AD
AD
AD

ကျွန်တော်တို့ရဲ့ငယ်ဘဝကို ပြီးပြည့်စုံအောင် လုပ်ဖူးတဲ့ စိတ်ကူးယဉ်ကမ္ဘာလေးတွေ ကိုယ်စီရှိကြမှာပါ။ ဥပမာ Lord of the rings Universe ထဲက စိတ်ကူးယဉ်ကမ္ဘာတို့၊ Star Wars Universe ထဲက စိတ်ကူးယဉ်နေရာတို့၊ Harry Potter Universe ထဲက စိတ်ကူးယဉ်မှော်ကမ္ဘာတို့ စသဖြင့် အသီးသီးရှိကြပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး စီးရီးထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး စာရေးဆရာမဖြစ်သူ J.K.Rowling ကို စာအုပ်ရေးသားခြင်းဖြင့် ဘီလျံနာဘဝရောက်စေခဲ့တဲ့ ဟယ်ရီပေါ်တာစီးရီးထဲက မှော်ကမ္ဘာကတော့ ကမ္ဘာတဝှမ်းလုံးက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါလိမ့်မယ်။ ငယ်ငယ်က ဟယ်ရီပေါ်တာဖန်ဖြစ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီနေရာတွေကိုတော့ ရောက်ဖူးအောင် သွားကြည့်သင့်ပါတယ်။

၁။ Alnwick ရဲတိုက် (အင်္ဂလန်)

play
 

ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲမှာ ဟယ်ရီပေါ်တာနဲ့ သူ့အတန်းဖော်တွေ ပထမဦးဆုံးအကြိမ် မိုးပျံတံမြက်စည်း လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့တာဟာ အင်္ဂလန်နိုင်ငံက Alnwick ရဲတိုက်ရှေ့မှာပါ။ အဲဒီရဲတိုက်ကြီးဟာ သမိုင်းဝင်အဆောက်အဦးကြီးဖြစ်ပြီး ၁၀၀၀ ပြည့်နှစ်တွေထဲက ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။

၂။ The Elephant House ကော်ဖီဆိုင် (စကော့တလန်)

play
 

ဟယ်ရီပေါ်တာစီးရီးကို ဖန်တီးသူ စာရေးဆရာမ  J.K. Rowling ဟာ စာအုပ်ကိုစတင်ရေးသားစဉ်က ဘဏ္ဍာရေးအခက်အခဲတွေကို ရင်ဆိုင်နေရတဲ့ တစ်ခုလပ်အမေတစ်ဦး ဖြစ်ပါတယ်။ သူမဟာ စကော့တလန်နိုင်ငံ၊ အီဒင်ဘာ့ဒ်မြို့လည်ခေါင်က The Elephant House ဆိုတဲ့ ကော်ဖီဆိုင်မှာ အချိန်အကြာကြီးထိုင်ပြီး ကျွန်တော်တို့တွေ ချစ်မြတ်နိုးရတဲ့ မှော်ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပါတယ်။

ကမ္ဘာတဝှမ်းလုံးက ဟယ်ရီပေါ်တာ စီးရီးချစ်သူတွေဟာ ဒီကော်ဖီဆိုင်ရဲ့အိမ်သာနံရံပေါ်မှာ အချင်းချင်းအပြန်အလှန် စာတိုလေးတွေ ရေးသားသွားကြပါတယ်။ နွေးထွေးတဲ့ ဒီကော်ဖီဆိုင်လေးထဲမှာ ထိုင်ရင်း Potterheads (ဟယ်ရီပေါ်တာဖန်) အသိုင်းအဝိုင်းရဲ့ အငွေ့အသက်ကို ခိုလှုံရတာလည်း အကြံကောင်းတစ်ခုပါပဲ။

၃။ Leadenhall ဈေးတန်း (အင်္ဂလန်)

play
 

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က Leadenhall ဈေးတန်းဟာ ဟယ်ရီပေါ်တာစီးရီးထဲက မှော်လောကမှာ အထင်ရှားဆုံးနေရာ တစ်နေရာဖြစ်တဲ့ ဒိုင်ယာဂွန်အယ်လီ (Diagon Alley) ကိုဖြစ်လာစေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလမ်းထဲမှာ ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာပါဝင်ခဲ့တဲ့ Leaky Cauldron ဆိုင်ကိုတောင် တွြေ့မင်နိုင်ပါသေးတယ်။

၎။ The Jacobite ရထား (စကော့တလန်)

play
 

ကျောင်းရထားကိုစီးပြီး ဟော့ဂ်ဝပ်ကျောင်းကို ကျောင်းတက်ဖို့ သွားနေသလို ခံစားကြည့်ချင်တယ်ဆိုရင်တော့ စကော့တလန်နိုင်ငံ Fort William မှ Mallaig ထိ ပြေးဆွဲတဲ့ Jacobite ရေနွေးငွေ့ရထားကို စီးဆင်းကြည့်နိုင်ပါတယ်။ လမ်းခရီးတလျှောက်မှာ စကော့တလန်နိုင်ငံရဲ့ တောတောင်အလှအပတွေကို ခံစားနိုင်သလို ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ ပါဝင်တဲ့ ဟော့ဂ်ဝပ် ကျောင်းရထား အပြင်ဘက်က ရှုခင်းတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဟော့ဂ်ဝပ်ကျောင်းရထား ပေါ်မှာလိုတော့ ရွှေဖရုံသီးမုန့်တွေနဲ့ ချောကလက်ဖားတွေကိုတော့ စားလို့မရဘူးပေါ့နော်။

၅။ Black ပန်းခြံ (အင်္ဂလန်)

play
 

ဟယ်ရီပေါ်တာလိုပဲ စွန့်စားရတာကို ဝါသနာထုံသူတွေဆိုရင်တော့ ညဘက်ကြီး တားမြစ်သစ်တောထဲကို ခိုးဝင်ချင်တဲ့ အိမ်မက်တွေ ငယ်စဉ်က ရှိခဲ့ဖူးမှာပါပဲ။ ဒါဆိုရင်တော့ ငယ်ဘဝအိမ်မက်တွေကို အင်္ဂလန်နိုင်ငံက Black ပန်းခြံထဲကို ညအချိန်ဝင်ကြည့်နိုင်ပါပြီ။ ဟယ်ရီပေါ်တာရုပ်ရှင်ကားထဲက တားမြစ်သစ်တော ရိုက်ကွင်းအဖြစ် အသုံးပြုခဲ့တယ်ဆိုပေမယ့် Black ပန်းခြံထဲမှာ စင်တောန်တွေ၊ ဂျိုတစ်ချောင်း သတ္တဝါတွေ၊ ဧရာမပင့်ကူကြီးတွေ မပါရှိပါဘူး။

၆။ Czocha ရဲတိုက် (ပိုလန်)

 

ငယ်စဉ်တောင်ကျေး ကလေးဘဝတုန်းက ဟော့ဂ်ဝပ်ကျောင်းကပို့မယ့် ဇီးကွက်စာကို မျှော်ဖူးပြီး မှော်လောကဆိုတာ ဘယ်လိုမျိုးလဲ သိချင်ခဲ့ဘူးမယ်ဆိုရင်တော့ ပိုလန်နိုင်ငံ Czocha ရဲတိုက်ထဲက College of Wizardry အတန်းကို တက်ချင်ကြမှာပါ။ လာရောက် လည်ပတ်သူတွေဟာ ပြင်ပကပရော်ဖက်ဆာတွေ သင်ပေးတဲ့ မှော်ပညာအတန်းတွေကို တက်ရောက်နိုင်ပြီး ညဘက်မှာလည်း ဟယ်ရီပေါ်တာ စီးရီးထဲက ဇာတ်ကွက်တွေကို ပြန်လည်သရုပ်ဖော်တဲ့ ပါတီပွဲတွေမှာ ပါဝင်ဆင်နွှဲနိုင်မှာပါ။

ဆက်လက်ဖော်ပြပါမည်။

Source: Popsugar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD