လေထုညစ်ညမ်းစေတဲ့ အရာတွေကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ကမ္ဘာပေါ်မှာ လူသေနှုန်းအများဆုံး ရောဂါတွေထဲမှာ နံပါတ် (၅) နေရာကလိုက်နေပါတယ်။ ၂၀၁၅ ခုနှစ်တုံးက စစ်တမ်းအရဆိုရင် လူ (၄) သန်းလောက် သေဆုံးခဲ့ပြီးပါပြီ။ ကျန်းမာရေးကောင်းပြီး ကိုယ်လက်ကြံ့ခိုင်စေဖို့အတွက် အသီးအရွက်တွေ ဘယ်လောက်ပဲစားစား၊ လေ့ကျင့်ခန်းတွေ ဘယ်လောက်ပဲလုပ်လုပ် လေထုညစ်ညမ်းမှုကိုတော့ ရှောင်ရခက်ပါတယ်။

play

 

ဘာလို့လဲဆိုတော့ တိုးတက်လာတဲ့ စက်မှုလုပ်ငန်းတွေနဲ့အတူ အဲလ်ကွန်းတွေ၊ မော်တော်ကားတွေကထွက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုကို ဆိုးရွားသည်ထက် ပိုမိုဆိုးရွားစေလို့ပါပဲ။ အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာဆို ပိုသိသာပါတယ်။

လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့အတွက် mask အုပ်တာတို့၊ လက်ကိုင်ပုဝါဆောင်တာတို့ လုပ်လို့ရတယ်ဆိုပေမယ့် ကမ္ဘာပေါ်က လေထုညစ်ညမ်းမှု အများဆုံးနေရာတွေကို သိထားပြီး ခရီးသွားတဲ့အခါ ရှောင်ရှားတာကလည်း အကောင်းဆုံးပါပဲ။ မဖြစ်မနေ သွားရမယ်ဆိုရင်တောင်မှ မိမိအတွက်လိုအပ်မယ့် အကာအကွယ်ပစ္စည်းတွေကို ဆောင်သွားလို့ရတာပေါ့။

play

 

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ နိုင်ငံ (၉၂) နိုင်ငံက မြို့ပြဒေသ (၁၆၂၂) ခုရဲ့ လေထုအရည်အသွေးတွေကို တိုင်းထွာမှတ်တမ်းတင်ခဲ့ပြီး ရရှိလာတဲ့ ဒေတာတွေအရ ဘယ်နိုင်ငံတွေဟာ လေထုညစ်ညမ်းမှု အားအကောင်းဆုံးလဲဆိုတာကို ဖော်ပြနေပါတယ်။

 

သူတို့ရဲ့ဦးတည်ချက်ကတော့ မီးခိုးနဲ့ ပြာမှုန်တွေထဲမှာ ပါဝင်တတ်တဲ့ မျက်စိနဲ့ အလွယ်တကူ မမြင်ရတဲ့ သေးငယ်တဲ့ အမှုန်လေးတွေပါပဲ။ အဲဒီအမှုန်လေးတွေကို ရှူရှိုက်မိတဲ့အခါ ကျန်းမာရေးပြဿနာတွေ ရှိလာစေနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးနိုင်ငံတွေလို့ တိုင်းထွာချက်တွေအရ သိရတဲ့ နိုင်ငံတွေကတော့...

၁။ ပါကစ္စတန်

၂။ ကာတာ

၃။ အာဖဂန်နစ္စတန်

၎။ ဘင်္ဂလားဒေ့ရှ်

၅။ အီဂျစ်

၆။ ယူအေအီး

၇။ မွန်ဂိုလီးယား

၈။ အိန္ဒိယ

၉။ ဘာရိန်း

၁၀။ နီပေါ

၁၁။ ဂါနာ

၁၂။ ဂျော်ဒန်

၁၃။ တရုတ်

၁၄။ ဆီနီဂေါ

၁၅။ တူရကီ

၁၆။ ဘူလ်ဂေးရီးယား

၁၇။ မော်ရစ်သျှ

၁၈။ ပီရူး

၁၉။ ဆာဗီးယား

၂၀။ အီရန် တို့ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့မြို့ကြီးတွေမှာရှိတဲ့ အလွန်ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာ့မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ အမြဲပြောဆိုခံရနေရပေမယ့် အဆိုးရွားဆုံး နိုင်ငံဆယ်နိုင်ငံထဲမှာတောင် မပါဝင်သေးပါဘူး။

play

 

တခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ လေထုအသန့်စင်ဆုံးနိုင်ငံတွေကတော့.... သြစတြေးလျ၊ ဘရူနိုင်း၊ နယူးဇီလန်၊ အက်စ်တိုးနီးယားနဲ့ ဖင်လန်နိုင်ငံတို့ ဖြစ်ကြပါတယ်တဲ့။ ဒါကြောင့် မသန့်ရှင်းတဲ့ လေထုအန္တရာယ်မှ မိမိကိုယ်ကိုယ် ကာကွယ်ဖို့ (လေထုအညစ်ညမ်းဆုံး နိုင်ငံတွေမှာ နေထိုင်သည်ဖြစ်စေ၊ အလည်အပတ်သွားသည်ဖြစ်စေ) မော်တော်ကား အသုံးပြုမှုအများဆုံး အချိန်တွေမှာ အပြင်ထွက်ခြင်းကို ရှောင်ရှားပါ။ ပြတင်းပေါက်တွေကို အလုံပိတ်ထားပါ။ မိမိနေထိုင်ရာ အခန်းထဲမှာ လေထုသန့်စင်စက်တစ်လုံး ဆင်ထားပါ။ ဒါမှမဟုတ် လေထုညစ်ညမ်းမှုကို စုပ်ယူပေးနိုင်တဲ့ အပင်တွေ စိုက်ထားပါ။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video