AD
AD
AD

ကမ္ဘာကြီးပေါ်မှာ ထူးဆန်းထွေလာဖြစ်ရပ်တွေ၊ အကြောင်းအရာတွေ အများကြီးနဲ့ ပြည့်နှက်နေပါတယ်။ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အရာတွေလည်း ပြောမကုန်အောင်ကို တည်ရှိနေတာပါ။ ဒီတစ်ခါတော့ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံလေးတွေ သိရှီစေဖို့ တင်ပြပေးလိုက်ပါတယ်။ အဲဒီ နိုင်ငံလေးတွေ ဘယ်လိုတွေ ရပ်တည်နေတယ်၊ သူတို့ရဲ့ ပတ်ဝန်းကျင်က ဘယ်လိုမျိုးတွေ ရှီနေသလဲဆိုတာကို ဗဟုသုတရစေဖို့ပါ။ တချို့နိုင်ငံလေးတွေဆိုရင် လူဦးရေတစ်ထောင်တောင် မပြည့်ပဲနဲ့ တည်ရှိနေတာဖြစ်ပြီးတော့ သူတို့ရဲ့ ရပ်တည်နေနိုင်မှုတွေက အံ့သြဖွယ်ရာပါပဲ။

၁။ Vatican City

play
 

ဗာတီကန်စီးတီးကတော့ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံလေးတစ်ခုပါပဲ။ ဗာတီကန်စီးတီးဟာ အီတလီနိုင်ငံအတွင်းမှာ တည်ရှိပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခုအဖြစ် ရပ်တည်လို့နေပါတယ်။ ရောမမြို့ကြီးရဲ့ အလယ်မှာ တည်ရှိနေတဲ့ ဗာတီကန်စီးတီးရဲ့ အကျယ်အ၀န်းကတော့ 0.44 square kilometers ပဲရှိပါတယ်။ ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံဖြစ်နေပေမယ့်လည်း ကမ္ဘာ့အကြီးမားဆုံး ဘုရားကျောင်းကြီးကိုတော့ ဗာတီကန်နိုင်ငံ ပိုင်ဆိုင်လို့ နေပါသေးတယ်။ စိန့်ပီတာဘုရားကျောင်း၊ ဗာတီကန်ပြတိုက်တို့က ဗာတီကန်နိုင်ငံရဲ့ အကျော်ကြားဆုံးသော အရာတွေပါ။ ပုပ်ရဟန်းမင်းကြီး အုပ်ချုပ်တဲ့ နိုင်ငံဖြစ်တာမို့လည်း ကမ္ဘာပေါ်မှာ စိတ်ဝင်စားအခံရဆုံး နိုင်ငံလေးလည်းဖြစ်ပါတယ်။ ဗာတီကန်နိုင်ငံရဲ့ လူဦးရေတော့ ၈၀၀ ကျော်မျှသာ ရှိပါတယ်။ ထူးခြားချက်ကတော့ ကြေးစားစစ်သားများနဲ့ စစ်တပ်ဖွဲ့စည်းထားခြင်းပဲ ဖြစ်ပြီးတော့ နိုင်ငံငယ်လေးဆိုပေမယ့် ကိုယ်ပိုင်စစ်တပ်နဲ့ စနစ်တကျ ဖွဲ့စည်းထားတာမို့ အထင်သေးလို့ မရပါဘူး။ UNESCO ရဲ့ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် တစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

၂။ Monaco

play
 

ဥရောပရဲ့ အနောက်ခြမ်းမှာ တည်ရှိနေတဲ့ မိုနာကိုနိုင်ငံကတော့ ကမ္ဘာ့ဒုတိယအသေးသုံး နိုင်ငံပါပဲ။ 2 square kilometers ပဲ ကျယ်ဝန်းတဲ့ မိုနာကိုဟာ လူဦးရေ ၃သောင်းကျော် နေထိုင်တာမို့လို့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး နိုင်ငံလည်း ဖြစ်နေပါသေးတယ်။ Grimaldi မိသားစု အုပ်ချုပ်တဲ့ မိုနာကိုနိုင်ငံဟာ လွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိထားတဲ့ နိုင်ငံတစ်ဖြစ်လဲ မြို့တစ်မြို့ပါပဲ။ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းမှာ ထိပ်တန်းက ပါဝင်နေတဲ့ မိုနာကိုရဲ့ GDP ကတော့ ဒေါ်လာ ၆.၇ ဘီလီယံထိ ရှိနေပါတယ်။ ၀င်ငွေခွန် နဲ့ လုပ်ငန်းအသေးစားလေးတွေ အတွက် အခွန်ပေးဆောင်စရာ မလိုတဲ့ အကြောင်းရင်းကတော့ Monte Carlo ကာစီနိုလောင်းကစားရုံက ၀င်ငွေအမြောက်အမြား ရရှိနေလို့ပါပဲ။ တခြားအကြောင်းအရင်းတစ်ခုကတော့ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့ မိုနာကိုဂရင်းပရီပြိုင်ပွဲကလည်း မိုနာကိုရဲ့ ဆွဲဆောင်မှုအရှိဆုံး အားကစားပြိုင်ပွဲတစ်ခုအဖြစ် ရှိနေလို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုနာကိုနိုင်ငံကို မင်းသားကြီး Albert II က အုပ်ချုပ်နေပါတယ်။

၃။ Nauru

play
 

အလွန်သေးငယ်တဲ့ ကျွန်းစုနိုင်ငံလေး Nauru နိုင်ငံဟာ သြစကြေးလျနိုင်ငံရဲ့ မြောက်ဖက်ပိုင်းမှာ တည်ရှိနေပါတယ်။ လူဦးရေ တစ်သောင်းကျော်ပဲ ရှိတဲ့ ကျွန်းစုနိုင်ငံလေးဟာ သန္တာကျောက်တန်းတွေ၊ အဖြူရောင်သဲသောင်ပြင်နဲ့ အုန်းပင်တွေနဲ့ ပြည့်နှက်နေပါတယ်။ 21 square kilometers ကျယ်ဝန်းပြီးတော့ အုန်းသီးက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ၊ offshore Banking, phosphate mining တွေက Nauru နိုင်ငံရဲ့ အဓိက အလုပ်အကိုင်တွေဖြစ်ပါတယ်။

၎။ Tuvalu

play
 

26 square kilometers ပဲ ကျယ်ဝန်းတဲ့ Tuvalu နိုင်ငံဟာ ရေငန်အိုင်သန္တာကျောက်ကျွန်းရှိတဲ့ နိုင်ငံတွေထဲမှာ အပါအ၀င်ပါ။ ပစိဖိတ်သမုဒ္ဒရာရဲ့ အနောက်ပိုင်းမှာ တည်ရှိပြီးတော့ လူဦးရေ ၁၁၀၀၀ ၀န်းကျင် နေထိုင်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးနိုင်ငံပြီးတော့  ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၄.၅ မီတာရှိတဲ့ နိုင်ငံလေးပါ။ နိုင်ငံတွင်းမှာဆိုရင် လေဆိပ်တစ်ခုရှိပြီးတော့ Funafuti သန္တာကျောက်ကျွန်းမှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

၅။ San Marino

play
 

ဥရောပရဲ့ တတိယမြောက်အသေးငယ်ဆုံး နိုင်ငံကတော့ ဆန်မာရီနိုပဲဖြစ်ပါတယ်။ ဆန်မာရီနိုနိုင်ငံရဲ့ ဘေးမှာ အီတလီနိုင်ငံ ရှိနေပြီး AD ၃၀၁ ကတည်းက တည်ရှိနေခဲ့တာလို့ ဆိုပါတယ်။ လူဦးရေ ၃သောင်းကျော် ရှိပြီးတော့ နိုင်ငံရဲ့ မြို့တော်ကလည်း ဆန်မာရီနိုပဲ ဖြစ်ပါတယ်။ နိုင်ငံသေးငယ်ပေမယ့်လည်း  ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ စာရင်းထဲမှာ ပါဝင်နေပြီး အထည်အလိပ်လုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နဲ့ ဘဏ်လုပ်ငန်းတွေက နိုင်ငံရဲ့ အသက်သွေးကြောအဖြစ် တည်ရှိနေပါတယ်။

၆။ Liechtenstein

play
 

သြစတီးယားနဲ့ဆွစ်ဇာလန်တို့ကြားထဲမှာ တည်ရှိနေတဲ့ တောင်ပေါ်နိုင်ငံလေးက လက်ချင်စတိန်းနိုင်ငံပဲ ဖြစ်ပါတယ်။ လက်ချင်စတိန်း နိုင်ငံဟာလည်း ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်ပြီးတော့ အလုပ်လက်မဲ့ဦးရေ မရှိသလောက် ရှားပါးတာကြောင့် နိုင်ငံသားတစ်ဦးရဲ့ ၀င်ငွေဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ထိ ရှိနေပါတယ်။ လူဦးရေး ၃သောင်းကျော်လောက်ပဲ နေထိုင်ပြီးတော့ အေးချမ်းငြိမ်သက်တဲ့ နိုင်ငံငယ်လေးတစ်ခုပါပဲ။

၇။ Marshal Islands

play
 

ကျွန်းစုအကြီး ၁၀၀ ကျော်နဲ့ ကျွန်းစုငယ်လေးပေါင်း ၁၀၀၀ ကျော် ပါဝင်နေတဲ့ Marshal ကျွန်းစုနိုင်ငံလေးမှာတော့ လူဦးရေ ၇သောင်းနီးပါးခန့် နေထိုင်ကြပါတယ်။ စပိန်၊ ဂျာမနီ၊ ဂျပန်၊ အင်္ဂလန် နဲ့ အမေရိကန်တို့ရဲ့ ကိုလိုနီ လက်အောက်ခံအဖြစ် နှစ်ပေါင်း လေးရာကျော် ရှိနေခဲ့ရပြီးနောက်မှာတော့ Marshal ကျွန်းစုနိုင်ငံလေးဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နီုင်ငံအဖြစ် ရပ်တည်နေနိုင်ပြိ ဖြစ်ပါတယ်။

၈။ Saint Kitts and Nevis

play
 

ရင်သပ်ရှူမောဖွယ်ရာ လှပတဲ့ ကျွန်းစု (၂)ခု နဲ့ ကာရစ်ဘီယံဒေသမှာ တည်ရှိနေတဲ့ Saint Kitts and Nevis နိုင်ငံလေးဟာ ခရစ္စတိုဖာကိုလံဘတ် ပထမဆုံးရှာတွေ့ခဲ့တဲ့ ကျွန်းစုနိုင်ငံလေးဖြစ်ပါတယ်တဲ့။ အင်္ဂလိပ်နဲ့ပြင်သစ်တို့ရဲ့ လက်အောက်ကို မကြာခဏ ကိုလိုနီလက်အောက်ခံအဖြစ် ကျရောက်ခဲ့ပြီးတော့  ၁၉၈၃ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့ Saint Kitts and Nevis ကျွန်းစုနိုင်ငံဟာ ၂၆၁ square kilometers ကျယ်ဝန်းပြီး လူဦးရေး ငါးသောင်းကျော် နေထိုင်ပါတယ်။ သန့်ရှင်းကြည်လင်တဲ့ ကမ်းခြေတွေကြောင့် နာမည်ကျော်ကြားပြီးတော့ အစိမ်းရောင်သမ်းနေတဲ့ မြစ်ဝှမ်းဒေသလည်း ပိုင်ဆိုင်ထားပါတယ်။ ရာသီဥတု ညီညွှတ်မျှတပြီး သကြားထုတ်လုပ်မှု၊ ခရီးသွားဝန်ဆောင်မှုတို့နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေထိုင်တဲ့ နိုင်ငံလေး တစ်ခုပါ။

၉။ Maldives

play
 

အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းစုပေါင်း တစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံက မော်လ်ဒိုက်စ်ပဲဖြစ်ပါတယ်။ လူဦးရေသုံးသိန်းကျော် နေထိုင်ပြီးတော့ ဘီစီငါးရာစုကတည်းက နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပေါ်တူဂီ၊ ဒတ်ခ်ျ၊ ဗြိတိန်အင်ပါယာတို့ရဲ့ လက်အောက်ခံဖြစ်ခဲ့ဖူးပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁.၅ မီတာပဲ ရှိတာက စိုးရိမ်စရာအဖြစ် ရှိနေပြီးတော့ ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ မော်လ်ဒိုက်စ်ကျွန်းစုငယ်လေးတွေဟာ ရေတိုက်စားမှုဒဏ်ကို ခံစားနေရပါတယ်။  တချိန်တည်းမှာပဲ သဲသောင်ပြင်တွေ၊ ကမ်းခြေတွေ နဲ့ စိမ်းပြာရောင်သမ်းနေတဲ့ ရေတွေက မော်လ်ဒိုက်စ်ကို ကမ္ဘာ့အလှပဆုံး နဲ့ ခရီးသွားတွေ အလာရောက်ဆုံး နိုင်ငံအဖြစ်ကို တွန်းပို့ပေးနိုင်ခဲ့ပါပြီ။

၁၀။ Malta

play
 

Mediterranean ပင်လယ်အတွင်းမှာ တည်ရှိနေတဲ့ ကျွန်းစုနိုင်ငံလေးပဲ ဖြစ်ပါတယ်။ ဧရိယာ ၃၁၆ square kilometers ကျယ်ဝန်းပြီး အဓိက ကျွန်းစုကြီး (၃)ခုနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးက မော်လ်တာနိုင်ငံပါ။ ကမ္ဘာ့လူဦးရေးအထူထပ်ဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံရဲ့ လူဦးရေက လေးသိန်းကျော်ရှိပါတယ်။ ရှေးကျတဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းကြီး (၇)ကျောင်း ရှိပြီးတော့ နိုင်ငံအများအပြားရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရဖူးပါတယ်။ အင်္ဂလိပ်စကားနဲ့ မော်လ်တာစကားကို အဓိကထား ပြောဆိုပြီးတော့ လှပတဲ့ ကမ်းခြေတွေက မော်လ်တာနိုင်ငံကို နှစ်စဉ် ခရီးသည် တစ်ဘီလျံအထိ လာရောက်လည်ပတ်နိုင်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။

Source: themysteriousworld

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD