှူးမတ်ကြီး (7th Earl of Rosse) ရဲ့ နေအိမ်ဖြစ်ပါတယ်။ ဒီရဲတိုက်ကိုတော့ နှစ်စဉ် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်ခဲ့ရပြီး ရဲတိုက်ကို အမွေဆက်ခံခဲ့တဲ့ မင်းဆက် အဆက်ဆက်မှ ပြုပြင်ထိန်းသိမ်းခဲ့ကြပါတယ်။ မြေညီထပ်နဲ့ ဥယျာဉ်ကိုတော့ ပြည်သူလူထု ကြည့်ရှုနိုင်အောင် ဖွင့်လှစ်ပေးထားပေမယ့် အိပ်ဆောင်နဲ့ ပုဂ္ဂလိက နေရာတွေကိုတော့ သွားလာခွင့်ပြု မထားပါဘူး။

၎။ McDermott ရဲတိုက်

play
 

McDermott ရဲတိုက်ဟာ ရဲတိုက်ကျွန်း (Castle Island) ပေါ်မှာတည်ရှိပြီး အိုင်ယာလန်နိုင်ငံ၊ Roscommon စီရင်စုက Key ရေကန်ရဲ့ အရှေ့တောင်ထောင့်မှာ တည်ရှိပါတယ်။ ရဲတိုက်က အခုချိန်မှာတော့ ပျက်ဆီးယိုယွင်းနေပြီဖြစ်ပြီး (၁၈) ရာစုကတည်းက လက်ရာဖြစ်ပါတယ်။

၅။ Trim ရဲတိုက်

play

လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ကမှ ဆောက်လုပ်ခဲ့တဲ့ Trim ရဲတိုက်ဟာ အိုင်ယာလန်နိုင်ငံမှာ အကြီးဆုံး နော်မန်ရဲတိုက်တစ်လုံး ဖြစ်ပါတယ်။ ရဲတိုက်ဟာ ကုန်းမြင့်ပိုင်းမှာ တည်ရှိပြီး Boyne မြစ်ကမ်းပေါ်မှာ နဖူးတင်ပြီး ဆောက်လုပ်ထားတာပါ။ ဒီရဲတိုက်ကို လေ့လာလည်ပတ်ချင်တယ် ဆိုရင်တော့ ဝင်ကြေးပေးပြီး ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဆောင်းရာသီမှာတော့ အစိုးရရုံးပိတ်ရက် တွေမှပဲ ဝင်ရောက်ခွင့်ပြုထားပါတယ်။

Source: traveldaisy

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD