AD
AD
AD

နေ့စဉ်နဲ့အမျှ အလုပ်တွေရှုပ်၊ ပင်ပန်းနွမ်းနယ်မှုတွေခံစားရနေရတဲ့ သူတွေအတွက်တော့ ပင်လယ်ကမ်းခြေလိုနေရာမျိုးမှာ အပန်းဖြေအနားယူတာက အကောင်းဆုံးအနားယူမှုထဲက တစ်ခုပဲလေ။ လှိုင်းစီးမယ်၊ လတ်ဆတ်အေးမြတဲ့ ပင်လယ်လေကို အားပါးတရရှူရှိုက်ပြီး လှပတဲ့ နေ၀င်ဆည်းဆာအလှကို ခံစားလိုက်ရတာက ပြီးပြည့်စုံတဲ့ လွတ်မြောက်မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့  ကမ်းခြေကို အလည်သွားမယ်ဆိုရင်တော့ စိတ်ပေါ့ပါးလန်းဆန်းမှုတွေနဲ့အတူ တစ်ပါတည်း ယူဆောင်သွားရမယ့် ပစ္စည်းလေးတွေကို ပြောပြပေးလိုက်တယ်နော်။

၁။ သပ်ရပ်လှပတဲ့ Winecoat

play
 

ကမ်းခြေမှာအနားယူပြီဆိုရင် အနည်းဆုံးတော့ ၀ိုင်လေးသောက်ပြီး အနား ယူကြမှာပဲလေ။ တချို့ ၀ိုင်တွေက တန်ဖိုးကြီးမားပြီး အရသာကလည်း ထူးခြားတော့ ပျက်စီးကွဲရှဆိုရင် နှမျောစရာ။ ဒါကြောင့်မို့လို့ ၀ိုင်ပုလင်းလေးတွေ ထည့်ဖို့အတွက်ရော၊ ကိုယ်သောက်သုံးတဲ့ အချိန်မှာ အေးမြမြလေးဖြစ်နေစေဖို့ရော အတွက် Winecoat လေးကို ယူဆောင်သွားသင့်ပါတယ်။ ၀ိုင်ပုလင်းအပြင် တခြားအရက်ပုလင်းတွေပါ ထည်လို့ရပါသေးတယ်။

 

၂။ ပေါ့ပါးလုံခြုံမှုရှိတဲ့ ထီး

play
 

ကိုယ့်အတွက်၊ မိသားစုအတွက်၊ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပါ နေရောင်ခြည်ဒဏ်၊ မိုးရွာတဲ့ဒဏ်ကို ကာကွယ်ပေးဖို့ ထီးကောင်းကောင်းလေးတစ်လက်လည်း လိုပါလိမ့်မယ်။ အသားအရေပျက်စီးမှုကို ကာကွယ်ပေးမယ့်အပြင် ကမ်းခြေမှာ ထီးဆောင်းလမ်းလျှောက်ရင်း ရှိုးများလို့ရတာပေါ့။ ဓာတ်ပုံရိုက်တဲ့အခါမှာလည်း အသုံးဝင်တယ်နော်။

၃။ Cooler Bag

play
 

ကားသော့၊ ပိုက်ဆံ၊ မိုဘိုင်းဖုန်းအစရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းလို့ရတဲ့အပြင် အအေးဘူး၊ဘီယာဘူးတို့ကိုပါ သိမ်းဆည်းလို့ရတယ်နော်။ ပေါ့ပါးပြီးတော့ သယ်ယူရလွယ်ကူတဲ့အပြင် ဇစ်နဲ့ပဲ အဖွင့်အပိတ်ပြုလုပ်ထားတဲ့ အိတ်မျိုးဆို ပိုအဆင်ပြေတာပေါ့။ ကိုယ့်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို လွယ်ကူလုံခြုံစွာ သိမ်းဆည်းထားနိုင်တယ်လေ။

၎။ Ground Sheet

play
 

ကမ်းခြေတွေမှာက များသောအားဖြင့် ထိုင်ခုံလေးတွေထားပေးတတ်ကြတယ်လေ။ ဒါပေမယ့် ကြာလာတဲ့အခါမှာ သက်တောင့်သက်သာဖြစ်မှု လျော့ပါးလာပြီးတော့ စိတ်အလိုမကျမှုတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့်မို့လို့ Ground Sheetလေး တစ်ခုလောက်လည်း ယူဆောင်သွားသင့်တယ်နော်။ ဖြူလွလွသဲသောင်ပြင်ထက် Ground Sheet လေးခင်ပြီးတော့ လွတ်လွတ် လပ်လပ် လဲလျောင်းလို့ရတာပေါ့။

Postby

 

၅။ ရေစိုခံအိတ်

play
 

အရေးအကြီးဆုံး ပစ္စည်းက မိုဘိုင်းဖုန်းပဲမဟုတ်လား။ ဓာတ်ပုံတွေရိုက်မယ်၊ ရှူခင်းတွေ ရိုက်မယ်၊ ဗီဒီယို Clip လေးတွေ ဖန်တီးထားတဲ့ သင့် မိုဘိုင်းဖုန်းက သင့်ရဲ့ ခရီးသွားမှတ်တမ်းတွေကို သိမ်းဆည်းထားတယ်မဟုတ်လား။ မိုဘိုင်းဖုန်း ရေစိုပျက်စီးသွားပြီ ဆိုရင် စိတ်ညစ်ညူးစရာတွေပေါ်လာတတ်တာမို့ ရေစိုခံအိတ်လေးထဲ မိုဘိုင်းဖုန်းကို ထည့်ပြီး နောက်ဆံတင်းစရာမလိုပဲ ပျော်ရွှင်နေလို့ ရပြီပေါ့။

Source and Photos : Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD