AD
AD
AD

အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး တိုက်ကြီးတစ်တိုက်ဖြစ်သလို ယဉ်ကျေးမှုအရလည်း ကြွယ်ဝတဲ့ တိုက်ကြီးလို့ ဆိုနိုင်ပါတယ်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ အစရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေ ပေါ်ထွန်းရာနိုင်ငံကြီးတွေ ရှိသလို တခြားယဉ်ကျေးမှု အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံငယ်လေးတွေလည်း များစွာရှိပါတယ်။

အထူးသဖြင့် အာရှတိုက်နိုင်ငံတွေရဲ့ မြို့ကြီးတွေဟာ အာရှတိုက်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးထားတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မသေခင် တစ်ခေါက်လောက်ရောက်ဖူးအောင် သွားရောက်လည်ပတ်သင့်တဲ့ အာရှတိုက်ရဲ့ လှပတဲ့မြို့ကြီးတွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ ဂျော့တောင်း (George Town) ( မလေးရှား)

play
 

မလေးရှားကျွန်းဆွယ် အနောက်ပိုင်းမှာတည်ရှိတဲ့ ပီနန်ကျွန်းပေါ်မှာ UNESCO ကတောင် သမိုင်းဝင်မြို့တစ်မြို့အဖြစ် အသိအမှတ် ပြုထားရတဲ့ ဂျော့ခ်ျတောင်းတည်ရှိပါတယ်။ လှပတဲ့ သမိုင်းဝင်အဆောက်အဦးတွေ၊ အံ့အားသင့်ဖွယ် လမ်းဘေးအနုပညာတွေ၊ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ လမ်းဘေးစာတွေနဲ့ အလွန်လှပတဲ့ မြို့လေးပါ။

ပီနန်ကျွန်းကိုယ်နှိုက်ကိုက ယဉ်ကျေးမှုနဲ့ အစားအစာချစ်သူတွေအတွက် နိဗ္ဗာန်ဘုံတစ်ခုပါ။ မြို့လေးက သေးငယ်တယ်ဆိုပေမယ့် ခြေလျင်လျှောက်ပြီး အစားအစာတွေ၊ ရှုခင်းတွေကို လိုက်ကြည့်နိုင်ပါတယ်။ အထူးသဖြင့် Cheong Fatt Tze Mansionn ရယ်၊ American Street ရယ်၊ Little India ရယ်ကိုတော့ မဖြစ်မနေသွားကြည့်သင့်ပါတယ်။ နောက်တစ်ခုကတော့ မလေးရှားနိုင်ငံရဲ့ ညဘက်ယဉ်ကျေးမှုကို ထင်ဟပ်စေမယ့် ညဈေးတန်းပါပဲ။

၂။ Bandar Seri Begawan (ဘရူနိုင်း)

play
 

ဘရူနိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘန်ဒါစီရီ ဘီဂါဝမ် (Bandar Seri Begawan) မြို့ဟာ (အတိုကောက် Bandar လို့လည်းခေါ်) အစားအသောက်ချစ်သူတွေအတွက်တော့ စိတ်ဝင်စားဖို့အကောင်းဆုံး မြို့တစ်မြို့ပါပဲ။ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားစတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ယဉ်ကျေးမှုလွှမ်းမိုးမှုကို ခံရတဲ့အတွက် နိုင်ငံရဲ့ဟင်းလျာတွေဟာ အာရှနိုင်ငံတွေရဲ့ အထူးလက်ရာပေါင်းစုံကို အရသာရှိရှိ ရောပြွမ်းထားသလိုပါပဲ။

နိုင်ငံသားတွေကိုယ်နှိုက်ကလည်း အစားစားခြင်းကို အနှစ်သက်ဆုံးဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကလည်း ဘယ်နားသွားသွား ရှိပါတယ်။ ဒါ့အပြင် ဘန်ဒါစီရီ ဘီဂါဝမ်မြို့မှာ အလွန်လှပတဲ့ ရေပေါ်ကျေးရွာလေးတစ်ရွာလည်း ရှိပါတယ်။ ရေပေါ်တက်စီစီးပြီး သွားရောက်လည်ပတ်နိုင်ပြီး လှပတဲ့ဗလီတွေ၊ စိမ်းလန်းတဲ့သစ်ပင်တွေနဲ့ စိတ်ဝင်စရားစဖွယ် ပြတိုက်တွေလည်း ရှိပါတယ်။

 

၃။ ချင်းမိုင် (ထိုင်း)

play
 

ထိုင်းနိုင်ငံမြောက်ပိုင်းဟာ နိုင်ငံရဲ့ယဉ်ကျေးမှုပေါင်းစုံ စုဝေးရာအရပ်ဖြစ်ပါတယ်။ အဲဒီထဲမှာ ချင်းမိုင်မြို့က အထင်ရှားဆုံးပါပဲ။ ချင်းမိုင်မှာ အရသာရှိတဲ့ ဟင်းလျာတွေ၊ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ်မြင်ကွင်းတွေ၊ တောင်ပေါ်နေလူမျိုးစုရွာလေးတွေကို တွေ့မြင်နိုင်မှာဖြစ်ပြီး တောင်တက်လမ်းလျှောက်ခြင်း၊ ဆင်စီးခြင်းနဲ့ ထိုင်းရိုးရာအကြောနှိပ်ပညာတို့လို တခြားနေရာမှာ မရနိုင်တဲ့ အတွေ့အကြုံတွေကို ရရှိနိုင်ဖို့အတွက် အကောင်းဆုံးနေရာပါပဲ။

လှပတဲ့တောတောင်တွေ၊ အစိမ်းရောင်လယ်ကွင်းတွေနဲ့ ဝန်းရံထားပြီး ငြိမ်းချမ်းလှပတဲ့ မြို့လေးဟာ နယ်ခံတွေကိုရော၊ နိုင်ငံခြားသား တွေကိုပါ ဆွဲဆောင်နိုင်တဲ့ နေရာလေးတစ်ခုပါ။ တစ်ချိန်က ထိုင်းနိုင်ငံမြောက်ပိုင်းတိုင်းပြည် တစ်ခုဖြစ်တဲ့ Lanna နိုင်ငံတော်ရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ချင်းမိုင်မြို့ဟာ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းအရလည်း ကြွယ်ဝတဲ့ နိုင်ငံတစ်ခုပါ။ မြို့တော်နံရံတွေအတွင်းမှာလည်း Lanna Thai စတိုင်လ်၊ သီရိလင်္ကာစတိုင်လ်၊ မြန်မာစတိုင်လ်တို့နဲ့ ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို တွေ့မြင်ရမှာပါ။

၎။ တိုကျို (ဂျပန်)

play
 

တိုကျိုမြို့ဟာ စိတ်ဝင်စားဖွယ်ကောင်းပြီး ယဉ်ကျေးမှုကြွယ်ဝတဲ့ ကြီးမားတဲ့ ဂျပန်မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ရှေးဟောင်းဂျပန် နိုင်ငံတော်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်း ထားနိုင်သလို မြင့်မားတဲ့နည်းပညာနဲ့ စနစ်တွေကိုလည်း ဖော်ဆောင်ထားနိုင်ပါတယ်။ တစ်နည်းအားဖြင့် တိုကျိုမြို့ဟာ အတိတ်နဲ့အနာဂတ်ကြားမှာ မျှခြေကျကျရပ်တည်နေတဲ့ မြို့တစ်မြို့လို့လည်း ဆိုနိုင်ပါတယ်။

တိုကျိုမြို့ရဲ့ရပ်ကွက်တိုင်းမှာ တမူထူးခြားတဲ့ သီးခြားပုံစံတွေ ရှိကြပါတယ်။ လျှပ်စစ်ပစ္စည်းမျိုးစုံ ရနိုင်တဲ့ ဆိုင်ကြီးတွေ၊ အင်ပါယာ နန်းဆောင်ကြီးတွေ၊ Cosplay ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့ ဆိုင်လေးတွေ၊ လှပတဲ့ ပန်းဥယျာဉ်တွေ စသည်ဖြင့် စုံစုံလင်လင် ရှိပါတယ်။ အတိုချုံးပြောရရင် တိုကျိုမြို့ဟာ မတူညီတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့ ရပ်ကွက်လေးတွေကို ပေါင်းစုထားတဲ့ မြို့ကြီးတစ်မြို့ပါပဲ။

ဆက်လက်ဖော်ပြပါမည်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD