AD
AD
AD

Harry Potter စာအုပ်စီးရီးနဲ့ ရုပ်ရှင်စီးရီးတွေဟာ ကမ္ဘာပေါ်က ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဟယ်ရီပေါ်တာစီးရီးနဲ့ သူနဲ့ဆက်စပ်တဲ့ Franchise စီးရီးတွေဟာ ကမ္ဘာမှာယနေ့တိုင် အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက သက်တမ်းနှစ် (၂၀) ပြည့်ခဲ့ပြီဖြစ်တဲ့ ဟယ်ရီပေါ်တာစီးရီးရဲ့ ပရိသတ်တွေဟာလည်း အခုချိန်မှာ လူလတ်ပိုင်း အရွယ်ကို ရောက်နေကြပါပြီ။ ဟယ်ရီပေါ်တာဖန်တိုင်း အလည်အပတ်ရောက်ဖူးသင့်တဲ့ နေရာလေးတွေ ကမ္ဘာအနှံ့အပြားမှာ ရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ Georgian House ဟိုတယ် (အင်္ဂလန်)

တကယ်လို့ ခင်ဗျားဟာ ဂရစ်ဖင်ဒေါဟောက်စ်ရဲ့ ဖန်ဆိုရင်တော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က Georgian ဟိုတယ်ကို အလည်အပတ်သွားနိုင်ပါတယ်။ အဲဒီမှာ ဟယ်ရီပေါ်တာစီးရီးထဲက ဂရစ်ဖင်ဒေါတာဝါထဲက အိပ်ခန်းတွေပုံစံ အလှဆင်ထားတဲ့ အခန်းတစ်ခန်းကို ငှားရမ်းနိုင်မှာဖြစ်ပါတယ်။ အခန်းထဲမှာလည်း မှော်ဆေးကြိုအိုးတွေ၊ မှော်ဖတ်စာအုပ်တွေနဲ့ တခြားမှော်ပစ္စည်းတွေ အများကြီးကို ထားရှိပေးထားပါတယ်။ မှော်ဆန်တဲ့ညလေးတစ်ညမှာ အိပ်စက်ချင်သူတွေအတွက်တော့ သွားရောက်သင့်တဲ့ နေရာလေးတစ်ခုပါ။

၂။ ဟယ်ရီပေါ်တာမှော်ကမ္ဘာ (အမေရိကန်)

play
 

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က Universal Studios မှာ ဟယ်ရီပေါ်တာဖန်တွေအတွက် ဟယ်ရီပေါ်တာမှော်ကမ္ဘာကို ဆောက်လုပ်ပေးထားပါတယ်။ ခင်ဗျားဘယ်အရွယ်ပဲရောက်နေပါစေ... အဲဒါထဲရောက်သွားရင်တော့ ငယ်မူငယ်သွေးပြန်လာသလို ခံစားရမှာဖြစ်ပါတယ်။ နာမည်ကျော် Diagon Alley နဲ့ Hogsmeade ရွာတို့ကို သွားရောက်လေ့လာနိုင်သလို မှော်ကြိမ်လုံးရွေးပွဲတို့၊ ထောပတ်ဘီယာသောက်ပွဲတို့ကိုလည်း ပါဝင်ဆင်နွှဲနိုင်ပါတယ်။

၃။ ကင်းခရော့စ်ဘူတာ (အင်္ဂလန်)

play
 

လန်ဒန်မြို့ကိုရောက်ပြီးမှတော့ ကင်းခရော့စ်ဘူတာရုံက နာမည်ကျော် ပလက်ဖောင်းနံပါတ် ၉ ၃/၄ ကို သွားမကြည့်တဲ့သူကို ပေါ်တာဖန်မစစ်ဘူးလို့ပဲ ခေါ်ရမလား။ တကယ်တော့ ကင်းခရော့စ်ဘူတာဟာ ဟယ်ရီပေါ်တာ ချစ်သူတွေအတွက်တော့ အလွန်အရေးကြီးတဲ့ အထိန်းအမှတ်နေရာပါ။ တကယ်တော့ ပလက်ဖောင်းနံပါတ် ၉ ၃/၄ ဆိုတာ ဟယ်ရီပေါ်တာစီးရီးထဲက မတ်ဂေါ်လောက (သာမန်လောက) နဲ့ မှော်လောကကိုခြားနားတဲ့ စည်းမျဉ်းပါ။ ကင်းခရော့စ်ဘူတာရုံမှာ ပလက်ဖောင်းနံပါတ် ၉ ၃/၄ တစ်ခုကို တွန်းလှည်းတစ်ခုနဲ့အတူ ပြုလုပ်ပေးထားတဲ့အတွက် ကမ္ဘာတဝှမ်းလုံးက ဟယ်ရီပေါ်တာချစ်သူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ရတာပေါ့။

၎။ Bodleian စာကြည့်တိုက်

play
 

ဟယ်ရီပေါ်တာ ရုပ်ရှင်ကားထဲက ဟော့ဂ်ဝပ်စာကြည့်တိုက် ရိုက်ကွင်းတွေဟာ Oxford တက္ကသိုလ်က Bodleian စာကြည့်တိုက်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဖတ်စရာစာအုပ်ပေါင်းစုံနဲ့ စုံလင်တဲ့အတွက် Hermione တောင်မှ လက်တွေ့ဘဝထဲက ဟော့ဂ်ဝပ်စာကြည့်တိုက်ကို နှစ်ခြိုက်မိမှာပါ။

၅။ Christ ချာ့ခ်ျကျောင်း (Oxford)

ဟယ်ရီပေါ်တာရုပ်ရှင်ထဲက ရဲတိုက်ပြကွက်တွေကို Oxford တက္ကသိုလ်မှာ ရိုက်ကူးခဲ့တဲ့အပြင် Christ ချာ့ခ်ျကျောင်းရဲ့ ကြီးမားတဲ့ အတွင်းပိုင်း အပြင်အဆင်ကိုလည်း ဟော့ဂ်ဝပ်ကျောင်းက မဟာခန်းမဆောင်ကြီး (Great Hall) အတွက် ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။ အဆောင်အလိုက် ကျွေးတဲ့ညစာစားပွဲတွေ မပါပေမယ့် ချာ့ခ်ျကျောင်းထဲမှာထိုင်ရင်း ဟယ်ရီပေါ်တာတို့ရဲ့ ကျောင်းသားဘဝကို ထိုင်စိတ်ကူးယဉ်ရတာကိုက ပေါ်တာဖန်တွေအတွက်တော့ စိတ်ကျေနပ်မှုရစေမှာပါ။

၆။ Quidditch ကမ္ဘာ့ဖလား (တောင်ကယ်ရိုလိုင်းနား)

play
 

ဟယ်ရီပေါ်တာစီးရီးထဲက မှော်ဆရာတွေရဲ့အသည်းစွဲ အားကစားတစ်မျိုးဖြစ်တဲ့ Quidditch ကစားနည်းဟာ အခုဆိုရင် ပြင်ပလောကမှာပါ တကယ့်အားကစားတစ်မျိုး ဖြစ်နေပါပြီ။ Quidditch အားကစားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲပါရှိပြီး ကမ္ဘာတဝှမ်းက ကစားသမားတွေနဲ့ ပရိတ်သတ်တွေ တက်ရောက်ကြည့်ရှု အားပေးကြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဧပြီလတုန်းက Rock Hill, SC မှာ ကျင်းပပြုလုပ်ခဲ့တဲ့ US Quidditch ကမ္ဘာ့ဖလားလုပွဲမှာတုန်းကဆိုရင် ကမ္ဘာတဝှမ်းက ဟယ်ရီပေါ်တာ ပရိသတ်တွေ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။

Source: popsugar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD