AD
AD
AD

နှစ်စဉ် ထုတ်ပြန်တဲ့ လူကြိုက်အများဆုံး ၊ ပေါ်ပြူလာအဖြစ်ဆုံး စာရင်းတွေကို အင်စတာဂရမ်က ထုတ်ပြန်လိုက်ပါပြီ။ ယခုနှစ်အတွင်း အင်စတာဂရမ်ပေါ်မှာ အမြင်ရဆုံး ဖြစ်ခဲ့တဲ့ မြို့တော်တွေ စာရင်းလည်း ပါဝင်ပါတယ်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့အတွင်း ကောက်ယူရရှိတဲ့ အချက်အလက်တွေကို တွက်ချက်ပြီး ထုတ်ပြန်လိုက်တာပါ။ ဒီစာရင်းကိုကြည့်ရင် ဒီနှစ်ထဲ ဘယ်မြို့တော်တွေဟာ ခရီးသွားတွေ အကြိုက်ဆုံးဖြစ်ခဲ့သလဲ ဆိုတာကိုလည်း သိနိုင်ပါလိမ့်မယ်။

၁၀။ ဘာစီလိုနာ

play
 

စပိန်နိုင်ငံ ၊ ဘာစီလိုနာ (Barcelona) မြို့တော်ဟာ ဒီစာရင်းမှာ နံပတ် ၁၀ နေရာက ချိတ်ပါတယ်။ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေက ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ အထူးသဖြင့် Gaudi ရဲ့ ဗိသုကာလက်ရာကနေ Gothic Quarter တို့လို နေရာတွေပေါ့။

၉။ အစ္စတန်ဘူလ်

play
 

တူရကီနိုင်ငံက Istanbul ရဲ့ ကောင်းကင်ကို ကြည့်ရတာ ရင်သပ်ရှုမောလောက်အောင် လှတယ်လေ။ ပြီးခဲ့တဲ့ ၁၂ လ အတွင်း အစ္စတန်ဘူလ်မြို့မှာ ရိုက်ပြီး တင်ခဲ့တဲ့ပုံတွေဟာ အင်စတာဂရမ်မှာ မနည်းမနောပဲ။

၈။ ဂျကာတာ

play
 

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာ (Jakarta) ဟာ ပထမဆုံးအကြိမ် ဖျတ်ခနဲ ကြည့်လိုက်မိရုံနဲ့တင် ပစ်လှဲချချင်စိတ် ပေါ်လာအောင် လူတွေကို ဆွဲဆောင်နိုင်တယ်။ အထပ်မြင့်အဆောက်အဦးတွေ ၊ လေးထောင့်ကွက် လမ်းတွေနဲ့ ဖွဲ့စည်းထားပုံဟာ အင်စတာဂရမ်မှာ မြင်နေကြ အခြားနေရာတွေနဲ့ ကွဲပြားနေတယ်။ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးတွေနဲ့ အဆင့်မြင့် ခေတ်သစ်အဆောက်အဦတွေ ရောထားတာက ခေတ်နှစ်ခုလုံးကို တပြိုင်နက်တည်း ခံစားရနိုင်တဲ့ နေရာဖြစ်နေပါတယ်။

၇။ စိန့် ပီတာစဘတ်

play
 

ရုရှားနိုင်ငံ ၊ St Petersburg မြို့ရဲ့ အလှက အိပ်မက်ဆန်တယ်။ နှင်းခဲနေတဲ့ ရာသီဥတုအောက်က လှပတဲ့ အဆောက်အဦတွေဟာ ဆောင်းရာသီ ထူးဆန်းထွေလာကမ္ဘာ လို့တောင် ပြောရမှာပါ။

၆။ လော့စ် အန်ဂျလိစ်

play
 

အမေရိကန်ပြည်ထောင်စု ၊ Los Angeles မြို့ကတော့ ဟောလိဝုဒ်နယ်ပယ်ကလူတွေ ဝင်ထွက်သွားလာနေကြ စည်ကားတဲ့ မြို့အဖြစ်သာမက ကမ်းခြေတွေ၊ သဲကန္တရတွေကလည်း ခရီးသွားတွေ ရွေးချယ်ကြတဲ့ နေရာတစ်ခု ဖြစ်လာတယ်။ အင်စတာဂရမ်ပေါ်မှာ LA ဆိုတဲ့ နေရာက တကယ်ပဲ များပြားလှတယ်။

၅။ ပါရီ

play
 

ပြင်သစ်နိုင်ငံ Paris မြို့ကတော့ ကမ္ဘာ့ရိုမန့်တစ်အဖြစ်ဆုံး မြို့တော်လို့လည်း ခေါ်ကြတယ်။ လမ်းတိုင်းက ဓာတ်ပုံရိုက်လို့ လှနေတာ ဆိုတော့လည်း နှစ်စဉ် လာရောက်သူတွေများတာ၊ အင်စတာဂရမ်ပေါ် ပုံတွေ ပလူပျံနေတာ မဆန်းပါဘူး။

၎။ ဆာပေါ်လို

play
 

လူနေထူထပ်ပြီး စည်ကားတဲ့ ဘရာဇီးနိုင်ငံ São Paulo မြို့တော်ဟာ လှပတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ Ibirapuera Park တို့ကြောင့် နာမည်ကြီးပါတယ်။

၃။ လန်ဒန်

play
 

မြို့တော်လန်ဒန်ဟာ သမိုင်းဝင် ရှေးလက်ရာ အဆောက်အဦးတွေနဲ့ ရှုခင်းတွေကြောင့်မို့လို့ ပိုပြီးတော့ ငေးမောဖွယ်ရာ ကောင်းနေတယ်။ လမ်းတွေ၊ အဆောက်အဦတွေ၊ အထိမ်းအမှတ်နေရာတွေဟာ ခရီးသွားတိုင်းအတွက် မသွားမဖြစ် နေရာတွေပါပဲ။

၂။ မော်စကို

play
 

ဒီစာရင်းမှာ ရုရှားနိုင်ငံက ဦးဆောင်တယ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မြို့တော်နှစ်ခုလုံးက အင်စတာဂရမ်မှာ အမြင်ရဆုံး ဖြစ်ခဲ့တယ်လေ။ Moscow မြို့ဟာ ဆိုရင်လည်း အိပ်မက်ဆန်တဲ့ လက်ရာတွေနဲ့ နှင်းဖုံးနေတဲ့ အဆောက်အဦတွေက ပုံပြင်ဆန်လွန်းတယ်။

၁။ နယူးယော့ခ်

play
 

New York စာသားပါတဲ့ သီချင်းတွေ အများကြီး နားထောင်ဖူးမယ်ထင်တယ်။ ခေတ်မီဆန်းကြယ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု ၊ စည်ကားရှုပ်ထွေးမှုတွေဟာ နယူးယော့ခ်ရဲ့ အမှတ်အသားပါပဲ။ မိုးမျှော်တိုက်တွေရဲ့ကြားက သန့်ရှင်းတဲ့လမ်းတွေဟာ ဓာတ်ပုံရိုက်လို့ကောင်းနေပြန်ရော။

Source : Bazaar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD