AD
AD
AD

တစ်ဦးတည်းခရီးသွားခြင်းကလည်း အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ အခက်အခဲအနည်းငယ်နဲ့ ရင်ဆိုင်ရတာမျိုးရှိပေမယ့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ စိတ်ဓာတ်ခွန်အားတွေနဲ့ ဖြတ်ကျော်ရတာမျိုးတွေကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုရှိလာသလို ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ကြောက်ရွံ့နေတော့မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် တစ်ကိုယ်တော် ခရီးသွားဖို့ ၀ါသနာပါတဲ့သူတွေအနေနဲ့ ပထမဆုံးခရီးစဉ်မတိုင်ခင်မှာ ပြုလုပ်ထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

 

၁။ မိမိသွားမည့် ခရီးစဉ်ကို လေ့လာပါ

play
 

ကိုယ်သွားရောက်မယ့် ဒေသရဲ့အကြောင်းကို ကြိုတင်သိရှိထားတာက အားသာချက်တစ်ခုပါပဲ။ ဒီလိုလေ့လာထားတာက ယောင်ဝါးဝါးဖြစ်နေတာမျိုးမရှိတော့ပဲ ကိုယ့်ရဲ့ ပန်းတိုင်ကို လွယ်လင့်တကူသွားရောက်နိုင်တယ်လေ။ ခရီးစဉ်အထစ်အငေါ့မရှိတော့ပဲ ကိုယ့်ရဲ့ တစ်ကိုယ်တော်ခရီးသွားခြင်းက လွယ်ကူချော့မွေ့နေစေမှာပါ။

 

၂။ ကြိုတင်ပြင်ဆင်ထားပါ

play
 

မမျှော်လင့်ထားပဲ ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဖြစ်နိုင်ချေရှိလာနိုင်တာတွေကို ကြိုတင်စဉ်းစားပြီးတော့ ဖြေရှင်းဖို့နည်းလမ်းရှာဖွေထားတာက ကိုယ့်အတွက် အကောင်းဆုံးပါပဲ။ ကြိုတင်ပြင်ဆင်ထားမှုရှိတဲ့ ကိုယ့်ရဲ့ခရီးစဉ်ကို ဘယ်အရာကများ ဟန့်တားနိုင်မှာမို့လို့လဲ။

 

၃။ ခရီးစဉ်အကြောင်း ပြောပြထားပါ

ကိုယ့်ရဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေကို သင့်ရဲ့ ခရီးစဉ်အကြောင်းကို ပြောပြထားဖို့လိုပါလိမ့်မယ်။ တစ်စုံတစ်ခုသော ဘေးအန္တရာယ်မျိုးနဲ့ရင်ဆိုင်ရလာတဲ့အခါမျိုးမှာ ကိုယ့်အတွက် အထောက်အကူအများကြီးဖြစ်တာပေါ့။

 

၎။ ကြောက်ရွံ့မှုတွေကို အိမ်မှာပဲထားခဲ့ပါ

play
 

အနည်းနဲ့အများတော့ အခက်အခဲတွေနဲ့ ကျိန်းသေပေါက်ရင်ဆိုင်ရမှာပါ။ ဒါကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေလို့တော့ မရဘူးလေ။ ကိုယ့်ရဲ့ ဇွဲ၊ သတ္တိနဲ့ဖြေရှင်းရမှာမို့လို့ ကိုယ့်ရဲ့ ကြောက်ရွံ့စိတ်တွေကို အိမ်မှာပဲ ထားခဲ့တာ အကောင်းဆုံးပေါ့။

 

၅။ လေးလံတာတွေကို မယူဆောင်ပါနှင့်

play
 

တစ်ဦးတည်းသွားရတဲ့ ခရီးဖြစ်တာမို့ ကိုယ့်ရဲ့ အားအင်တွေကိုပဲ စိုက်ထုတ်ရမှာလေ။ ဒါဆိုရင် ဘာလို့များ လေးလံစေမယ့် အရာတွေကို သယ်ယူနေတော့မှာပဲ။ ၀န်ပေါ့ပေါ့နဲ့ အသုံးဝင်မယ့် ပစ္စည်းတွေကိုပဲ ရွေးချယ်ပြီး သယ်ဆောင်ရမှာမို့ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားရမယ်နော်။

 

၆။ ဒေသအစားအစာတွေကို လေ့လာပါ

ကိုယ်သွားမယ့် ခရီးစဉ်ဒေသရဲ့ နာမည်ကျော်အစားအသောက်တွေကို လေ့လာထားသင့်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာမျိုး ဖြစ်နေရင်တော့ ရှယ်ပေါ့။ အဲဒီလိုမဟုတ်ပဲ ကိုယ့်မနှစ်သက်တာမျိုး၊ ခံတွင်းမတွေ့တာမျိုးဖြစ်နေရင် ကိုယ့်အကြိုက် အစားအစာတွေကို သယ်ယူသွားလို့ ရတာပေါ့။

 

၇။ ယုံကြည်မှုရှိပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့က တစ်ဦးတည်းခရီးသွားရတာကို နှစ်ခြိုက်သူတွေအတွက် အရေးအကြီးဆုံးပါပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ လမ်းခရီးကနေ လှည့်ပြန်ချင်လာတဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ ယုံကြည်မှုရှိပါ။

 

၈။ အတွေ့အကြုံသစ်တွေအတွက် အသင့်အနေအထားမှာရှိပါစေ

စာအုပ်ပေါင်းတစ်သောင်းဖတ်တာထက် ခရီးမိုင်တစ်သောင်းသွားတာက ပိုပြီးအကျိုးကျေးဇူးများတယ်ဆိုတဲ့ စကားရှိပါတယ်။ ကိုယ် ရရှိလာမယ့်အတွေ့အကြုံသစ်တွေက အများကြီးပါ။ ခက်ခဲမှုတွေရှိမယ်၊ ပျော်ရွှင်မှုတွေရှိမယ်။ ဘာတွေနဲ့ပဲ ကြုံတွေ့ပါစေ၊ အဲဒီအရာတွေအတွက် အဆင်သင့်ရှိနေဖို့လိုပါတယ်။

 

Source : Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD