ဆောင်းရာသီကို ချစ်ပါသလား။ ကိုလင်းနစ်ရဲ့သီချင်းထဲကလို "ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ" လျှောက်သွားရတာကို နှစ်သက်ပါသလား။ ချယ်ရီပန်းတွေကို မြတ်နိုးပါသလား။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို တွေ့ရှိပြီဆိုရင်တော့ ဆောင်းရာသီ အားလပ်ရက်တွေမှာ ခရီးထွက်ဖို့အတွက် အသင့်တော်ဆုံးက ဂျပန်နိုင်ငံဆိုတာကို တွေ့ရှိရမှာပါ။

play

 

ဂျပန်နိုင်ငံဟာ သဘာဝအလှတရားတွေနဲ့ တင့်တယ်လှပပြီး ရိုးရာယဉ်ကျေးမှုတွေနဲ့ အထူးကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အနွေးထည်ထူထူဝတ်ပြီး နှင်းလေးတဖွဲဖွဲကြားမှာ လမ်းလေးလျှောက်ရင်း ဖီးလ်ချင်တယ်ဆိုရင်တော့ဖြင့် ဂျပန်ကို အလည်အပတ်သွားသင့်နေပါပြီ။

၁။ လူရှင်းတယ်

play
 

ဂျပန်နိုင်ငံက ယေဘုယျအားဖြင့် လူသွားလူလာထူထပ်တဲ့ နိုင်ငံပါ။ နိုင်ငံရဲ့လူဦးရေ (၁၂၇) သန်းရှိတဲ့အပြင် ပွဲတော်ရာသီ ရက်တွေမှာဆိုရင်လည်း ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတာပါ။ အထူးသဖြင့် နွေဦးရာသီချယ်ရီပန်းကြည့်ပွဲနဲ့ ဆောင်းဦးရာသီ ရွက်ကြေပွဲတို့မှာ ကမ္ဘာလှည့်ခရီးသသည် သန်းနဲ့ချီပြီး လာရောက်လည်ပတ်ကြပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ ဂျပန်ကို အလည်သွားမယ်ဆိုရင်တော့ ခရီးသွားတွေဟာ ဂျပန်နိုင်ငံရဲ့ မျက်နှာစာတစ်ဖက်ခြမ်းကို မြင်တွေ့ရမှာဖြစ်ပြီး များပြားလှတဲ့ လူအုပ်ကြီးကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၂။ ဆောင်းရာသီအားကစားတွေ

play
 

ဂျပန်နိုင်ငံရဲ့ မြေမျက်နှာပြင်အနေအထားဟာ တောတောင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် စကိတ်စီးခြင်း၊ နှင်းလွှာလျှောစီးခြင်းနဲ့ တခြားဆောင်းရာသီ အားကစားတွေဟာ ဂျပန်နိုင်ငံမှာ အပြည့်အဝခံစားနိုင်ပါတယ်။ Hokkaido ကျွန်းက Niseko မြို့ဟာာဆိုရင် နှင်းလွှာလျှောစီးကွင်းတွေ၊ ဖြူဖွေးလှပတဲ့ နှင်းတွေနဲ့ နာမည်ကျော်ကြားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

၃။ ရေပူစမ်းတွေ

play
 

ဂျပန်ဆောင်းရာသီနဲ့ ပတ်သက်ပြီး အကောင်းဆုံးအပိုင်းကတော့ ရေပူစမ်းတွေပါ။ ဂျပန်ရဲ့အမှတ်သင်္ကေတ တစ်ခုလိုတောင်ဖြစ်နေတဲ့ ရိုးရာရေပူစမ်းတွေ မပါဘဲ ဂျပန်ဆောင်းရာသီအကြောင်း ပြောလို့ကိုမရပါဘူး။ ဂျပန်မှာ တစ်နိုင်တစ်ပိုင် ရေပူစမ်းအသေးလေးတွေ၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးက ရေပူစမ်းတွေ၊ မြို့တစ်မြို့လုံးကို ရေပူစမ်းလုပ်ငန်းတွေနဲ့ တည်ဆောက်ထားတဲ့မြို့တွေ စသည်ဖြင့် ရွေးချယ်စရာအမျိုးမျိုးရှိပါတယ်။ Kusatsu- onsen ဟာဆိုရင် ဆောင်းရာသီနေ့ရက်တွေမှာ အပန်းဖြေပြီး ခွန်အားပြန်ဖြည့်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

၎။ ဆောင်းရာသီအစားအစာတွေ

play
 

ဂျပန်မှာ ရာသီချိန်မှပေါ်တတ်တဲ့ ရိုးရာအစားအစာတွေ အများကြီးရှိပါတယ်။ နောက်ပြီး ဆောင်းရာသီမှာမှ တွေ့ရတတ်တဲ့ ရာသီစာတွေလည်း ရှိပါတယ်။ ရာသီဥတုအေးလာပြီဆိုတာနဲ့ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးဆိုင်လေးတွေဟာ ပဲကိုအခြေခံပြီး အသား၊ ဟင်းရွက်၊ တို့ဟူးတို့နဲ့ ပြုလုပ်ထားတဲ့ oden ဆိုတဲ့မုန့်တစ်မျိုးကို တည်ခင်းရောင်းချကြပါတော့တယ်။ နောက်ပြီး ဂျပန်ဟော့ပေါ့ (nabe) နဲ့ ဆာကေးအရက် ပူပူလေးတို့ဟာလည်း အေးမြတဲ့ရာသီဥတုနဲ့ တွဲဖက်ရင် အလိုက်ဖက်ဆုံးပါပဲ။

၅။ နှင်းပွဲတော်

play
 

Sapporo ဟာ ဆောင်းရာသီရောက်ရင် နှင်းပွဲတော်ကျင်းပဖို့အတွက် မြို့ပတ်ဝန်းကျင်ကို ဆောင်းရာသီအံ့ဖွယ်တိုင်းပြည်အဖြစ် အသွင်ပြောင်းလဲလိုက်ပါတယ်။ နှင်းပွဲတော်ဟာ နှစ်စဉ်နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် နှစ်သန်းကျော်ကို ဆွဲဆောင်ထားတဲ့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာ ရက်သတ္တပတ်တစ်ခုကြာအောင် ကျင်းပတဲ့ နှင်းပွဲတော်မှာ အလင်းပြပွဲတွေ၊ စကိတ်စီးပွဲတွေ၊ နှင်းတော ကစားပွဲတွေနဲ့ စည်ကားပြီး ပွဲတော်ရဲ့အဓိကပြယုဂ်ကတော့ ရေခဲရုပ်ထုတွေပါပဲ။ ကမ္ဘာတဝှမ်းလုံးက နိုင်ငံကိုယ်စားပြုအဖွဲ့တွေဟာ နှင်းပွဲတော်ကိုလာရောက်ပြီး ရေခဲတွေ၊ နှင်းတွေနဲ့ ပန်းပုရုပ်တွေကို ပြုလုပ်ဖန်တီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

၆။ တောတောင်ရှုခင်းတွေ

play
 

ရေခဲမှုန်လေးတွေပါတဲ့ တိမ်တိုက်တွေ၊ မြူမှုန်တွေနဲ့ လွှမ်းခြုံထားတဲ့ တောတောင်ရှုခင်းတွေဟာလည်း ဂျပန်ပြည်ရဲ့ အလှတရား တစ်ခုပါပဲ။ အဲဒီထဲမှာ ဖူဂျီတောင်လည်း အဓိကနေရာက ပါဝင်တာပေါ့။ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နှင်းထုကြားမှာ တောပိုင်းတွေမှာ လမ်းလျှောက်ခြင်းက သဘာဝအလှအပတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခံစားရစေနိုင်ပြီး ဂျပန်ပြည်ရဲ့အလှစစ်ကို ပုံဖော်ပြသနေတဲ့ တောတောင်ရှုခင်းတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Source: theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video