စင်္ကာပူနဲ့ ရန်ကုန်ဆိုတာ တကယ်တော့ အိမ်ဦးနဲ့ ကြမ်းပြင်လိုဖြစ်နေပါပြီ။ လေယာဉ်ချိန်ကလည်း တိုတောင်း၊ ဗီဇာကလည်း ကင်းလွတ်တယ်ဆိုတော့ စိတ်ပူပေါက်တာနဲ့ လေယာဉ်လက်မှတ် ကောက်ဝယ်ပြီး သွားလို့ရတဲ့ နေရာမျိုးပါ။ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အကူအညီမယူဘဲ စင်္ကာပူမှာ ကျောပိုးအိတ်တစ်လုံးနဲ့ တစ်ကိုယ်တော် ရွက်လွှင့်ချင်တယ်ဆိုရင် (Backpacker Tour) လုပ်ချင်တယ်ဆိုရင် ဒါလေးတွေကို သိထားသင့်ပါတယ်။

၁။ ပိုက်ဆံမပေးရတဲ့ လမ်းလျှောက် tour တွေနောက်လိုက်ပါ

play
 

စင်္ကာပူနိုင်ငံကို ပထမဦးဆုံးရောက်ဖူးပြီး ဘယ်နားမှာဘာရှိလဲဆိုတာ မသိသေးဘူးဆိုရင်တော့ ပိုက်ဆံပေးစရာမလိုတဲ့ မြို့ပတ်လမ်းလျှောက် tour တွေနဲ့ လိုက်ကြည့်ပါ။ များသောအားဖြင့် အဲဒီမြို့ပတ်လမ်းလျှောက် tour တွေကို စင်္ကာပူနိုင်ငံသား ဧည့်လမ်းညွှန်တစ်ယောက်က ဦးဆောင်တတ်ပြီး စေတနာရှိရင်တော့ ဘောက်ဆူးချလို့ရပါတယ်။

Singapore Foodprints, Indie Singapore နဲ့ Sneakpeek Singapore တို့လို Tour တွေကို စုံစမ်းကြည့်ပါ။ စင်္ကာပူမှာ ကြာကြာမနေဘဲ လေယာဉ်ချိန်းချိန်လောက်ပဲနေမယ့် ခရီးသည်တွေကတော့ ချန်ဂီလေဆိပ်ရဲ့ (၂) နာရီခွဲ အချိန်ကြာမယ့် မြို့ပတ်လမ်းလျှောက် tour နောက် လိုက်ကြည့်သင့်ပါတယ်။

၂။ app တွေကြည့်ပြီး လျှောက်သွားမယ်

play
 

နည်းပညာခေတ်ကြီးထဲမှာ နည်းပညာကောင်းကောင်း သုံးတတ်ရင်ကို အလုပ်ဖြစ်နေပါပြီ။ ရှေးခေတ်တုန်းကတော့ "ပါးစပ်ပါ ရွာရောက်" ဆိုပေမယ့် ယနေ့ခေတ်မှာတော့ "App ပါ ရွာရောက်" ဖြစ်နေပါပြီ။ စင်္ကာပူကို တစ်ယောက်တည်း လျှောက်သွားမယ်ဆိုရင် ဒေါင်းလုပ်ဆွဲထားလို့ရတဲ့ free app တွေ ရှိပါတယ်။

Crowdtrails, SG Heart Maps နဲ့ Voicemap တို့ဟာ လမ်းကြောင်းတွေနဲ့ နယ်ခံတွေ ရေးသားထားတဲ့ သတင်းအချက်အလက်တွေကို ဖြည့်စွမ်းပေးမှာဖြစ်ပါတယ်။ နောက်ပြီး Roots.sg ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကလည်း အမျိုးသား ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ဘုတ်အဖွဲ့က ပြုလုပ်တာဖြစ်ပြီး စင်္ကာပူနိုင်ငံက သမိုင်းဝင်နေရာတွေရဲ့ သတင်းအချက်အလက်နဲ့ တည်နေရာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

၃။ night out ထွက်မယ်

play
 

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာ ညယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ Marina Bay ကတော့ စင်္ကာပူ မြို့လည်ခေါင်မှာ လျှောက်သွား၊ လျှောက်ကြည့်လို့ကောင်းတဲ့ နေရာတစ်ခုပါပဲ။ Merlion တို့၊ ဒူးရင်းသီးပုံစံ ပင်လယ်ကမ်းစပ်တို့၊ လည်နေတဲ့ Helix တံတားတို့၊ အပေါ်မှာ သင်္ဘောပုံစံတင်ထားတဲ့ Marina Bay Sands အဆောက်အဦးတို့လို အထိန်းအမှတ်နေရာတွေဟာ night out ထွက်ရင် လျှောက်သွားလို့ကောင်းတဲ့ နေရာတွေပါ။ ရာသီဥတု အေးချမ်းတာမို့ ညဘက်မှာ လမ်းလျှောက်သွားမယ်ဆိုရင် အေးအေးလူလူလည်း ရှိမှာပါ။

၎။ ဈေးချိုပြီး စားကောင်းတဲ့ အစားအသောက်တွေစားမယ်

play
 

ဈေးသက်သာပြီး စားလို့ကောင်းတဲ့ စင်္ကာပူအစားအစာတွေကို မြည်းစမ်းကြည့်ချင်သူတွေကတော့ စင်္ကာပူရဲ့လမ်းဘေး ဈေးတန်းတွေကို သွားရောက်ကြည့်ရှုသင့်ပါတယ်။ Michelin awarded hawker stalls ဆိုတဲ့ ညဈေးတန်းမှာ စင်္ကာပူနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ အစားအသောက်တွေကို စုံလင်စွာရရှိနိုင်တယ်ဆိုပေမယ့် လူပိုရှင်းပြီး ဈေးလည်းပိုသက်သာတဲ့ တခြားဈေးတန်း တွေလည်း အများကြီးရှိပါသေးတယ်။

၅။ အပေါ်စီးကနေ ငုံ့ကြည့်မယ်

play
 

စင်္ကာပူကျွန်းတစ်ခုလုံးကို အပေါ်စီးကနေ ငုံ့ကြည့်လို့ရတဲ့ viewpoint တွေ စင်္ကာပူမှာ အများကြီးရှိပါတယ်။ ကျောပိုးအိတ်ခရီးသွားတွေ မဖြစ်မနေ သွားကြည့်သင့်တဲ့ နေရာတစ်ခုကတော့ Southern Ridges ပါပဲ။ အဲဒီမှာ အံ့သြဖွယ် Henderson Waves တံတားကြီး နဲ့အတူ စင်္ကာပူရဲ့လှပတဲ့ ရှုခင်းတွေကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် စိမ်းစိုလန်းဆန်းတဲ့ စင်္ကာပူနဲ့ ရှုပ်ယှက်ခတ်နေတဲ့ မြို့ပြလူနေမှု စနစ်နဲ့ စင်္ကာပူဆိုပြီး နှစ်ခုကွဲနေတာကိုလည်း မြင်တွေ့ရမှာပါ။

Source: theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video