AD
AD
AD

ကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေ၊ ကျွန်းစုတွေ စုဝေးတည်ရှိနေတဲ့ အရပ်ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အဓိကကျွန်းစုတစ်ခုဖြစ်တဲ့ Cebu မြို့ကို ရောက်ရင် အနီးတဝိုက်မှာ သွားရောက်လည်ပတ်နိုင်တဲ့ သာယာလှပတဲ့ ကမ်းခြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Lambug ကမ်းခြေ

play
 

Cebu မြို့ကနေ သုံးနာရီလောက် ကားစီးလိုက်ရင် ရောက်နိုင်တာကတော့ Badian ဒေသက Lambug ကမ်းခြေပါ။ Lambug ကမ်းခြေဟာ ဖြူလွတဲ့ သဲသောင်ပြင်နဲ့ လှိုင်းလုံးကြီးတွေနဲ့ တင့်တယ်လှပတဲ့ ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။

ပြည်သူပိုင်ကမ်းခြေတစ်ခု ဖြစ်တဲ့အတွက် နယ်ခံဈေးဆိုင်လေးတွေနဲ့ အဆောက်အဦးတွေကလွဲရင် များများစားစားတော့ မရှိသေးပါဘူး။ ရိုးရှင်းပြီး စိတ်အပန်းဖြေမှုကို ရှာဖွေနေသူတွေအတွက်တော့ Lambug ကမ်းခြေက အကောင်းဆုံးပါပဲ။ နေပူစာလေးလှုံရင်း၊ ဘီယာအေးအေးလေးသောက်ရင် ဇိမ်ခံနိုင်တဲ့ ကမ်းခြေလေးပါ။

၂။ Panagsama ကမ်းခြေ

play
 

နောက်ထပ်ကမ်းခြေတစ်ခုမှာတော့ နေပူစာလှုံနေတဲ့ လူအုပ်ကြီးတို့၊ သဲသောင်ပြင်ပေါ်မှာ ထိုးထားတဲ့ ရွက်ဖျင်တဲတို့ကိုတော့ မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒီကမ်းခြေကို တမူထူးခြားစေတဲ့ အချက်ကတော့ ကမ်းစပ်အလွန်မှာ ရှိနေတာပါ။ Panagsama ကမ်းခြေနဲ့ မီတာ (၅၀) အကွာမှာ ဆာဒင်းငါး (ငါးသေတ္တာငါး) အုပ်ကြီးကို တွေ့မြင်နိုင်ပါတယ်။

မော်တော်ဘုတ်လေးစီးရင်း၊ ပင်လယ်ကမ်းခြေအလှနဲ့ သဘာဝအလှကို ခံစားချင်ရင်တော့ ရေမြှုပ်ကိရိယာလေးတွေ ယူလာဖို့တော့ မမေ့နဲ့ပေါ့။ ပါမလာခဲ့ရင်လည်း ကမ်းခြေက အေဂျင်စီတွေမှာ ငှားလို့ရပါတယ်။ ဆာဒင်းငါးတွေ၊ လိပ်တွေနဲ့အတူ ရေကူးနိုင်သလို ကံကောင်းရင် ဝေလငါးတွေကိုတောင် တွေ့နိုင်ပါသေးတယ်။

၃။ Hermit ပင်လယ်ကွေ့

play
 

Cebu မြို့နဲ့ နှစ်နာရီအကွာမှာ တည်ရှိတာကတော့ Hermit ပင်လယ်ကွေ့ပါ။ မြို့နဲ့အနီးဆုံး ပင်လယ်ကမ်းခြေတစ်ခုလို့လည်း ဆိုကြပါတယ်။ ကမ်းခြေသာယာလှပရေးကို ဦးစားပေးထားလို့ စည်းမျဉ်းစည်းကမ်းတော့ နည်းနည်းတင်းကြပ်ပါတယ်။ အရက်သေစာ သောက်စားခြင်းနဲ့ ညဘက်တည်းခိုခြင်းကို ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် ရှုခင်းတွေကတော့ အထူးလှပပြီး နေ့ခင်းဘက်မှာ လည်ပတ်အပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပါ။

 

၎။ ရှန်ဂရီလာ အပန်းဖြေစခန်း

play
 

မြို့နဲ့အရမ်း မဝေးတဲ့နေရာမှာ အပန်းဖြေစခန်းတစ်ခု ရှာဖွေနေတယ်ဆိုရင်တော့ Cebu အပြည်ပြည်ဆိုင်ရာ လေဆိပ်နားမှာပဲ အပန်းဖြေစခန်းတစ်ခု ရှိပါတယ်။ ရှန်ဂရီလာ အပန်းဖြေစခန်းဟာ Mactan ကျွန်းပေါ်မှာတည်ရှိပြီး Cebu ကျွန်းမကြီးနဲ့ တံတားထိုးပြီး ဆက်သွယ်ထားပါတယ်။ ရှန်ဂရီလာ အပန်းဖြေစခန်းမှာ လှပတဲ့ရှုခင်းတွေ၊ သာယာတဲ့ ကမ်းခြေတွေအပြင် ဇိမ်ကျကျ အနားယူနိုင်တဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။ ကမ်းခြေမှာ ကော့တေးလ် (cocktail) လေးသောက်လိုက်၊ သဲသောင်ပြင်အားကစားလေးတွေမှာ ပါဝင်ကစားလိုက် လုပ်ရင်း အပန်းဖြေနိုင်ပါတယ်။

၅။ Paradise ကမ်းခြေ

play
 

Cebu မြို့ရဲ့ မြောက်ဖက်ယွန်းယွန်းက ကမ်းရိုးတန်းတလျှောက်မှာ ကျွန်းတော်တော်များများကို တွေ့နိုင်ပါတယ်။ အဲဒီကျွန်း တွေပေါ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အလှပဆုံးလို့ ဆိုရလောက်တဲ့ ကမ်းခြေတွေ စုဝေးတည်ရှိနေပါတယ်။ အဲဒီထဲက တစ်ခုကတော့ Bantayan ကမ်းခြေပါပဲ။ မြို့တော်ကနေ ဘတ်စ်ကားတစ်ခါ စီးလိုက်ရင် ရောက်ရှိနိုင်ပြီး Hagnaya ဆိပ်ကမ်းကနေ ဖယ်ရီတစ်ဆင့် ထပ်စီးရပါသေးတယ်။

နည်းနည်းတော့ ဒုက္ခခံရပေမယ့် ကမ်းခြေကိုရောက်ရင် ဒါတွေအားလုံးကို မေ့သွားမှာပါ။ မြို့ပြလူနေမှုကနေ ကင်းလွတ်လိုပြီး ငြိမ်းငြိမ်းချမ်းချမ်း အနားယူလိုသူတွေအတွက် အထူးသင့်လျော်ပါတယ်။ အပူပိုင်းဒေသရဲ့ ကမ်းခြေအတွေ့အကြုံကို အပြည့်အဝ ခံစားနိုင်ပြီး ဘယ်ခေတ်မီအဆောက်အဦးကမှ ခင်ဗျားကို အနှောင့်အယှက် ပေးနိုင်မှာ မဟုတ်ပါဘူး။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD