AD
AD
AD

ရုံးပိတ်ရက်ရှည်ရလို့ ခရီးထွက်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ်သွားမယ့်နေရာအကြောင်းကို စုံစမ်းဦးနော်။ အထူးသဖြင့် ကိုယ်တစ်ခါမှ မရောက်ဖူးသေးတဲ့ နိုင်ငံခြားကို သွားမယ်ဆိုရင်ပေါ့။ ကမ္ဘာကျော် လူသိများတဲ့ မြို့တော်ကြီးတိုင်းကလည်း ပျော်စရာကောင်းနေတာ မဟုတ်ဘူးလေ။ တချို့မြို့တွေဆိုရင် အရမ်းအန္တရာယ်များလို့ပါ။

play

 

International SOS and Control Risk က စစ်တမ်းကောက်ယူ ထုတ်ပြန်ထားတဲ့ Travel Rish Map ရဲ့ ဖော်ပြချက်အရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားမယ်ဆို ဘယ်မြို့တော်တွေက အန္တရာယ်အများဆုံးဆိုတာ သိလိုက်ရပါတယ်။ သတ်မှတ်ချက်တွေကိုတော့ လမ်းပိုင်းဆိုင်ရာလုံခြုံစိတ်ချရမှု၊ လုံခြုံရေးနဲ့ ဆေးပညာဆိုင်ရာ အချက်တွေကို အခြေခံကာ တွက်ချက်ထားတာပါ။ ဖင်လန်၊ နော်ဝေးနဲ့ အိုက်စ်လန်တို့ဟာ ဒီစာရင်းရဲ့ ကဏ္ဍ ၃ ခုလုံးမှာ အနိမ့်ဆုံးနေရာတွေမှာ သတ်မှတ်ခံထားရပါတယ်။ အာဖရိကရဲ့ နေရာအများစုဟာ လမ်းပိုင်းဆိုင်ရာ စိတ်ချရမှုနဲ့ လုံခြုံစိတ်ချရမှုတွေမှာ အရမ်းအန္တရာယ်များကြောင်း Travel Rish Map က သတ်မှတ်လိုက်ပါတယ်။

play

 

ဒီမြေပုံကတော့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်များတာကို ဖော်ညွှန်းထားတာပါ။ ကျန်းမာရေးအန္တရာယ်နည်းတဲ့ နိုင်ငံတွေကို အစိမ်းရောင်၊ အန္တရာယ်အသင့်အတင့်ကို အဝါရောင်၊ အန္တရာယ်များရင် လိမ္မော်ရောင်နဲ့ အန္တရာယ်အများဆုံးနိုင်ငံတွေကိုတော့ အနီရောင်နဲ့ ရည်ညွှန်းထားပါတယ်။ အညိုရောင်နဲ့ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့ ကျန်းမာရေးအန္တရာယ်များမှုဟာ မြန်မြန်ဆန်ဆန် မြင့်တက်လာနေကြတာလည်း ဖြစ်ပါတယ်။

 

ကျန်းမာရေးအန္တရာယ်နည်းပါးတဲ့ နိုင်ငံတွေထဲမှာ ကနေဒါနိုင်ငံလည်း ပါဝင်ပြီး အမေရိကနဲ့ ဥရောပနိုင်ငံအများစု၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ဂျပန်တို့ ပါဝင်ပါတယ်။ ဘရာဇီး၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့မှာ ကျန်းမာရေးအန္တရာယ်က မြင့်တက်လာနေပါတယ်။

play

 

လုံခြုံရေးပိုင်း အန္တရာယ်များတဲ့ နိုင်ငံတွေစာရင်းမှာ ဂရင်းလန်း၊ အိုက်စ်လန်၊ ဖင်လန်၊ နော်ဝေးနဲ့ ဆွစ်ဇာလန်တို့မှာ လုံခြုံရေးအန္တရာယ်ဆိုတာ ပြောပလောက်အောင်တောင် မရှိပါဘူး။ ကနေဒါ၊ အမေရိက၊ စပိန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ နယူးဇီလန်နဲ့ သြစတြေးလျတို့မှာလည်း လုံခြုံရေးပိုင်းအန္တရာယ် နည်းပါးပါတယ်။ ဆီးရီးယား၊ မာလီ၊ လစ်ဗျား၊ တောင်ဆူဒန်၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာနဲ့ ယီမင်တို့ကတော့ လုံခြုံရေးပိုင်းဆိုင်ရာမှာ အန္တရာယ် အများတကာ့ အများဆုံးပါပဲ။ မက္ကဆီကို၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံက တစ်စိတ်ပိုင်းမှာလည်း အန္တရာယ်များပြားပါတယ်။ လုံခြုံစိတ်ရမှုရှိတဲ့ နိုင်ငံတွေကို အစိမ်းရောင်၊ လုံခြုံစိတ်ရမှုအန္တရာယ်အနည်းငယ်ရှိရင် အဝါရောင်၊ အတော်အသင့်များရင် အညိုရောင်နဲ့ အလွန်အကျွံအန္တရာယ်များရင်တော့ အနီရောင်နဲ့ ဖော်ပြထားပါတယ်။

Postby

 

လမ်းပိုင်းဆိုင်ရာ စိတ်ချရမှုမှာဆိုရင် အညိုရောင် အနုအရင့်နဲ့ အန္တရာယ်များမှုအဆင့်ကို ဖော်ပြထားတယ်။ ပန်းရောင်ဆိုရင်တော့ လမ်းပိုင်းဆိုင်ရာ အန္တရာယ် နည်းပါးကြောင်း ဖော်ပြထားတာပါ။ ပန်းရောင်အဖျော့က အန္တရာယ်ပိုနည်းပါးတဲ့သဘောပါပဲ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD