AD
AD
AD

ဗီယက်နမ်နိုင်ငံဟာ လျှိုမြောင်တောင်တန်းများနဲ့ လှပတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြင့်မားတဲ့ယဉ်ကျေးမှုနဲ့ အံ့သြသင့်ဖွယ်လှပတဲ့ သဘာဝအလှအပတွေကြောင့် ထင်ရှားပါတယ်။ ကမ္ဘာ့အကြီးဆုံး သဘာဝလှိုဏ်ဂူကြီးဖြစ်တဲ့ Son Doong လှိုဏ်ဂူဟာ ဗီယက်နမ်နိုင်ငံမှာ တည်ရှိပါတယ်။

play

 

တောင်တရုတ်ပင်လယ်ပြင်နဲ့ ထိခိုက်နေတဲ့ ဗီယက်နမ်နိုင်ငံက နိုင်ငံသားတွေဟာ သူတို့ကိုယ်သူတို့ တရုတ်မင်းသမီးတစ်ပါးနဲ့ ပင်လယ်ပြင်တွေကို အပိုင်စားတဲ့ နဂါးဘုရင်တစ်ပါးတို့ ပေါင်းဖက်ရာမှ စတင်ပေါ်ပေါက်လာခဲ့တယ်လို့ ဒဏ္ဍာရီတွေအရ ယုံကြည်ကြပါသေးတယ်။ စိမ်းစိုလှပတဲ့ တောင်တန်းကြီးတွေ၊ ဖြူဖွေးလှပတဲ့ သဲသောင်ပြင်တွေနဲ့ ဗီယက်နမ်ကို တစ်ခေါက်တစ်ခါလောက်တော့ အလည်အပတ်ရောက်ဖူးသင့်ပါတယ်။

၁။ သဘာဝအလှတရားတွေ

play
 

ဗီယက်နမ်နိုင်ငံဟာ သဘာဝအလှတရားတွေကြောင့် နာမည်ကျော်ကြားတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဘယ်နေရာကိုပဲကြည့်လိုက် ကြည့်လိုက် သဘာဝရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ ဗီယက်နမ်နိုင်ငံဟာ မြို့ပြ ယဉ်ကျေးမှုကို စိတ်ကုန်နေသူတွေအတွက်တော့ စိတ်အပန်းပြေစရာ ထွက်ပေါက်တစ်ခုပါပဲ။ ဗီယက်နမ်မှာရှိတဲ့ အဆောက်အဦး တော်တော်များများကတော့ ဥရောပအငွေ့အသက် ကျန်နေတတ်ပါတယ်။ Da Lat မြို့မှာဆိုရင် ဥရောပလက်ရာ အဆောက်အဦးတွေ၊ ထင်းရှူးတောတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

၂။ စရိတ်အများကြီးမကုန်ကျဘူး

play
 

ှဗီယက်နမ်ဟာ ကမ္ဘာပေါ်က လှပတဲ့ လည်ပတ်စရာ နေရာတွေထဲမှာမှ ကုန်ကျစရိတ်အရမ်းမများဘဲ လည်ပတ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဗီယက်နမ်မှာ backpacker tour ဆိုတဲ့ ဝန်စည်စလယ်နည်းနည်းနဲ့ လည်ပတ်တဲ့ခရီးစဉ်ကို ရွေးချယ်မယ်ဆိုရင် တစ်ရက်ကို ဒေါ်လာ ၅၀ နဲ့ ၁၀၀ ကြားမှာပဲ ကုန်ကျနိုင်ပါတယ်။

ကြယ် (၅) ပွင့် ဟိုတယ်ကြီးတွေမှာ တည်းခိုမယ်ဆိုရင်တောင် တစ်နေ့တာအတွက် စုစုပေါင်းကုန်ကျစရိတ်က ဒေါ်လာ (၂၀၀) ထက်ပိုမှာမဟုတ်ပါဘူး။ နောက်တစ်ခုက ဗီယက်နမ်မှာ အစားအသောက်တွေ ဈေးချိုပါတယ်။ အမဲသားနဲ့ ပြုလုပ်ထားတဲ့ ဗီယက်နမ် ဖိုခေါက်ဆွဲတို့၊ ဝက်သားခေါက်ဆွဲတို့ဟာ နာမည်ကြီးဒေသ အစားအစာတွေဖြစ်ပြီး ဈေးလည်းသက်သာပါတယ်။

၃။ ဖော်ရွေတဲ့လူမျိုး

play
 

ဗီယက်နမ်နိုင်ငံသားတွေဟာ ဖော်ရွေတဲ့စိတ်နေစိတ်ထားရှိကြပါတယ်။ ဒေသခံတွေရဲ့ဖော်ရွေတဲ့သဘောထားတွေက ခရီးသွားရတာကို ပိုပျော်ဖို့ကောင်းစေပါတယ်။ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေ ဘယ်လောက်ပဲလှနေပါစေ ဒေသခံတွေက ရန်လိုနေရင် ခရီးသွားရတာ ဘယ်လိုမှ ပျော်စရာကောင်းမှာမဟုတ်ဘူးလေ။ ဗီယက်နမ်မှာတော့ ဘယ်နေရာကိုပဲသွားသွား တွေ့ရမယ့် ရင်းနှီးဖော်ရွေတဲ့မျက်နှာလေးတွေက ခင်ဗျားကိုကျေနပ် ပျော်ရွှင်စေမှာပါ။

၎။ ပွဲတော်တွေ

play
 

ဗီယက်နမ်ရောက်ရင် တွေ့ရမယ့် ဆယ့်နှစ်ပွဲဈေးတန်းလေးတွေနဲ့ ရိုးရာပွဲတော်တွေဟာ ကမ္ဘာပေါ်က တခြားဘယ်အရာနဲ့မှ မတူပါဘူး။ ဗီယက်နမ်နိုင်ငံဟာ အလွန်ရှည်လျားပြီး ကြွယ်ဝတဲ့သမိုင်းကြောင်းရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ရိုးရာပွဲတော် မျိုးစုံကိုလည်း တွေ့မြင်ရမှာပါ။ ပြင်သစ်လက်အောက်ခံ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ဖူးတဲ့အတွက် ဥရောပလက်ရာ အငွေ့အသက်တွေ ကျန်ရစ်သလို ဗီယက်နမ်ရိုးရာ ဓလေ့တွေကိုလည်း ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်ရမှာပါ။

မြန်မာနိုင်ငံလိုပဲ တစ်နှစ်ပတ်လုံး ပွဲတော်မျိုးစုံနဲ့ စည်ကားနေတဲ့အတွက် ပွဲတော်တစ်ခုမဟုတ် တစ်ခုနဲ့တော့ ကြုံတွေ့ရမှာပါ။ ဗီယက်နမ်ရဲ့ပွဲတော်တွေမှာ ဝင်ရောက်လေ့လာရင်း ဗီယက်နမ်လူမျိုးတွေရဲ့ မိသားစုနဲ့ သူငယ်ချင်းမိတ်ဆွေတွေအပေါ် ချစ်မြတ်နိုးတဲ့စိတ်ကို တွေ့မြင်ရမှာပါ။

၅။ ကမ်းခြေတွေ

play
 

ဗီယက်နမ်နိုင်ငံက ကမ်းခြေတွေဟာလည်း အံ့အားသင့်ဖွယ်ပါပဲ။ ခင်ဗျားသာ Da Nang (သို့) Nha Trang ဘက်ကိုသွားဖြစ်မယ်ဆိုရင် ထူးခြားတဲ့သဘာဝအလှကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကမ်းခြေတွေဟာ အဖြူရောင်သဲသောင်ပြင်တွေနဲ့ လှပနေသလို ပင်လယ်ပြင်ကလည်း ကြည်လင်နေပါတယ်။ ရေကူးရတာလည်း နေရာအများစုမှာ အဆင်ပြေပါတယ်။ တစ်ယောက်တည်းမဟုတ်ဘဲ ချစ်သူလေးနဲ့ တူတူခရီးသွားတာဆိုရင် ရိုမန်းတစ်ဆန်နိုင်ဖို့အတွက် အကောင်းစားအပန်းဖြေစခန်းတွေလည်း ရှိပါသေးတယ်။

Source: Travellover

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD