AD
AD
AD

ပုဂံဟာ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်ဖြစ်သလို၊ အနုပညာလက်ရာများ၊ သမိုင်းကြောင်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များနဲ့ ပြည့်စုံလှပတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ "လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း" ဆိုသလို ပုဂံမှာ ဘုရားစေတီပေါင်း မြောက်များစွာရှိသည့်အထဲမှာမှ ပုဂံကိုသွားရောက်လည်ပတ် တော့မယ်ဆိုရင် မဖြစ်မနေ သွားရောက်လေ့လာ ဖူးမြော်သင့်တဲ့ ဘုရားပုထိုးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ အာနန္ဒာဂူပုထိုး

play
 

သမိုင်းမှတ်တမ်းများအရ ကျန်စစ်သားမင်းကြီးက ဟိမဝန္တာတောရှိ နန္ဒမူလှိုဏ်ဂူနဲ့ ထပ်တူတည်ထားတယ်ဆိုတဲ့ အာနန္ဒာဂူပုထိုးသည် နံရံဆေးရေးပန်းချီများ၊ ဗိသုကာအနုပညာလက်ရာများကြောင့် ထင်ရှားကျော်ကြားလှပါတယ်။ "အနုမှာ အာနန္ဒာ" ဆိုတဲ့ ဆိုရိုးစကားအတိုင်း အာနန္ဒာဂူပုထိုးသည် ပုဂံဘုရားတွေထဲမှာ အနုပညာလက်ရာအမြောက်ဆုံး ဘုရားပုထိုးတစ်ဆူဖြစ်ပါတယ်။

၂။ ဓမ္မရံကြီးဂူပုထိုး

play
 

"ထုမှာဓမ္မရံ" ဆိုတဲ့အတိုင်း ပုဂံဘုရားများတွင် ထုထည်အကြီးမားဆုံး ဂူပုထိုးဖြစ်တဲ့အတွက် နိုင်ငံခြားသားများ နှစ်သက်သဘောကျ အမှတ်တရ ဓာတ်ပုံမှတ်တမ်းတင်ကြတဲ့ ဂူပုထိုးဖြစ်ပါတယ်။ ဓမ္မရံကြီးဂူပုထိုးကိုတော့ ပုဂံမင်းနရသူက တည်ဆောက်လှူဒါန်းထားတာ ဖြစ်ပါတယ်။

၃။ ရွှေဆံတော်ဘုရား

အနော်ရထာမင်း တည်ဆောက်လှူဒါန်းထားတဲ့ ရွှေဆံတော်ဘုရားဟာ ပုဂံမြို့ရဲ့ သာယာလှပတဲ့ နေဝင်ချိန်နေထွက်ချိန်ကို ကြည့်ရှုခံစားနိုင်တာကြောင့် လူသိများထင်ရှားလှပါတယ်။

 

၎။ ရွှေစည်းခုံဘုရား

play
 

အနော်ရထာမင်း စတင်တည်ဆောက်ပြီး ကျန်စစ်သားမင်း အပြီးသတ်ပေးခဲ့ရတဲ့ ရွှေစည်းခုံဘုရားဟာ ပုဂံမှာလူသိများအထင်ရှားဆုံး ဘုရားတစ်ဆူဖြစ်ပြီး 'တန်ခိုးကြီးတာ ရွှေစည်းခုံ' ဆိုတဲ့ဆိုရိုးနဲ့အညီ ကျော်ကြားထင်ရှားလှပါတယ်။

၅။ စူဋ္ဌာမဏိဂူပုထိုး

အနီရောင်အုပ်ချပ်များနဲ့ တည်ဆောက်ထားတဲ့ နရပတိစည်သူမင်းကြီး လှူဒါန်းခဲ့တဲ့ စူဋ္ဌာမဏိဂူပုထိုးဟာ တည်ဆောက်ပုံနဲ့ ခန့်ထည်တဲ့ပုံဟန်ကြောင့် လေ့လာဖူးမြော်သင့်တဲ့ ဂူပုထိုးတစ်ဆူဖြစ်ပါတယ်။

၆။ သဗ္ဗညုဂူပုထိုး

play
 

သဗ္ဗညုဂူပုထိုးဟာ 'အမြင့်မှာသဗ္ဗညု' ဆိုတဲ့ ဆိုရိုးနဲ့အညီ ပုဂံဘုရားပုထိုးတွေအကြားမှာ အမြင့်ဆုံးဂုဏ်ပုဒ်နဲ့ ပေါ်လွင်ထင်ရှား လှပါတယ်။

၇။ မနုဟာဂူပုထိုး

စစ်ရှုံးမနုဟာမင်း တည်ဆောက်လျှူဒါန်းခဲ့တဲ့ မနုဟာဂူဘုရားဟာ စစ်ရှုံးဘုရင်တစ်ပါးရဲ့ စိတ်ကျဉ်းကျပ်ဆင်းရဲရတဲ့ အခြေအနေကို ဖော်ညွှန်းပြသနေတာကြောင့် ထင်ရှားရတာဖြစ်ပါတယ်။

Source : FootPrintTravelGuide

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD