AD
AD
AD

မရောက်ဖူးသေးတဲ့ နေရာဒေသ အသစ်တစ်ခုကို ဧည့်လမ်းညွှန် (Tour Guide) တစ်ယောက်ရဲ့ အကူအညီမပါဘဲ ခရီးထွက်ဖို့ ဆိုတာဟာ လွယ်ကူလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လမ်းညွှန်ကူညီပေးမယ့် လူတစ်ယောက်မှ မပါဘဲ ခရီးထွက်ခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုတိုးပွားစေခြင်း၊ ရင်ခုန်စိတ်လှုပ်ရှားရခြင်း၊ ကိုယ့်အားကိုယ်ကိုးပြီး စူးစမ်းရှာဖွေရခြင်း စတဲ့ ထူခြားတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်ပါတယ်။

play

 

ဧည့်လမ်းညွှန် (Tour Guide) မပါဘဲ လွတ်လွတ်လပ်လပ်၊ စွန့်စွန့်စားစား ခရီးသွားရတာကို နှစ်သက်တယ်ဆိုရင်တော့ အောက်ပါအချက်လေးတွေကို သိထားဖို့လိုအပ်ပါတယ်။

၁။ ကြိုတင်လေ့လာ မှတ်သားခြင်း

play
 

ခရီးမသွားခင် ကိုယ်သွားမယ့် နေရာဒေသနဲ့ ပတ်သက်ပြီး ရနိုင်သမျှ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်က ခရီးသွားဝက်ဘ်ဆိုဒ်တွေနဲ့ အသိအကျွမ်း မိတ်ဆွေတွေကတဆင့် ကြိုတင်လေ့လာ ထားသင့်ပါတယ်။ ကားခ၊ တည်းခိုစရိတ်၊ အစားအသောက်တို့အပြင် ဒေသထွက်ပစ္စည်းတွေအကြောင်းကို အသေးစိတ် လေ့လာထားခြင်းအားဖြင့် ဒေသခံတွေရဲ့ မတန်တဆ ဈေးတင်ရောင်းခြင်းကို ကာကွယ်နိုင်ပါတယ်။

ရာသီဥတုနဲ့ ဓလေ့ထုံးတမ်းတွေကိုလည်း ကြိုတင်လေ့လာထားခြင်းဖြင့် ကျန်မာရေးနဲ့ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ပျော်ရွှင်စရာ အားလပ်ရက်ခရီးလေးတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ဒီလောက်ကတော့ အားစိုက်ရမှာပေါ့နော်။

၂။ အစီအစဉ်ဆွဲထားခြင်း

play
 

ကြိုတင်အစီအစဉ် ဆွဲထားခြင်းဟာ ကုန်ကျစရိတ်ကို အတိုင်းအတာတစ်ခုထိ လျော့ကျစေပါတယ်။ Tour Guide မပါဘဲ ခရီးထွက်တာကြောင့်လည်း အရာရာကို ကိုယ်တိုင်လုပ်ဆောင်ဖို့ လိုအပ်ပြီး ရထားလက်မှတ်၊ ကားလက်မှတ် ဝယ်တာကအစ စားသောက်ဆိုင်ရွေးတာ၊ တည်ခိုခန်းရွေးတာအဆုံး သေချာစနစ်တကျ ကြိုတင်အစီအစဉ်ဆွဲထားမှ အမှားအယွင်းနည်းနည်းနဲ့ ကိုယ့်ခရီးကို ကိုယ်တိုင်ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

၃။ ဘာသာစကား လေ့လာထားခြင်း

ပြည်ပခရီးသွားတာ မဟုတ်တောင် အနည်းဆုံး တိုင်းရင်းသားဒေသများကို သွားလာရာမှာ သူတို့ရဲ့ဘာသာစကားကို ထမင်းစားရေသောက် အဆင့်လောက် တတ်ထားရင် အဆင်ပြေတာပေါ့။ ဥပမာ... "မင်္ဂလာပါ၊ လေဆိပ်ဘယ်မှာလဲ၊ အငှားယာဉ် ဘယ်မှာလဲ၊ အိမ်သာ နဲ့ ကျေးဇူးတင်ပါတယ်" တို့လိုမျိုး ကိုယ့်အတွက် အသုံးဝင်နိုင်မယ့် စကားစုလေးတွေကို ကြိုတင်လေ့လာ ကျက်မှတ်ထားခြင်းဖြင့် သွားလာရတာ ပိုမိုအဆင်ပြေ လွယ်ကူစေမှာပါ။

၎။ ငွေကြေးယူဆောင်ခြင်း

play

Tour Guide မပါဘဲ ခရီးသွားပြီဆိုမှတော့ ပိုက်ဆံလုံလုံလောက်လောက် ပါဖို့က အဓိကပါပဲ။ ပြည်ပနိုင်ငံတွေကိုသွားမယ်ဆိုရင် သွားမယ့်နိုင်ငံမှာ ငွေလဲလှယ်ရတာ လွယ်ကူမှု ရှိ/မရှိနဲ့ အခြေခံငွေလဲနှုန်းတွေကို သိရှိထားသင့်ပါတယ်။ နောက်ပြီး ငွေသားဘယ်လောက် ကိုင်ထားရမလဲ ဆုံးဖြတ်ဖို့နဲ့ Visa Card တို့၊ Master Card တို့ကို ထည့်သွားဖို့ကိုလည်း မမေ့သင့်ပါဘူး။

ကိုယ်သွားမယ့် နေရာဒေသဟာ ဘဏ်ကဒ်တွေ အသုံးပြုရတာ လွယ်ကူသလား၊ ဘဏ်တွေပိတ်မယ့်ရက်လား စသည်ဖြင့် အစစအရာရာ ကြိုတင်လေ့လာ ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။

Source : Halal Guide

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD