AD
AD
AD

၁၈၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ ကမ္ဘာ့ပထမဆုံး ရေနွေးငွေ့ရထားကို ပေးဆွဲပြီး ကမ္ဘာကြီးရဲ့ သယ်ယူပို့ဆောင်ရေး ပုံစံကို စတင်ပြောင်းလဲပေးခဲ့ပါတယ်။ ပင်လယ်ရပ်ခြားမဟုတ်တဲ့ ပြည်တွင်းခရီးတွေမှာ ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေးအတွက် မီးရထားဟာ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

play

 

အခုခေတ်မှာတော့ ပိုမိုမြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေ ပေါ်ပေါက်လာလို့ မီးရထားရဲ့အခန်းကဏ္ဍ မှေးမှိန်သွားတယ် ဆိုပေမဲ့ အခြေခံလူတန်းစားတွေကတော့ မီးရထားကိုပဲ အားကိုးနေကြဆဲပါပဲ။ ရုံးသွားချိန် ဘတ်စ်ကားတွေကြပ်လို့ပဲဖြစ်ဖြစ်၊ နယ်ပြန်ရင်ပဲဖြစ်ဖြစ် မီးရထားကို ရွေးချယ်ချင်စိတ် ပေါ်လာအောင် မီးရထားစီးပြီး ခရီးသွားလာခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရှုမျှော်ခင်းတွေ ကြည့်နိုင်တယ်

play
 

မီးရထားနဲ့ ခရီးသွားခြင်းဟာ သဘာဝအလှတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေကို ကားနဲ့သွားတာထက်ပိုပြီး လေ့လာခံစားနိုင်ပါတယ်။ ဓာတ်ပုံရိုက်တာကို ဝါသနာပါသူဆိုရင် မီးရထားစီးပြီး ခရီးသွားကြည့်ပါ။ လမ်းခရီးမှာ ရှုမျှော်ခင်းတွေနဲ့ လူတွေရဲ့နေ့စဉ်ဘဝကို မှတ်တမ်းတင်နိုင်သလို သဘာဝကျတဲ့ ဓာတ်ပုံကောင်းတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။

၂။ ဈေးသက်သာတယ်

ရထားလက်မှတ်တွေဟာ ကားခထက်ပိုပြီး ဈေးသက်သာတာတော့ အမှန်ပါပဲ။ နယ်ဝေးခရီးသွားမယ်ဆိုရင် မီးရထား ရိုးရိုးတန်းက စီးသွားမယ်ဆိုရင် ကားလက်မှတ်တန်ဖိုးထက် ထက်ဝက်ခန့် သက်သာတာကို တွေ့ရှိရမှာပါ။ မီးရထားလေးစီးပြီး ခရီးသွားရင်း ဓာတ်ပုံလေးရိုက်လိုက်၊ စားချင်တာလေးစားလိုက် လုပ်သွားလို့လည်း ရပါသေးတယ်နော်။ ဒါ့အပြင် ရထားပျံကျဈေးသည်တွေ လာရောင်းတဲ့ နယ်ခံအစားအသောက်တွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါသေးတယ်။

၃။ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတယ်

play
 

ရထားစီးခြင်းဖြင့် ကိုယ်ကိုယ်တိုင်သဘာဝ ပတ်ဝန်းကျင်ကို ပိုမိုချစ်ခင်လာစေနိုင်သလို ကားနဲ့ခရီးသွားခြင်း၊ လေယာဉ်နဲ့ ခရီးသွားခြင်းတို့ထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုကို လျော့ကျစေတာကြောင့် အိုဇုန်းလွှာကိုလည်း တစ်ဖက်တစ်လမ်းက ကာကွယ်နိုင်ပါသေးတယ်။ သဘာဝတရားကြီးကို ချစ်မြတ်နိုးသူကို သဘာဝတရားကြီးကလည်း ချစ်မြတ်နိုးပါတယ်။

၎။ သွားရလာရတာ ပေါ့ပါးတယ်

play
 

ခဏခဏ အိမ်သာတက်တတ်သူတွေအတွက်တော့ ကားစီးရတာထက် ရထားစီးရတာက ပိုပြီးအဆင်ပြေပါတယ်။ နောက်ပြီး ခြေဆန့်လက်ဆန့်လုပ်ရတာလည်း လွယ်ပါတယ်။ ကြာကြာရပ်တဲ့ ဘူတာတိုင်းမှာလည်း ခဏအောက်ဆင်းပြီး လေ့လာနိုင်တဲ့အတွက် ဒေသန္တရ ဗဟုသုတရှာမြည်းလိုသူတွေအတွက်တော့ နေရာသစ်များစွာမှာ အတွေ့အကြုံသစ်များစွာ ရရှိစေနိုင်ပါတယ်။

Source: USAToday

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD