AD
AD
AD

လေထုထဲက ရေမှုန်လေးတွေဟာ နေရောင်နဲ့ ထိတွေ့တဲ့အခါ သက်တံဖြစ်ပေါ်လာသတဲ့။ ကလေးဘဝတုန်းက သက်တံကို မြင်ရတိုင်း ပျော်ကြတယ်လေ။ သက်တံတွေဟာ အချိန်ကြာကြာကြီး မြင်ရလေ့တော့ မရှိပါဘူး။ အချိန်အကြာဆုံး ဖြစ်ပေါ်ခဲ့တဲ့ သက်တံကတော့ ထိုင်ဝမ်မှာ ဖြစ်သွားခဲ့တာပါ။

play

 

နိုဝင်ဘာ ၃၀ ရက်နေ့က တိုင်ပေမှာ ဖြစ်ပေါ်သွားခဲ့တဲ့ သက်တံကြီးဟာ အချိန်အားဖြင့် ၉ နာရီနီးပါး ကြာခဲ့ပါတယ်။ ကမ္ဘာ့စံချိန်တင် အချိန်အကြာဆုံး သက်တံ့ကြီးပါပဲ။ သက်တံကြီးရဲ့အချိန်ကို တရုတ်ယဉ်ကျေးမှုတက္ကသိုလ် ၊ Atmospheric Science ဌာနမှ ပရော်ဖက်ဆာ Chou Kun-hsuan နဲ့ Liu Ching-huang တို့က မှတ်တမ်းတင်ထားခဲ့ကြတာပါ။

play

 

အချိန်အတိအကျဆိုရင် ၈ နာရီနဲ့ ၅၈ မိ ကြာမြင့်ခဲ့တယ်လို့ ပရော်ဖက်ဆာနှစ်ဦးက ပြောတယ်။ မနက် ၆ နာရီ ၅၇ မိနစ်ကနေ ညနေ ၃ နာရီ ၅၅ မိနစ်ထိ ဖြစ်ပေါ်သွားခဲ့တာကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြတယ်။ အရင်တုန်းက အချိန်အကြာဆုံးဖြစ်ခဲ့တဲ့ သက်တံရဲ့ စံချိန်ကိုလည်း ချိုးလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

၁၉၉၄ ခုနှစ်၊ မတ်လ ၁၄ ရက်တုန်းက အင်္ဂလန်နိုင်ငံ ယော့ခ်ရှိုင်းယားမှာ ဖြစ်ပေါ်ခဲ့တဲ့ သက်တံ့ကြီးရဲ့ စံချိန်ကို တိုင်ပေသက်တံ့က ချိုးလိုက်နိုင်ခဲ့တာပါ။ ယော့ခ်ရှိုင်းယားမှာ ဖြစ်ပေါ်ခဲ့တဲ့ သက်တံ့ဟာ အချိန် ၆ နာရီသာ ကြာမြင့်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားတွေဟာ သက်တံ့ကြီးကို ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြပြီး လူမှုကွန်ရက်တွေပေါ်မှာ တင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Source : CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD