သဘာဝတရားကြီးက ကျွန်တော်တို့ကို သဘာဝအလှအပတွေ ဖန်ဆင်းပြီး ကမ္ဘာလောကကြီးမှာ နေပျော်အောင် အလှဆင် ပေးထားပါတယ်။ လူတွေပြုလုပ်ဖန်တီးထားတဲ့ မြို့ပြလူနေမှုတွေ၊ စက်ပစ္စည်းတွေကြားက ရုန်းထွက်ရင်း သဘာဝအလှတရား စစ်စစ်ကို ခံစားချင်တယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ အလှပဆုံး ပင်လယ်လှိုဏ်ဂူတွေအကြောင်း သိထားဖို့တော့ လိုမယ်နော်။

၁။ Fingal's Cave (ဖင်ဂယ်လှိုဏ်ဂူ)

play
 

စကော့တလန်နိုင်ငံက Fingal's Cave (ဖင်ဂယ်လှိုဏ်ဂူ) ဟာ (၇၂) ပေမြင့်ပြီး ပေ (၇၀) ကျယ်ဝန်းပါတယ်။ Fingal's Cave (ဖင်ဂယ်လှိုဏ်ဂူ) ဟာ လူသူအရောက်အပေါက်နည်းတဲ့ Staffa ကျွန်းမှာတည်ရှိပြီး ဂူထဲမှာ ဆဋ္ဌဂံပုံစံ မီးတောက်ကျောက်နက် တိုင်ကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ လှိုဏ်ဂူရဲ့ လှပမှုက ကမ္ဘာကျော်ဂီတဝိုင်းတစ်ခုဖြစ်တဲ့ Pink Flyod ကိုတောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ (Pink Flyod ရဲ့ အစောပိုင်းသီချင်းတစ်ပုဒ်ကိုတောင် ဒီလှိုဏ်ဂူနာမည် ပေးခဲ့ပါတယ်။)

၂။ Ana Kakenga လှိုဏ်ဂူ

play
 

ချီလီနိုင်ငံ၊ အီစတာကျွန်းပေါ်က  Ana Kakenga လှိုဏ်ဂူက နိုင်ငံမှာ လည်ပတ်သူအများဆုံး လှိုဏ်ဂူတစ်ခု ဖြစ်ပါတယ်။ လှိုဏ်ဂူထဲကို အလည်အပတ်သွားဖို့အတွက် အရင်ဆုံး နှစ်ပေအကျယ်ခန့်ရှိတဲ့ တွင်းလေးထဲကို အရင်ဝင်ရပါမယ်။ ဧည့်လမ်းညွှန်သာမပါရင် ဝင်ပေါက်က ရှာရတော်တော် ခက်တာပါ။ မီးတောင်ကျောက်သား နံရံပါရှိတဲ့ (၁၆၄) ပေ ရှည်လျားတဲ့ တွင်းထဲကို ဝင်ပြီးတဲ့ နောက်မှာတော့ ရေပြင်ကို ကြည့်ငေးနေတဲ့ သဘာဝပြတင်းပေါက် နှစ်ခုကို တွေ့မြင်ရမှာပါ။

၃။ အပြာရောင်လှိုဏ်ဂူများ

play
 

ဂရိကျွန်းဆွယ်ရဲ့ မြောက်အရပ်စွန်းစွန်းမှာ Zakynthos အပြာရောင်လှိုဏ်ဂူတွေ တည်ရှိပါတယ်။ အဲဒီအပြာရောင်လှိုဏ်ဂူတွေထဲမှာမှ အကြီးဆုံးကတော့ Kianoun ဂူပဲ ဖြစ်ပါတယ်။ နှစ်စဉ် ဒီလှိုဏ်ဂူတွေထဲကို လာရောက်လည်ပတ်သူ ထောင်နဲ့ချီပြီး ရှိပါတယ်။ အပြာရောင် လှိုဏ်ဂူတွေကို လာရောက်လည်ပတ်သူတွေအတွက် (၁၈၉၇) ခုနှစ်ကတည်းက ဖွင့်ပေးခဲ့တာပါ။

ဝန်းကျင်က ကျောက်ဆောင်ဖြူတွေဟာ ရေပြာရောင်မှာ ထင်ဟပ်နေပြီး လှိုဏ်ဂူတွေကို စိမ်းပြာရောင်သမ်းစေပါတယ်။ အပြာရောင် လှိုဏ်ဂူတွေကို လည်ပတ်ချင်ရင်တော့ လှေစီးပြီး သွားလာနိုင်ပါတယ်။

 

၎။ မာဘယ်လ်ကျောက်လှိုဏ်ဂူများ

play
 

ချီလီနိုင်ငံ၊ ချီကိုအရပ်က Carrera ရေကန်အလည်ဗဟိုက Patagonian ကျွန်းဆွယ်မှာတည်ရှိတဲ့ မာဘယ်လ်ကျောက် လှိုဏ်ဂူတွေကို သွားချင်ရင်တော့ လှေနဲ့ပဲ သွားလို့ရပါတယ်။ လူသူ အရောက်အပေါက်နည်းတဲ့ လှိုဏ်ဂူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၂၀၀) ကတည်းက ပေါ်ပေါက်ခဲ့ပြီး အခုချိန်ထိ အံ့ဖွယ်သဘာဝ ကျောက်လှိုဏ်ဂူတွေအထိ ရပ်တည်နေဆဲပါပဲ။

ကြည်လင်တဲ့ ရေပြင်နဲ့ ဝန်းရံထားတဲ့အတွက် အောက်ခြေက ကျောက်ဆောင်တွေ၊ အပေါ်က ကျောက်စက်ပန်းဆွဲတွေကိုလည်း ထင်ရှားစွာ တွေ့မြင်ရပါတယ်။ နေဝင်ချိန်နဲ့ နေထွက်ချိန်တွေမှာ လည်ပတ်ဖို့ အကောင်းဆုံးဖြစ်ပြီး အဲဒီအချိန်တွေမှာဆို နေရောင်ခြည်တွေက ဂူနံရံပေါ်မှာ ထင်ဟပ်ပြီး လှပလို့နေပါတယ်။

၅။ Blue Grotto လှိုဏ်ဂူ

play
 

အီတလီနိုင်ငံက Blue Grotto လှိုဏ်ဂူကတော့ ကမ္ဘာပေါ်မှာ လူသိအများဆုံး ပင်လယ်လှိုဏ်ဂူတစ်ခု ဖြစ်ပါတယ်။ သူ့မှာ စိတ်ဝင်စားစရာ နောက်ကြောင်းလည်းရှိပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀၀၀) လောက်က ဒီလှိုဏ်ဂူတွေကို ပင်လယ်ဘုရားကျောင်း တစ်ခုအဖြစ် အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဝိဉာဉ်တွေ၊ နတ်ဆိုးတွေ ဂူထဲမှာ ကျက်စားနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လာလို့ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရပါတယ်။

၁၈၂၆ ခုနှစ်မှာတော့ ရှာဖွေသူသုံးယောက်က လှိုဏ်ဂူကို ပြန်ရှာတွေ့ခဲ့ပြီး အဲဒီအချိန်ကတည်းက အများပြည်သူ လေ့လာနိုင်အောင် ဖွင့်လှစ်ထားပေးခဲ့ပါတယ်။ နေ့လည် (၁၂) နာရီနဲ့ (၂) နာရီကြားမှာ လည်ပတ်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ရေအောက်လှိုဏ်ပေါက်ကနေတဆင့် နေရောင်ခြည်ထိုးဖောက် ဝင်ရောက်လာလို့ ဖြစ်လာတဲ့ အပြာရောင်က အဲဒီအချိန်မှာ အတောက်ပဆုံး၊ အလှပဆုံး ဖြစ်နေလို့ပါပဲ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video