AD
AD
AD

စားသောက်ဆိုင်တစ်ခုကို သွားစားတဲ့အခါ အစားအသောက် တစ်မျိုးတည်းကိုပဲ ကြည့်ပြီး ရွေးချယ်ကြတာမဟုတ်ဘူးမို့လား။ ဆိုင်တွင်း အပြင်အဆင်လေးတွေက စားသုံးသူတွေရဲ့ စိတ်ကို ကျေနပ်မှု ဖြစ်စေသလားဆိုတာလည်း ထည့်သွင်းစဉ်းစားကြသေးတယ်။ တချို့ဆို အရသာကြောင့်မဟုတ်ဘဲ အပြင်အဆင်ကိုကြိုက်လို့ သွားစားတဲ့လူတွေတောင် ရှိပါသေးတယ်။ ကမ္ဘာ့အလှဆုံး စားသောက်ဆိုင်အကြောင်းရော သိပြီးပြီလား။

play

 

နိုင်ငံတကာမှာရှိတဲ့ အစားအသောက်နဲ့ ဘားတွေရဲ့ ဒီဇိုင်းကို ဆုရွေးချယ် ပေးအပ်တဲ့ Restaurant & Bar Design Awards ကို ဆွတ်ခူးသွားတာကတော့ လန်ဒန်က စားသောက်ဆိုင်တစ်ဆိုင် ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး စားသောက်ဆိုင်အမည်နဲ့ ဆုကို ရသွားတဲ့ လန်ဒန်မြို့က German Gymnasium ဆိုတဲ့ စားသောက်ဆိုင်အကြောင်း ပြောပြပါဦးမယ်။

play

 

German Gymnasium ဟာ ဥရောပစားသောက်ဆိုင်တစ်ခု ဖြစ်ပြီး ဆုရွေးချယ်ပေးအပ်တဲ့အခါ Best Overall Restaurant အဖြစ်လည်း မဲပေးခံခဲ့ရတယ်။ ဆိုင်ရဲ့ အပြင်အဆင်တွေ၊ အစားအသောက်နဲ့ နေရာတွေက အသက်ရှုမှားလောက်အောင် လှပပါတယ်။

play

 

၁၈၆၄ ခုနှစ်တုန်းက ဗိသုကာပညာရှင် Edward Gruning က ဒီဇိုင်းဆွဲပေးခဲ့တယ်လို့ သိရပါတယ်။ King's Cross မှာ ဆောက်လုပ်ထားတဲ့ ဒီအဆောက်အဦဟာ အင်္ဂလန်ရဲ့ ပထမဆုံးအားကစားရုံ (gym) အဖြစ် ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တာပါ။ ၁၈၆၆ ခုနှစ်မှာတော့ အိုလံပစ်ကစားနည်းတွေကို လက်ခံကျင်းပခဲ့တယ်။ ခုတော့ ဘား ပါဝင်တဲ့ စားသောက်ဆိုင် ဖြစ်နေပါပြီ။ အစားအသောက်တွေကို “Mittel-European” လို့ ကင်ပွန်းတပ်ခံထားရတယ်။ ဆိုလိုတာကတော့ ဥရောပအချက်အချာနေရာလို့ အဓိပ္ပာယ်ရတယ်။

Source : Stylist

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD