အာရှတိုက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး တိုက်ကြီးတစ်တိုက်ဖြစ်သလို ယဉ်ကျေးမှုအရလည်း ကြွယ်ဝတဲ့ တိုက်ကြီးလို့ ဆိုနိုင်ပါတယ်။ တရုတ်၊ ဂျပန်၊ အိန္ဒိယ အစရှိတဲ့ ကမ္ဘာ့ယဉ်ကျေးမှုကြီးတွေ ပေါ်ထွန်းရာနိုင်ငံကြီးတွေ ရှိသလို တခြားယဉ်ကျေးမှု အဆင့်အတန်းမြင့်မားတဲ့ နိုင်ငံငယ်လေးတွေလည်း များစွာရှိပါတယ်။

အထူးသဖြင့် အာရှတိုက်နိုင်ငံတွေရဲ့ မြို့ကြီးတွေဟာ အာရှတိုက်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းပေးထားတဲ့ နေရာတွေပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ မသေခင် တစ်ခေါက်လောက်ရောက်ဖူးအောင် သွားရောက်လည်ပတ်သင့်တဲ့ အာရှတိုက်ရဲ့ လှပတဲ့မြို့ကြီးတွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ ယိုဂျာကာတာ (အင်ဒိုနီးရှား)

play
 

Jogja လို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ ယိုဂျာကာတာ (yogyakarta) မြို့ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုပေါင်းစုံရာ ဗဟိုချက်မ တစ်ခုပါပဲ။ လေတဟူးဟူးတိုက်နေတဲ့ ကျဉ်းမြောင်းတဲ့ သမိုင်းဝင်လမ်းကြားလေးတွေ၊ နယ်ခံလူတွေရဲ့ ရင်းနှီးဖော်ရွေတဲ့ သဘာဝတွေ၊ ချိုမြိန်ပြီး အရသာကောင်းမွန်တဲ့ နယ်ခံအစားအစာတွေနဲ့ မျက်စိပသာဒဖြစ်ဖွယ် နယ်ခံအနုပညာ လက်ရာလေးတွေကို တွေ့မြင်နိုင်တဲ့အတွက် ထင်ရှားပါတယ်။ လာရောက်လည်ပတ်သူတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုးရာဓလေ့နဲ့ ထုံးလမ်းစဉ်လာတွေကို ဒီတစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။

ဒီမြို့လေးကို သွားရောက်လည်ပတ်မယ်ဆိုရင် အင်ဒိုနီးရှားပါတိတ်ဆင်ကို ကိုယ်တိုင်စမ်းရိုက်ကြည့်နိုင်မယ်။ အင်ဒိုနီးရှား ရိုးရာတူရိယာတွေကို တီးကြည့်နိုင်တယ်။ ရုပ်သေးရုပ်ကပွဲတွေကို ကြည့်နိုင်တယ်။ ရိုးရာကပွဲတွေကိုလည်း ခံစားနိုင်တယ်။ မြို့ထဲလမ်းကြားတွေထဲမှာ လျှောက်သွားရင်း အရသာရှိတဲ့ လမ်းဘေးစာတွေကို လျှောက်စားနိုင်တယ်။ နောက်ပြီး Prambanan နဲ့ Borobudur တို့လို ဟိန္ဒူနဲ့ဗုဒ္ဓဘုရားကျောင်းတွေကိုလည်း သွားရောက်လေ့လာနိုင်ပါသေးတယ်။

၂။ စီရမ်းရိမြို့ (Siem Reap) (ကမ္ဘောဒီးယား)

play
 

ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ရှေးဟောင်းဗုဒ္ဓကျောင်းတော်တွေ စုဝေးရာအရပ်ဖြစ်တဲ့ အန်ကာဝပ်ကျောင်းတော် (Angkor Wat) ကိုသွားရာလမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ စီရမ်းရိမြို့ (Siem Reap) ဟာ ကမ္ဘောဒီးယားနိုင်ငံမှာတော့ အထင်ရှားဆုံးနဲ့ လာရောက်လည်ပတ်သူအများဆုံး မြို့တစ်မြို့ဖြစ်ပါတယ်။ နေစရိတ်၊ စားစရိတ်ကတော့ နိုင်ငံတွင်းက တခြားမြို့တွေက အနည်းငယ် ကြီးကောင်းကြီးနိုင်ပါတယ်။

ဒါပေမဲ့ စီရမ်းရိမြို့ဟာ အေးဆေးသာယာတဲ့ ပတ်ဝန်းကျင်လေးကို ဖန်တီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လာရောက်လည်ပတ် သူတွေဟာ နယ်ခံရိုးရာ အဆင်အပြင်တွေနောက်က ခေတ်ပေါ်ပစ္စည်းတွေကို တွေ့ရှိနိုင်ပါတယ်။ ခြေတံရှည်အိမ်လေးတွေ စုဝေးထားတဲ့ ရွာလေးတွေနဲ့ ညဈေးတွေကလည်း ဒီမြို့ရဲ့ နိုင်ငံခြားခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ စုရပ်တွေပါပဲ။

၃။ ဟွိုင်အမ်း (Hoi An) (ဗီယက်နမ်)

play
 

ဟွိုင်အမ်း (Hoi An) မြို့ကတော့ ဗီယက်နမ်နိုင်ငံမှာ အလှပဆုံးမြို့တစ်မြို့ပါပဲ။ ဒီမြို့ဟောင်းလေးကို UNESCO က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဝင်အဖြစ် အသိအမှတ်ပြုထားပါတယ်။ ဘာလို့လဲဆိုတော့ မြို့ရဲ့သမိုင်းကြောင်းက နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့ပြီ ဖြစ်လို့ပါပဲ။ ရှေးခေတ်တုန်းက ဟွိုင်အမ်းမြို့ဟာ Cham နိုင်ငံတော်ရဲ့ အချက်အချာဆိပ်ကမ်းမြို့တစ်ခု ဖြစ်ခဲ့ပြီး ကုန်သွယ်မှု လုပ်ငန်းတွေကို လုပ်ဆောင်ကြပါတယ်။

၁၆ ရာစုနဲ့ ၁၇ ရာစုကြားမှာတော့ ဟွိုင်အမ်းဟာ အရေးကြီးတဲ့ နိုင်ငံတကာဆိပ်ကမ်းမြို့တစ်ခု ဖြစ်လာခဲ့ပြီး အခုချိန်ထိ ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံဟာ ဟွိုင်အမ်းမှာထင်ကျန်နေဆဲပါပဲ။ မြို့ရဲ့အဓိကရိုးရာ ယဉ်ကျေးမှုကတော့ Cham လူမျိုးတွေရဲ့ ယဉ်ကျေးမှုဖြစ်ပြီး တရုတ်ယဉ်ကျေးမှုကတော့ ဒုတိယအလွှမ်းမိုးဆုံး ဖြစ်ပါတယ်။ မြို့ဟောင်းဟာ ကျဉ်းမြောင်းတဲ့ လမ်းလေးတွေနဲ့အတူ လျှောက်သွားလို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ နောက်ပြီး တရုတ်စတိုင်လ် အိမ်ဈေးဆိုင်လေးတွေကလည်း ညနေခင်းအချိန် ဈေးဝယ်ထွက်လို့ ကောင်းပါတယ်။ နယ်မြေအစားအသောက်တွေ၊ နယ်မြေအဝတ်အစားတွေ ဝယ်ချင်ရင်တော့ အဲဒီအိမ်ဈေးဆိုင်လေးတွေက အကောင်းဆုံးပါပဲ။

၎။ ဟောင်ကောင်

play
 

ဟောင်ကောင်ကတော့ ယဉ်ကျေးမှုပေါင်းစုံတည်ရှိပြီး ကြွယ်ဝချမ်းသာတဲ့ ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ ဟောင်ကောင်မှာ ကန်တုံပြည်နယ်က တရုတ်တွေနဲ့ ဗြိတိသျှတွေ နယ်ချဲ့ခဲ့ရာက ကျန်ရစ်တဲ့ သွေးနှောတွေ ရောယှက်နေပါတယ်။ နောက်တစ်ခုက ဟောင်ကောင်ဟာ ကမ္ဘာပေါ်က အချက်အချာကျတဲ့ မြို့ကြီးတော်တော်များများနဲ့ ဆက်သွယ်ထားတဲ့ အရှေ့အာရှရဲ့ အချက်အချာကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ ဟောင်ကောင်ဟာ ယဉ်ကျေးမှုပေါင်းစုံနဲ့ လူမျိုးစုံတည်ရှိရာနေရာလည်း ဖြစ်ပါတယ်။ ဗီယက်နမ် ယဉ်ကျေးမှုကနေ ကနေဒါယဉ်ကျေးမှုအထိ ဟောင်ကောင်မှာ လွှမ်းမိုးနေပါတယ်။ ဒါကြောင့်လည်း ဟောင်ကောင်မြို့သားတွေဟာ သူတို့မြို့ကို "အာရှတိုက်ရဲ့ကမ္ဘာ့မြို့တော်" လို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ မြင့်မားတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့ အရေးပါအရာရောက်တဲ့ ဘဏ္ဍာရေးအဆောက်အအုံကြီးဟာ ဟောင်ကောင်ရဲ့မြို့ပြနေထိုင်မှုကို ထင်ဟပ်ပုံဖော်နေပါတယ်။ The Peak ကတော့ ဟောင်ကောင်မှာ အမြင့်မားဆုံးနေရာဖြစ်ပြီး ဟောင်ကောင်ရဲ့ အလှအပဆုံးမြင်ကွင်းတွေကို ပုံဖော်ပြသနေပါတယ်။

၅။ ရှန်ဟိုင်း (တရုတ်)

play
 

လူဦးရေ (၂၃) သန်းနေထိုင်တဲ့ ရှန်ဟိုင်းမြို့ဟာ တရုတ်ပြည်မကြီးထဲမှာတော့ အကြီးမားဆုံးနဲ့ အဖွံ့ဖြိုးဆုံး မြို့တစ်မြို့ပါ။ တစ်ခုရှိတာက လူဦးရေ (၂၃) သန်းထဲက (၉) သန်းကျော်လောက်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ၁၉၃၀ ပြည့်နှစ်တွေတုန်းကတော့ ရှန်ဟိုင်းမြို့ဟာ နယ်မြေတဝိုက်မှာ အချမ်းသာဆုံးပါပဲ။

ပြီးခဲ့တဲ့ နှစ် (၂၀) အတွင်းမှာတော့ ရှန်ဟိုင်းဟာ မြို့ရဲ့ ခေတ်သစ်နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လာရောက်ရှာဖွေတဲ့ လည်ပတ်သူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ Huangpu မြစ်ကတော့ ရှန်ဟိုင်းမြို့ကို Puxi နဲ့ Pudong ဆိုတဲ့ နှစ်ပိုင်း ခွဲခြားထားပါတယ်။ Puxi ကတော့ မြို့ရဲ့ရှေးဟောင်းအကျဆုံး အပိုင်းဖြစ်ပြီး အလည်လာသူတွေကို ၁၉ ရာစုကို ပြန်ခေါ်သွားပေးမှာပါ။ Pudong ကတော့ ၁၉၈၀ ပြည့်နှစ်တွေတည်းက တည်ဆောက်ခဲ့တဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

Source: Theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video